41😍Unicode

1.1K 77 7
                                    

41😍

"ကိုမျိုးသိန် ဟိုဘက်ကစိန်တွေကို လေလံရအောင်ဆွဲပါ။ပြီးတော့ စံအိမ်ကို နှစ်လပိုင်းပထမအပတ်လောက် အပြီးလိုချင်တယ်။"

"ဟုက်ကဲ့ဘောစ်.....အတွင်းပိုင်းအပြင်အဆင်ပဲကျန်ပါတော့တယ်...။"

"အင်း....။ဒါနဲ့ မိုးမမတစ်ယောက် ငြိမ်နေပါလား....။အခြေနေကို သေချာစောင့်ကြည့်ထား....တစ်ခါထဲ တစ်ဘဝလုံးထောင်နန်းစံအောင် လုပ်ပစ်ဖို့...။သူ့အကောင်ကော...."

မျက်လုံးများအားမှေးကျင်းကာ ပြောနေပုံက ကိုယ်တောင်မျက်ခုံး
လှုပ်ကာ ကျောချမ်းသွားသည်။
ဟိုလူတွေတွက် မျက်ရည်ကျမိပါရဲ့.....။

"ဟုက်....သူကအခုတစ်လော မိုးမမနဲ့ အဆက်သွယ်လုပ်တာမတွေ့ရဘူးဘောစ်..။တမင်သက်သက်ကို ရှောင်နေတာထင်တယ်။"

"ဟက်....ကိုယ့်နေရာကိုယ်သိတော့ အသက်ပိုရှည်တာပေါ့.။"

နှုတ်ခမ်းစွန်းလေး ကော့ရုံမျှတစ်ချက်ရယ်ကာ....ထိုးလက်စ လတ်မှတ်များကို ထိုးနေလိုက်သည်။

ဘောစ်ရဲ့ နှုတ်ခမ်းလေးတွန့်ရုံ ရယ်လိုက်ပုံက စွဲဆောင်မှု့အလွန်ရှိသည်။သို့သော် ထိုအပြုံးရဲ့နောက်ကွယ်မှာ မထင်မှတ်လောက်စရာ ရက်စက်မှု့များရှိပါသည်။
******************************
ဇွန်ထက်ပိုင်နဲ့နှင်းရတီတို့သည် ကျောင်းဆင်းတော့ Txaiစီးဖို့ကျောင်းထွက်ပေါက်သို့ ထွက်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဝက်မ၏ကားသည် ဆေးခန်းရောက်နေလို့ဖြစ်သည်။ကိုကို့ ကိုလာကြိုခိုင်းရင်ရသော်လည်း အမောင်လျာရှည်သည် ရိုးရိုးနှင့်မရပေ....ဆန်းကြယ်စွာ လူတစ်သိုက်နှင့် မူကြိုကလေးများလို လာကြိုခိုင်းသည်။ကိုယ့်နောက်မှာလည်း အမြဲလူနှစ်ယောက်သုံးယောက်ရှိသည်။စိုးရိမ်လွန်တက်သော လူကြီးပင်။
ထိုစဥ် ကားမဲကြီးတစ်စီးထိုးရပ်လာသည်။

"ဟဲ့....ပလုပ်တုက်.... လီမင်ဟိုနဲ့ငါနဲ့ညား..."
ဝက်မ၏ကိုယ်ဖြစ်ချင်သောဆန္ဒနှင့်ယောင်တော့...သူငယ်ချင်းပီသစွာပြောလိုက်သည်။

"ဆယ်ဘဝ စုတောင်းတောင်မပြည့်ဘူး....။"
ဇွန်ထက်ပိုင်မှပြောလိုက်တော့....

ဖြန်းးးး.... ဝက်မ၏လက်စက်ထက်မြန်သည်။

"သေမို့ရိုက်တာလားးး....အား.လား.လား"

💞 I love Being Yours💞 ( complete )Unde poveștirile trăiesc. Descoperă acum