36😍Unicode

1.2K 83 0
                                    

36😍

မိုးမမတစ်ယောက်ပြန်ရောက်တာနဲ့အဖေနဲ့သွားတွေ့ရသည်။လုပ်စရာကျန်တာတွေလုပ်ဖို့အတွက်။

"အဖေဘယ်လိုဖြစ်တာလဲ။အကုန်အဆင်ပြေတယ်ဆိုပြီးတော့။ကိုထွဋ်နဲ့စေ့စပ်ခါးနီးကိုအခုတော့ပြသနာတက်ပြီး။"

"အဖေလဲမသိဘူး။အရင်ရက်တွေထဲက ဖြစ်နေတာ။ဟိုဘက်ကဝင်လာတဲ့ဟာတွေလဲ ခနခနဖမ်းခံနေရတယ်။"

ဦးမိုးဟိန်းတစ်ယောက် မျက်နှာအားလက်ဖြင့်ပွတ်ကာ သမီးဖြစ်သူအားပြောလိုက်သည်။သူလဲအတော်ပင်စိတ်ရှုပ်နေသည်။လျော်စရာတွေများတဲ့အပြင် ထောင်ကလဲကျိမ်းသေကျမှာပင်။

"ဘယ်ခွေးမသာက သစ္စာဖောက်တာလဲမသိဘူးသမီးရယ်။ကုမ္မဏီစာရင်းတွေလဲ အတိအကျနဲ့ပေါ်လာတယ်။ဆေးတွေလဲ အဖေ့နမည်နဲ့ပေါ်လာတော့...လွတ်လမ်းမရှိဘူး။"

"အာ့ဆို ဘယ်လိုလုပ်ကြမလဲ။ဖောက်သည်တွေကိုလက်ခံထားတော့...လျော်ရမှာလဲများတယ်။ကုမ္မဏီကိုလဲလျော်ရမှာတွေကောပဲ...... စိတ်ညစ်လိုက်တာအဖေရယ်။"

မိုးမမတစ်ယောက် ပူထူကာ ခေါင်းကိုတစ်ဗျင်းဗျင်းကုတ်မိတော့သည်။ဦးမိုးဟိန်းတစ်ယောက်လဲ မျက်ရည်တွေဝဲလို့ပင်။

"အစောထဲကအဖေကိုသမီးပြောတယ်။ခနလောက်ရပ်ထားပါဦးလို့...အခုတော့ပြသာနာတွေတက်ပြီး။"

"အဖေမှားတာပါ.....အဖေလဲဒီတစ်ခေါက်ပဲလို့တွက်ထားတာ။ကုမ္မဏီပြန်ထည့်မယ်ဆိုပြီးတော့....ဘာမှန်းမသိချက်ချင်းကြီးဖြစ်သွားတာပဲ။သမီးလဲဂရုစိုက်ဦးနော်.....။"

"သမီးကအဝေးကြီး....ရာမရဲ့လူတွေနဲ့လွှတ်ထားတာ။အဖေသာကျန်းမာရေးဂရုစိုက် သမီးကြည့်လုပ်လိုက်မယ်။ကိုထွဋ်အဘွားလဲ ကူညီမယ်လို့ပြောတယ်။လျော်ကြေးကိစ္စက မပူရတော့ဘူး။"

"ဟုက်ပါပြီး....ဒါဆိုရန်ကုန်ပြန်တော့လေ။ဒီမှာက အန္တာရယ်များတယ်။"

"ဟုက်...မနက်ကျမှပဲြပန်တော့မယ်။ခုက နောက်ကျနေလို့။"

မိုးမမလဲအဖေနဲ့တွေ့ပြီး....မိုးကုတ်အိမ်ကိုပဲလာခဲ့လိုက်တော့သည်။အားချင်းထွက်လာကာ မနားပဲ အဖေ့ဆီတန်းသွားကတော့ လူကအရမ်းပင်ပန်းနေတော့သည်။
ရေမိုးချိုးပြီး ညစာစားမို့အခန်းထဲကထွက်လာတော့......ရာမကရောက်လာသည်။

💞 I love Being Yours💞 ( complete )Место, где живут истории. Откройте их для себя