7😍Unicode

2.2K 187 4
                                    

7😍Unicode

တစ်ဖက်တွင်တော့ ဖုန်းကြီးကိုင်ပီးကြောင်နေတဲ့ ကောင်လေးတစ်ယောက်။ထိုအချိန်......

ဖြောင်းးးးးး

"အားးးးးး"

ဟုတ်ပါတယ် ကြောင်နေတဲ့ကောင်လေးဘေးနားက ဝက်မခေါ် နှင်းယုဝတီရဲ့ ကျော်ပြင်ဗျော်တင်တဲ့အသံပါခင်ဗျာ။

" အားလားလား သေမို့ရိုက်တာလားဝက်စုက်မရဲ့ သူ့အသားမဟုတ်တိုင်း"

မျက်ရည်တွေနဲ့ မျက်လုံးဝိုင်းကြီးနဲ့
မျက်စောင်းထိုးရင်း ရန်တွေ့နေတဲ့
မိထက်မ။ဖုန်းကြီးကိုင်ပြီး ကြောင်နေတာသူမဟုတ်တော့တဲ့အတိုင်း။

"ဟိုက.. ဘာပြောလို့... နိက ကြောင်နေကတာလဲ"

"သူက..ပြောချင်တာပြောပြီး...ဖုန်းချသွားတာလေ"သူပြောချင်တာပြောပြီးဖုန်းချသွားတာ။နောက်က ကျားလိုက်နေတာကြနေတာပဲ။ကိုယ်တောင် ဘာမှမပြောလိုက်ကဘူး။

"ငါတောင်နားမလည်လိုက်ဘူး"ပြောလဲပြော နှုတ်ခမ်းက ကိုယ့်လာထိုးတော့မယ်။

"ငါ့လာထိုးမိတော့မယ်နိနှုတ်ခမ်းက"
အမ်မယ်...မျက်စောင်းကထိုးသေး
ဒါများသူ့ကိုယ်သူ st8တဲ့ အံသြပါ့။

"ဘာဖစ်လဲ....ကိုယ့်အိမ်ကိုယ်ကြွတော့"

ပြောလဲပြောလူကို အတင်းအခန်းပြင်တွန်းထုတ်နေပီး အခန်းတံခါးပိတ်လိုက်တာအုန်းခနဲပဲ....သောက်အုက်ခဲကောင်။

"ပြန်မှာဟေ့...မနေဘူး"
အော်သံအပြင်..တံခါးကိုကန်လိုက်တဲ့အသံပါကြားလိုက်ကတယ်။
ကွကိုယ်တောင် အေးဆေးမဖီလ်းကဘူး။ဟိုလူကြီးလဲတွေ့မယ်..... သွသူပြောချင်တာပြောပြီး..... ဖုန်းချသွားတာ။

At Meeting......

"ကျောက်ထွက်နှုန်းက ရှေ့တစ်ခေါက်ကထက်ကျနေတယ်။ကိုယ့်နဲ့ပတ်သက်တဲ့ နေရာတွေ ပြန်စစ်ပါ။ကျွန်တော် စစ်လို့မှ အမှားတွေ့တာနဲ့ ပတ်သက်တဲ့လူတွေအကုန်လုံး ကျွန်တော့် အဆိုးမဆိုပါနဲ့"

တည်ကြည်ပြီး သြဇာညောင်းတဲ့
အသံက တိတ်ဆိတ်တဲ့Mettingခန်းထဲ ဟိန်းထွက်လာတယ်။
ထက်ဦးထွဋ်ဆိုတာ  စီးပွားရေးလုပ်ငန်းရှင်တွေ အကုန်ဖိတ်ဖိတ်တုန်အောင်ကြောက်ကတဲ့သူ။အသက်ငယ်ပေမဲ့ သာလွန်နေတဲ့အရည်အချင်းတွေကြောင့် ဘယ်သူမှ မကြောရဲဘူး။

ဦးမိုးဟိန်းလည်းသိတယ်၊ ဒီတစ်ခေါက်
အချိန်မှီလောက်တယ်ထင်ပြီးလှည့်ထားတဲ့ကျောက်တွေက..ပြသာနာတက်နေတာ။ဦးမိုးဟိန်းဆိုတာက
မိုးကုတ်က ထက်ထက်က ဂျင်ဂျင်လည် သူဌေး။အမှောင်ဘက်ခြမ်းမှာလဲ
မှောင်ခိုလုပ်၊ဆေးရောင်း၊ကျောက်ရောင်းနေတာ။ဒီ ကျောက်တွင်းတွေကလဲ ဟန်ပြတွေကြီးပဲ။သူ့သမီးမိုးမမဆိုတာလဲ ဖအေခြေရာနင်းနိုင်တယ်။

"ဟုတ်ပါပြီး ဦး  အကုန်စုလိုက်ပြီး သမီးမိုးကို ပြန်တင်ပြခိုင်းလိုက်ပါ့မယ်"

"ကောင်းပြီး...အချိန်နှစ်ရက်ရမယ်"

ထက်ဦးထွဋ် လဲသိတာပေါ့။ဒီလူလည်ဦးမိုးဟိန်းပဲ လုပ်ရဲတာ၊သူက ဒုဥက္ကထဆိုတော့ အဘွားပြီးရင်လုပ်ပိုင်ခွင့်တွေ အကုန် သူရထားတာ။
ကိုယ့်အပေါ် မကြောသရွေ့ ကြည့်နေမှာပါ ၊ကြောတဲ့တစ်နေ့ အစတောင်မကျန် လက်စဖျောက်ပစ်မှာ။သူ့သမီးနဲ့ ကိုယ့်ကို ဖြစ်စေချင်တာလဲ တစ်ပိုင်းသေလို့။ အချစ်မတွေ့ခင်တုန်းကလဲ စိတ်မဝင်စားခဲ့သလို၊ ခုအချစ်ကလေးတွေ့ပြီးဆိုတော့ ပိုဆိုး။

"ဒါဆို.. ကောင်းပြီး....နှစ်ရက်နေရင်
စာရင်းအတိအကျလိုချင်တယ်။
ဒီမှာ.... ကျွန်တော်ရှိတုန်း... တင်ပြစရာရှိရင်...ကျွန်တော့်PAစီ တင်ထားလို့ရတယ်။ နောက်ဆုံး မှာချင်တာက
အလုပ်ကို ကြိုးစားကြပါ၊ အားလုံး နှစ်ရက်နေရင် ပြန် တွေ့မယ်။ဒါပါပဲ"

မျက်နှာတည်တည်ငြိမ်ငြိမ်နဲ့ လိုချင်တာပြောပြီးတာနဲ့ တန်းထွက်သွားတဲ့ သူဌေးကြောင့် အခုမှ လေထုက ပေါ့ပါးသွားသလိုပင်။

"ကိုမျိုးသိန်း....ဒီရက်တွေ တက်နိုင်သလောက်မြန်မြန်ပြီးအောင်လုပ်ပေးပါ။"

"ဟုက်ကဲ့ဘောစ့်"

"ပြီးတော့ ကျွန်တော် လေ လံအောင်ထားတဲ့ မြေကွက်ကို....  ကုမ္ပဏီက အင်ဂျင်နီယာအဖွဲ့ဆီ... ကျွန်တော့် ဒီဇိုင်း ပို့ထားပြီး ရှေ့တစ်ပတ်လောက် စလိုက်တော့ ပြန်ရောက်တာနဲ့meetingခေါ်မယ်"

"ဟုက်ကဲ့ဘောစ့်....ကျွန်တော် လုပ်လိုက်ပါ့မယ်"ကိုမျိုးသိန်း ထွက်သွားတော့
အချစ်ကလေးကြောင်းတွေးမိကော။
လေလံအောင်တဲ့ မြေကွက်ကို ကောင်လေးနဲ့အတူနေဖို့....ကိုယ့်ဘာသာဒီဇိုငျးဆွဲပီး ဆောက်မှာမို့။အချစ်ကလေးနဲ့အတူနေမဲ့ အသိုက်မြုံလေးကိုတော့ အချစ်ကလေးစိတ်တိုင်းကျဖြစ်နေရမယ်။

💞 I love Being Yours💞 ( complete )Where stories live. Discover now