2😍Unicode

3.8K 237 2
                                    

2😍Unicode

ထွဋ် ကုမ္ပဏီ.....meeting roomတွင်

"မင်းတို့ ဒါလေးတောင် အဖြစ်မရှိကြဘူးလားးးဟမ်..."

"သောက်သုံးမကျရင် အကုန်ထွက်"

"ပရော်ဖက်ရှင်နယ်တွေဖြစ်ပီး မတိကျ ကြဘူး"

"မနက်ဖြန်အပီး တင်ပြကြပါ..
မနက်မှမရောက်ရင်.. အကုန်ထွက်စာတင်... ဒါပဲ"

"ဟုက်ကဲ့ပါ boss"

meeting ခန်းထဲက ထွက်လာပီး ကိုယ့်ရုံးခန်းအထိ ဒေါသထွက်တုန်း။ကိုယ်က အရာရာကိုတိကျမှကြိုက်တာ။ဒီ Villa projectsကို လုပ်နေတာdeadlineက ဒီနေ့ ။ တင်ပြကြတဲ့
interior designတွေကသောက်တစ်လွဲတွေကြီးပဲ။

"ဘောစ့်လက်မှတ်ထိုးရမဲ့ဟာတွေပါ"

"ok ကိုမျိုးသိန်းထားခဲ့လိုက်.. ကျွန်တော့်ကို ကော်ဖီတစ်ခွက် လာပို့ပေးပါ"

"ဟုက်ကဲ့ ဘောစ့်"ကိုမျိုးသိန်းလဲ မြန်မြန်လစ်ချင်ပီးလေ။ ဘောစ့်က ကျန်တဲ့နေရာသာ သဘောကောင်းတာ အလုပ်ကြောင့်ဆို ဒေါသကုမ္မာရကြီး။ခုလဲ တစ်နေကုန်ဒေါသထွက်ဖို့ရှိတယ်။ဟူးးးးးး။

ဒေါသထွက်ထွက်နဲ့ပဲ လက်မှတ်တွေထိုးနေလိုက်ရတယ်။ကျွန်တော့်မိဘတွေရဲ့ အမွေကို အသက်၁၈နှစ်ပြည့်ပီဆိုတာနဲ့စပီးလက်လွဲယူခဲ့တာ။ မိဘတွေကျွန်တော့်ဆယ်နှစ်မှာဆုံးတယ်။အဘွားက ထိန်းသိမ်းထားပေးတာ။တစ်ဦးတည်းသောသားဆိုတော့
အသက်လဲ၁၈နှစ်ပြည့်ရော ရော့အင့်ဆိုပီးထိုးပေးသွားတာ။အဘွားက အေးဆေးနေရတာကြိုက်တယ်လေ။ဒီကုမ္ပဏီမရှိလဲ ဖြစ်ပေမဲ့ အဖေ့ရဲ့ကြိုးစားမှု့လေးမို့ မပျောက်ပျက်အောင်ထိန်းထားတာ။မိုးကုတ်ကကျောက်တွင်းတွေနဲ့တင် စားမကုန်ဘူး။အဖေ့တုန်းကထွဋ်ကုမ္မဏီဆိုတာ ဆောက်လုပ်ရေးတစ်ခုထဲ ကိုယ့်အလှည့်ကျမှ ချဲ့ထွင်လာတာ ပြည်ပထိ ထိုးဖောက်ခဲ့တာ။ဘယ်နေရာကြည့်ကြည့် ထွဋ်လုပ်ငန်းကြီးပဲ။ရုပ်ချော၊ဥစ္စာပေါ၊အရည်အချင်းတွေနဲ့ဆိုတော့ သမက်တော်ချင်သူတွေကခပ်များများ။မိန်းမပျိုလေးတင်မက ယောကျ်ားပျိုလေးတွေပါအကြိုက်လေ။
ကိုယ့်နားမှာ ဝဲလည်နေတဲ့ လိပ်ပြာတွေပုံခံနေတာတောင် ကိုယ့်အသက်၂၈ထိအချစ်ဆိုတာဘာမှန်းမသိသေးဘူး။လုပ်ငန်းတွေထဲသာကိုယ့်ဘဝကိုမြုပ်နှံထားတယ်။

💞 I love Being Yours💞 ( complete )Where stories live. Discover now