AFFL 19

266 28 1
                                    

အပိုင်း (19)

အိမ်ပြန်လမ်းတို့က မြင်မြင်သမျှ အကျည်းတန်ရုပ်ဆိုးနေသလို အိမ်ပြန်ရောက်မှာ ကြောက်နေမိတယ်…။

Saint ကို မြင်ရင် ဘာလုပ်မိမလဲဆိုတာ မဝေခွဲနိုင်ဘူး

လိုက်လျောပေးရမှာလား? ငြင်းဆန်ရမှာလား?
'လိုက်လျောလိုက်ရင်ကောင်မလား' လို့ တွေးမိတိုင်း နားထဲ ကြားယောင်နေတာက P'Jon ရဲ့
'You might kill him' ဆိုတဲ့ စကားသံပဲ
ဘယ်လိုသတ္တိနဲ့ ကျွန်တော် လိုက်လျောနိုင်မှာလဲ…။

စတွေ့စဉ်ထဲက အခုချိန်ထိ Saint ကသာ ပေးဆပ်ခဲ့ရတာ…။

ဘ၀တလျှောက်လုံး ဘာဆိုဘာမှ ပြန်မပေးနိုင်ခဲ့တဲ့အပြင် အခု လို ဒုက္ခဆိုးတွေ ပေးမိတဲ့ ကျွန်တော်က Saint နဲ့ ထိုက်တန်ရဲ့ လား?

ကျွန်တော့်လိုကောင်ကရော Saint ရဲ့ပေးဆပ်မှုနဲ့ တန်ရဲ့ လား?

ေ၀၀ါးတဲ့အတွေးနဲ့တင် မဟုတ်ဘဲ ဝေ့၀ဲနေတဲ့ မျက်ရည်တို့ ကြောင့် အမြင်တို့ကလည်းေ၀၀ါးနေတယ်…။

နာကျင်တဲ့ခံစားချက်ကြောင့် ကျဆင်းလာတဲ့ မျက်ရည်တို့ကို လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းသုတ်ရင်း သတိကြီးစွာ ကားကို မောင်းနှင် နေရတယ်…။

မြင်မြင်သမျှ ပစ်တိုက်ဖြစ်ချင်တဲ့စိတ်တို့ကို ခက်ခဲစွာ ထိန်းချုပ် ရင်းပေါ့…။ လက်က ဒဏ်ရာတွေကို P' Tar ဆေးထည့်ပတ်တီးစည်းပေး တာ ကြောင့်ရော၊ ၀ိုင်းပြီး နားချဖြောင်းဖြနေကြတာရောကြောင့် အိမ်ပြန် ရောက်တဲ့အချိန်မှာ ဆိုင်တောင်ပိတ်နေပြီ…။

နောက်ကျရင်စိတ်ပူမှာစိုးရိမ်လို့ P'Tar ကို Saint ဆီ ဖုန်းဆက် ခိုင်းထားတာကြောင့်  Saint ကတော့ ညီအစ်ကိုတွေ စကားကောင်းနေ တယ်ပဲ ထင်နေမှာပေ့ါ…။

တကယ်မှာတော့ လူက ရူးမသွားရုံတကယ် သွေးပျက်နေတယ် ဆိုတာ Saint မသိရှာဘူး…။

အပေါ်ထပ်မတက်ခင် မြင်နေရတဲ့ စားဖိုခန်းထဲက မီးအလင်း ရောင်ကြောင့် Saint အလုပ်လုပ်နေတုန်းဆိုတာ သိလိုက်တယ်…။

ခြေလှမ်းတို့ကို Saint ရှိရာ ဦးတည်လိုက်ပြီး အခန်းဝလေးက နေ Saint လှုပ်ရှားမှုတိုင်းကို မျက်ဝန်းရှေ့မှာ ကွယ်နေတဲ့ မျက်ရည် ငွေ့တွေကြားက မက်မက်မောမောကြည့်နေမိတယ်…။

Fake Love (S1) & Away From Fake Love (S2) {Complete}Tahanan ng mga kuwento. Tumuklas ngayon