39😍Unicode

1.2K 148 9
                                    

39😍

ဇွန်ထက်ပိုင်နဲ့နှင်းရတီတို့နှစ်ယောက် ကန်တင်းမှာ နေ့လယ်စာစားနေကြချိန် deliသမားလေးက ပန်းစည်းကြီးနဲ့ လက်ဆောင်ထုပ်တွေကိုင်ကာ အသံဗြဲကြီးနဲ့အော်ခေါ်သံကိုကြားလိုက်ရသည်။

"ကိုဇွန်ထက်ပိုင်က ဘယ်သူလဲခင်ဗျ။Suprise gifeပို့တာပါ...။"

deliလက်ထဲမှ ပစ္စည်းတွေမြင်လိုက်တာနဲ့ နှစ်ယောက်သား တန်းသိလိုက်သည်။

"ဟဲ့...မိပိုင်မ....နိချစ်ချစ်ရဲ့ ချော့တေးလေးပဲနေမှာ။အဟိ.,အဟိ...မိပိုင်တို့များကံကောင်းချက်။"

ရှက်လိုက်တာ....ဒီအဖိုးကြီးကတော့တွေ့မှ ထုသက်ပစ်မယ် ခေါင်းကို။

"နိဘိုးအေးကို ကံကောင်းလိုက်..။ရှက်လိုက်တာ ဟိုတစ်ခါထဲကကျောင်းကိုပန်းတွေမပို့ပါနဲ့ဆို....။"

ရှက်လွန်းလို့မျက်နှာတစ်ခုလုံးပူထူကာ ကြွင်းတူးပြီးမြုပ်လိုက်ချင်တော့သည်။

"အခုမှရှက်မနေနဲ့.......ဒီမှာအစ်ကို ...ဇွန်ထက်ပိုင်ဆိုတာသူပါ။"

မျက်နှာတစ်ခုလုံးရဲတွတ်နေတဲ့ပိုင်မကိုခြောက်တွန်းရန် တစ်ကမ္ဘာလုံးကြားနိုင်တဲ့အသံနဲ့ အော်ကာမိပိုင်မအားလက်ညိုးထိုးပြလိုက်.သည်။
ကန်တင်းတစ်ခုလုံး ကြွပ်ကြွပ်ညံကာ စတင်အကဲဖြတ်တဲ့ ဖူဂျိုရှီမတစ်သိုက်၏အသံများ မိုးသို့ညံလေတော့သည်။

"ဟယ်..တွေ့လား သူ့ကိုမြင်ထဲက အုက်ခဲလေးပါဆို...။"

"အေးဟယ်....ဖြူဖြူထွတ်ထွတ်လေးတော့....။"

"သူ့ဘဲကြီးက ရိုလိုက်တာဟယ်....အားကျလိုက်တာ...ငါလဲဘယ်တော့များမှ အဲ့လိုလူတစ်ယောက်လောက်ရမှာလဲ...။"

"ကောင်မ သူ့လိုအရိုခံချင်ရင် နိစောင်ခွက်ကို သွားခွဲစိတ်လိုက်....။
ရုပ်ကြည့်တော့ ကိုလုပ်တော်ရုပ်နဲ့....။"

"သိပါတယ်အေး...စကားဖြင့်ပြောတာပါ...။"

ဘေးဝိုင်းတွေမှ အသံတွေကြောင့်....ဇွန်ထက်ပိုင်တစ်ယောက် လေတစ်ခြမ်းဖြတ်ချင်သွားတယ်...အတင်းပြောလဲ ငါမကြားအောင်ပြောပါလား အီကြာဆူရှီမတွေရဲ့...။

💞 I love Being Yours💞 ( complete )Where stories live. Discover now