46🥰Unicode [ END ]

2.8K 96 6
                                    

46🥰End

ဒီနေ့ကိုကို့မွေးနေ့ဖြစ်ကာ ကိုကို့အိမ်သစ်မှာလုပ်လေသည်။ဘွားပြောပြချက်အရကိုကိုက ဘယ်တော့မှ မွေးနေ့မလုပ်ဖူးဘူးလို့သိရတယ်။

"အမလေးတော်....သားရယ်မပြီးသေးဘူးလား.....ထွဋ်လေးပို့လိုက်တဲ့ကားက စောင့်နေတာကြာလှပြီ"
"ပြီးပါပြီး မားရယ်"

အပြက်ရွှိုင်းနေပါတယ်ဆို မားကတစ်မျိုး။လက်ဆောင်ဘူးကိုယူကာ မားနဲ့အတူအောက်ထပ်ဆင်းလာတော့ ဝက်မမှ ရန်စနေသည်။

"အမလေး......သူ့မွေးနေ့ကျနေတာပဲ မပြီးနိုင်မစီးနိုင်ပြင်နေတာ မွေးနေ့ရှင်လဲမှားနေပါမယ်တော်.."

"ဟိုး.....ဘာဖြစ်လဲ ငါ့ကိုကိုမွေးနေ့က ငါ့မွေးနေပဲ ငါ့လိုတောင် အဖြစ်ရှိလို့လား ....ဟွန့်"

"သေနာကောင်....ငါက...."

"ကဲ သက်မနေကြနဲ့တော့ နောက်ကြနေပီ "

မားပြောမှ နှစ်ယောက်သား အသံတိက်ကာ ကားပေါ်တက်ကြတော့သည်။

ကိုကို့အိမ်သစ်ဆီရောက်တော့ ကိုကိုမှအဆင်သင့်စောင့်နေလေသည်။ကိုကိုအိမ်ရှေ့ ခြံဝန်းထဲမှာပဲ ပြင်ဆင်ထားတာကြောင့်ရောင်စုံမီးများနှင့်အတော်ကိုအသက်ဝင်လို့နေသည်။

"ဝါးးးးးးးလှလိုက်တာ ကိုကို"

ဘလင်းဘလင်းမျက်လုံးများဖြင့် အိမ်နဲ့ အိမ်ရှေ့ ပြင်ဆင်ထားသောပွဲကိုကြည့်ကာ နှစ်ယောက်လုံးပါးစပ်မစိတော့ပေ။

"နောက်ကျနေတာဆိုတော့ ကျွန်တော်စိုးရိမ်နေတာ"

ထက်ဦးထွဋ်မှ ချစ်မေမေအားပြောလိုက်တော့....

"အေးကွယ်....ပိုင်လေးပေါ့ ပြင်နေတာမပြီးနိုင်ဘူးလေ"

ချစ်မေမေကပြောလိုက်တော့ ချစ်လေးခမျာရှက်ကာ အသံပိစိလေးထွက်လာသည်။

"အာ....မေမေကလဲ"

ချစ်လေးလက်ကိုဆွဲကာ မေမေကြီးရှိရာဝိုင်းသို့ခေါ်လာလိုက်သည်။ချစ်လေးမှ လက်ဆောင်ဗူးလေးထုက်ကာပေးလေသည်။

"တန်းဖိုးမရှိပေမဲ့ အမှတ်တရယူထားလိုက်"

"ကျေးဇူးပဲချစ်"

💞 I love Being Yours💞 ( complete )Where stories live. Discover now