15😍U+Z

2K 157 0
                                    

15😍Unicode

ဒီနေ့ဝက်မနဲ့အပြင်သွားဖို့ချိန်းထားတယ်။ဝက်မနယ်ပြန်လို့ ကိုယ့်မှာ အိမ်တွင်းအောင်နေကတာ ကြာနေပြီး။တစ်နေ့တစ်နေ့ပျင်းနေတာ ဟိုလူကြီး ရှိလို့တော်သေး သူ့ကိုတစ်နေ့တစ်မျိုးမရိုးရအောင်ရစ်ရတာ အပျင်းကိုပြေလို့။

တစ်နေ့တစ်မျိုးမရိုးရအောင် ဂုန်းဆင်းပြီးမှာစားကတာလဲ ဝက်ဖြစ်​​ပြီး။သူ့လုပ်လို့ကိုယ်လဲအချိုးတွေပြောင်းနေတာ အိမ်ကချက်တာကို ချေးများတက်နေပြီး။ကိုယ့်ဗိုက်လေး ကိုယ့်ကြည့်မိတော့ မဆိုစလောက်လေး ပူနေလေရဲ့။မဖြစ်ဘူး ဝိတ်လျော့ကမယ်။ကြာရင် ဖိုးဝတုတ်ဖြစ်တော့မယ်။

"ဟဲ့မပြီးနိုင်သေးဘူးလားဟ...
ဂယ်ဘဲ။"
အသဲပြဲကြီးနဲ့အခန်းထဲဝင်လာတဲ့ဝက်မ။

"ဘယ်လိုဖြစ်နေတာလဲ...ပြီးပြီ။"
နှုတ်ခမ်းထော်ပြီးရန်ပြန်တွေ့နေတဲ့ အုတ်ခဲကောင်။T Shirtအဖြူရောင်ကိုဂျင်းဘောင်းဘီအ​ပြာကလေးနဲ့ဝတ်ထားပြီးဆံပင်အုပ်အုပ်လေးရှေ့ချထားကာနှုတ်ခမ်းရဲရဲလေးနဲ့ချစ်ဖို့ကောင်း​
နေတဲ့ကျွန်မသူငယ်ချင်း။အရင်တုန်းကအစစ်မတွေလက်ထဲရောက်မှာစိုးလို့ကာကွယ်နေရတာ။ခုတော့စိတ်ပူစရာမလိုတော့ဘူး....ဟိုလူကြီးကသူ့ကိုချစ်သူမဖြစ်သေးတာတောင်အရမ်းဂရုစိုက်တယ်။

"ဟဲ့ဗိုင်းနာဝက်မ...ကြောင်တောင်တောင်နဲ့ရပ်မနေနဲ့သွားမယ်။"
ကိုယ့်ကြည့်ပြီးငူငူကြီးရပ်နေတဲ့ဝက်မ။

"အော်..အေးအေး။ဒါနဲ့အန်တီလဲမတွေ့ဘူးနော်ဆိုင်သွားပြီလား။"

"အင်း...အခုတလောအဝင်ထည်တွေရှိလို့လေ။"

"အော်.......။"
နှစ်ယောက်သားအောက်ဆင်းလာခဲ့သည်။မီးဖိုချောင်းထဲဝင်ပြီး...

"အန်တီတင်ရေ သားနေ့လည်စာအပြင်မှာစားမှာနော်"

"ဟုက်ပြီးသားလေး ညနေစာတော့စားမှာမှတ်လား"

"ဟုက်"

"သမီးလဲဒီမှာပဲစားမှာနော်"

"ငက်ကြီးနာမ အိမ်မရှိတာကျနေတာပဲ"

"ဘာဖြစ်လဲ"
တွတ်ထိုးသွားရင်းနှစ်ယောက်သား ကားရှိရာထွက်လာလိုက်သည်။အန်တီတင်က ခေါင်းရမ်းပြီး ရယ်နေသည်။
ဝက်မက ကားမောင်းပေါ့။ကိုယ်ကခုထိကားမမောင်းရဲသေးဘူး။အတိတ်ဆိုးရှိတာကိုး။

💞 I love Being Yours💞 ( complete )Where stories live. Discover now