[၃၀] ရူးသွပ်နေသည့် လတ်လတ်ဆတ်ဆတ်အသားတုံးလေး။

3.8K 675 15
                                    

#Unicode

အခန်း(၃၀) ရူးသွပ်နေသည့် လတ်လတ်ဆတ်ဆတ်အသားတုံးလေး

သိုးငယ်ကလေးအဖြစ်ကနေ မီးခိုးရောင်ဝံပုလွေအဖြစ်သို့ သူ၏ပြောင်းလဲသွားမှုက အရမ်းကို ရုတ်တရက်ဆန်သွားတာကြောင့် ကျန်းရွှင်းယီတောင်မှ မှင်တက်သွားမိသည်။ သူသည် တကယ်တမ်းပြန်မတိုက်ခိုက်ခဲ့ပေမယ့်လို့ သူသည် တအံ့တသြသာ ကြည့်နေမိလေသည်။

သူတို့သည် မျက်လုံးချင်းဆုံသွားကြသည်။ ကျန်းရွှင်းယီက ချက်ချင်း မျက်လွှာချလိုက်ပေမယ့် ယွင်ရှဲ့ကတော့ မရှောင်တိမ်းပေ။
"ဘာလဲ။ မင်းကိုယ်မင်း တုဟိန်လို့ပြောပြီး ငါက လူမှားနေတယ်လို့ ပြောအုံးမလို့လား။ ကျန်းရွှင်းယီ၊ ငါဒါကို ဘယ်သူ့ကိုမှ မပြောရဲပေမယ့် မင်းက ဖုန်မုန့်အဖြစ်ပြောင်းသွားရင်တောင်မှ ငါမင်းကို မှတ်မိနေတုန်းပဲ။ မင်းရဲ့နှလုံးသားထဲမှာ ငါ့ကို သံသယရှိနေတုန်းပဲဆိုတာပဲ ငါသိတယ်။ ဒါကြောင့် ကျယ်ကျယ်သာ အော်ပြောလိုက်စမ်းပါ! မင်းက မင်းဘယ်သူလဲဆိုတာ သောက်ကျိုးနည်း ဝန်မခံရဲပဲနဲ့ အသေးအမွှားကိစ္စလေးတွေကိုကျတော့ ငါနဲ့ ခေါင်းချင်းဆိုင်ပြီး ငြင်းဆန်တယ်နော်။ မင်း ဘာဖြစ်နေတာလဲ။ မင်းက ငယ်ငယ်ကတည်းက ဒီလိုပုံစံပဲ။ အမြဲတမ်းထူးဆန်းနေပြီးတော့ ဆိုးဝါးတဲ့အကျင့်ရှိတယ်။ တကယ်လို့ မင်းက ဒုက္ခရောက်နေရင်တောင်မှ မင်းရဲ့နှလုံးသားထဲမှာပဲ အဲ့ဒါကိုကြိတ်ခံနေပြီး မင်းအဆင်မပြေရင်တောင်မှ မင်းက ထုတ်မပြောလာဘူး။ မင်းမပြောရင်....မင်းမပြောရင် ငါက အဲ့အကြောင်းကို ဘယ်လိုလုပ်သိတော့မှာလဲ!"

သူ၏ပထမဆုံးစကားတစ်ဝက်သည် အလွန်အမင်းခြိမ်းခြောက်ရန်လိုသည့်အသွင်ဆောင်နေသောကြောင့် နားထောင်နေသော ကျန်းရွှင်းယီတောင်မှ မိန်းမောသွားမိသည်။ သို့ပေမယ့် သူသည် ဆက်ပြောနေရင်းဖြင့် တစ်စုံတစ်ခုကို တွေးတောမိတာကြောင့် ဖြစ်မိထင်ပါရဲ့။ သူ၏အသံသည် ငိုသံတစ်စွန်းတစ်စ စွက်လာလေသည်။ ကျန်းရွှင်းယီသည် သူ၏နီရဲနေသောမျက်လုံးများအား တအံ့တသြကြည့်မိလိုက်၏။: သူပြန်လည်မွေးဖွားလာပြီးနောက်မှာ ဒီလူက တကယ့်ကို အငိုသန်သည့်ကလေးလေးဖြစ်လာသည်ဆိုတာကို သူသိလိုက်ရသည်။ မည်သူကမျှ စကားလုံးတစ်လုံးပြောမိပြီးနောက်တွင် ယွင်ရှဲ့အား မျက်ရည်တစ်စက်ကျလောက်သည်အထိ ရန်မစရဲကြပေ။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now