17

495 35 0
                                    

အပိုင်း (17)

နိုးလာချိန် သတိထားမိတာက ခန္ဓာကိုယ်ပေါ်အဝတ်ကင်းမဲ့စွာနဲ့ ချစ်ရသူရင်ခွင်ထဲ ရောက်နေတဲ့ မနက်ခင်းလေး…
မော့ကြည့်မိတော့ ပြုံးပြုံးလေး ငုံ့ကြည့်နေတဲ့ Ae ရဲ့မျက်နှာလေး
ရှက်လွန်းလို့ အကြည့်လွှဲလိုက်တော့ နဖူးလေးပေါ် သက်ဆင်း လာတဲ့ အနမ်းဖြူဖြူလေးတစ်ပွင့်…

ဒီလိုအချိန်မျိုးထက် လှပတဲ့အရာ ရှိနိုင်ပါ့ဦးမလား??

"နိုးပြီလား Baby"

"ဟုတ်ကဲ့ Ae.. ကျွန်တော်နိုးပြီ"

ချက်ချင်းဆတ်ခနဲထကာ ကျွန်တော့်ရင်ဘတ်ပေါ် ဝမ်းလျား မှောက် မျက်မှောင်ကျုံ့ပြီး မျက်နှာချင်းဆိုင် ကြည့်လာတဲ့ Ae ကို

"ဘာဖြစ်လို့ လဲ Ae"

"ဘာလို့  Ae လို့ ခေါ်တာလဲ"

"ဟင်... Ae နာမည်လေ.. အဲဒါ"

"ကိုကိုလို့ခေါ်"

"အာ...Ae ကလဲ"

"မခေါ်ဘူးလား.. ပြော.. မခေါ်ဘူးပေါ့.."

"အာ...Ae ကလိမထိုးနဲ့.. ယားတယ်.. Ae"

ခါးကို ကလိထိုးလို့ တွန့်လိမ်နေတာလေးက ချစ်စရာမို့ Perth ဆက်စနေမိတယ်…။

"မခေါ်နဲ့လေ..ဆက်ကလိထိုးမှာပဲ ဟားဟား "

"Ae..တော်တော့.. ကျွန်တော်မောနေပြီ.. Ae နော်.."

"....."

"Ae... တော်ပါတော့ဆို... ယားတယ်...Ae..."

"....."

"ကိုကို... တော်တော့လို့ ပြောနေတယ်..  စိတ်ကောက်မှာနော်"

နှုတ်ခမ်းလေးစူကာ ကိုကိုလို့ ခေါ်ရင်း ပြောလိုက်တဲ့ စကား ကြောင့် Perth စတာကို ရပ်လိုက်တယ်…။

"ကိုကို. မင်းကို အရမ်းချစ်တယ် Saint"

"Saint လည်း ကိုကို့ကို အရမ်းချစ်တယ်"

"Perth နဲ့ ကိုကို ဘယ်သူ့ကိုပိုချစ်လဲ"

"အာ.. ကိုကိုကလဲ.. အဲလို မနှိုင်းယှဉ်နဲ့လေ. Perth က Saint ကျေးဇူးရှင်တွေရဲ့ သားအရင်းလေ.. ပြီးတော့ Saint ကြောင့် မိဘစုံစုံနဲ့ မနေခဲ့ရတာလေ.. ကိုကိုလည်း Saint ကို ချစ်တယ်ဆို Perth ကိုပြန်တွေ့ တဲ့အခါ အလျော့ပေးသည်းခံပေးနော်.. Perth ရဲ့  ဖေဖေကြောင့် Saint က အခုလိုနေနိုင်တာလေနော်... နောက်ဆို အဲလို မနှိုင်းယှဉ်နဲ့လေ နော်"

Fake Love (S1) & Away From Fake Love (S2) {Complete}Where stories live. Discover now