12

504 35 0
                                    

အပိုင်း (12)

"Ae..  ကျွန်တော် ဖေဖေ့အခန်းမှာ အိပ်ရာပြင်ပေးထားတယ်"

"ငါ ဒီမှာ အိပ်မယ်"

Saint ရဲ့ကုတင်ပေါ်က ခေါင်းအုံးတစ်လုံးယူပြီး အခန်းရဲ့ထောင့် တစ်နေရာက ဆိုဖာပေါ် ပစ်တင်ပြီး ပြောလိုက်တယ်..။

"Ae...  အဲ့မှာအိပ်လို့ သက်တောင့်သက်သာ ဘယ်ဖြစ်မလဲ"

"ရတယ် ငါ ဒီအခန်းထဲမှာပဲ အိပ်မယ်"

"ဒါဆိုလည်း ကုတင်ပေါ်မှာ လာအိပ်ပါ အကျယ်ကြီးပဲလေ"

ဘာလို့ခေါ်လိုက်မိလဲ တကယ် မတွေးတတ်ဖြစ်ခဲ့ရတယ်..။

တစ်ခါမှ ဘေးမှာလူတစ်ယောက်ထားလို့ မအိပ်စက်ခဲ့ဖူးပေမဲ့ Ae ကို ဘာကြောင့်ရယ်မသိ ရင်တွင်းယုံကြည်စိတ်က လွှမ်းမိုးတယ်..။

တကယ်ဆို သိခွင့်ရတဲ့ ကာလအပိုင်းအခြားက တိုတောင်းလွန်း လို့ သူစိမ်းတစ်ယောက်လို့ ပြောနိုင်သလို အကြွင်းမဲ့ယုံကြည်မှုလည်း မထားသင့်သေးမှန်း နားလည်တယ်..။

ရှေ့နေတစ်ယောက်ဖြစ်ပါလျက် သူစိမ်းသာသာ လူတစ်ယောက် အပေါ် ပြည့်ဝစွာယုံကြည်နေမိခြင်းသည် Saint ရဲ့မသိစိတ်က တောင်းတ မှုလား သို့မဟုတ် ဖြူစင်လွန်းတဲ့ Saint ရဲ့ ပင်ကိုယ်စိတ်ထား ကြောင့်ရယ် လားမသိနိုင်ပေမဲ့ Perth အတွက် ဒီအခြေအနေက အရမ်းအဆင်ပြေလွန်း တယ်..။

ရိုးသားဖြူစင်လွန်းသော Saint ကတော့ Perth ကို သံသယ မရှိစွာ ခင်မင်တွယ်တာနေခဲ့ပြီ..။

"ရတယ် မင်းအိပ်ရတာ မလွတ်လပ်ဖြစ်နေမယ်"

"ကျွန်တော် အဆင်ပြေပါတယ် သူငယ်ချင်း အချင်းချင်းအိပ်တာ ပဲ"

Perth တချက် တွေပြီးစဉ်းစားလိုက်ကာ…

"ကောင်းပြီ"

ခေါင်းအုံးကိုပြန်ယူလာပြီး ကုတင်ပေါ် ပြန်ထားလိုက်ကာ တဖက် လှည့်၍ ဝင်အိပ်လိုက်တယ်…။

***********

အမုန်းဆုံးလူတယောက်ကို ဘေးမှာထားပြီး ဘယ်လိုခံစားချက် နဲ့ စိတ်အေးလက်အေးအိပ်ပျော်နိုင်ပါ့မလဲ…။

အ်ိပ်မောကျနေတဲ့ မျက်နှာက မှင်သက်ငေးမောရလောက်အောင် ချောမောလွန်းပေမဲ့ Perth အတွက်တော့ သဘောကျလွန်းလို့ တစိမ့်စိမ့် ကြည့်နေတာမဟုတ်ဘူး…။

Fake Love (S1) & Away From Fake Love (S2) {Complete}Where stories live. Discover now