AFFL 18

226 27 0
                                    

အပိုင်း (18)

"P'Tar.."

"အင်း..မင်းဘာလို့လာလဲ ငါသိတယ်"

"P'..သိတယ်လား?"

ထိုအချိန် တံခါးခေါက်သံကြောင့် P'Tar ရဲ့ '၀င်ခဲ့ပါ' ဆိုတဲ့ ခွင့်ပြုချက်နဲ့အတူ မြင်လိုက်ရတာက

"Tin.."

မထင်မှတ်ထားတဲ့လူကို မြင်လိုက်ရလို့ Perth ရုတ်တရက် အသံထွက်ကာခေါ်မိတယ်…။

"Tin ကို P'ခေါ်ထားတာ.. လာ Tin..ထိုင်"

"ဘာလို့..Tin ကိုပါခေါ်ထားတာလဲ?..P'.."

"မင်းသိပါလိမ့်မယ်.. အခု မင်းဘာဖြစ်လာလဲ? အရင်ပြော"

"P' .. Saint သောက်တဲ့ဆေးတွေ တချက်ကြည့်ပေးပါလား? အဲ့ဆေးတွေကို သူက မွေ့ယာအောက်မှာ ဖွက်ပြီးသောက်တယ် P'.. သူ ဘာလို့ ကျွန်တော့်ကို မသိစေချင်တာလဲ? ဘာဖြစ်နေလို့လဲ? ကျွန်တော် သိချင်လို့ ဆေးကို ဓါတ်ပုံရိုက်ယူလာခဲ့တယ်..P' ကြည့်ပေးပါ."

ဖုန်းထဲက ဆေးတွေကို P'Tar က တချက်သာကြည့်ပြီး ကျွန်တော့်ဆီကို ဖုန်းပြန်ထိုးပေးရင်း…

"ဒီဆေးနဲ့ပတ်သက်ပြီး အသေးစိတ်သိချင်ရင်တော့ ခဏနေ မင်း ငါ့သူငယ်ချင်း ဆရာဝန်ဆီမေးရလိမ့်မယ်..ငါ ကြိုပြောထားပြီးပြီ.. သူ ရောက်လာလိမ့်မယ်"

P'Tarရဲ့ စကားအဆုံးမှာ အခန်းထဲဝင်လာတဲ့ လူတစ်ယောက် က

"Sorry ..Tar .. ငါနောက်ကျသွားတယ်"

"ရတယ်.. Jon...Perth ဒါက Jonathan..."

"မင်္ဂလာပါ ..P' Jon.."

Perth နဲ့ အတူ Tin ကပါ လက်အုပ်ချီ အရိုအသေပေးတာမို့

"မင်္ဂလာပါ..N' Perth... မင်္ဂလာပါ N' Tin"

Tin နဲ့ပါ သိနေလို့ ဘယ်လိုသိကြတာလဲ? Saint နဲ့ ဘာပတ် သက်လို့လဲ? မေးချင်ပေမဲ့ စိတ်ရှည်ရှည်ထားပြီး စောင့်နေလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်…။

အားလုံးနေရာယူထိုင်ပြီးချိန်မှာ P'Tar က

"Perth မင်းဖုန်းထဲကဆေး .. Jon ကို ပြလိုက်"
ဖုန်းလေးဖွင့်ပြီးဆေးကို P' Jon ကို ပြလိုက်တုန်းမှာ

"Perth .. Jon က လိင်ပြောင်းလဲခွဲစိတ်ဆရာဝန်ပါ.."

"ဗျာ.."

Fake Love (S1) & Away From Fake Love (S2) {Complete}Where stories live. Discover now