23 Unicode 😍

1.7K 109 0
                                    

23😍

လည်ပက်ပြီးသွားတော့ ကိုယ်ပိုင်တဲ့စင်တာသွား၊အဝတ်လဲခိုင်းရတယ်။
မလဲလို့ကမရ ချွေးတစ်အားစိုနေတာကိုး..ဒီမျောက်ပေါက်ဘယ်လောက်ကဲလဲကြည့်။

အဝတ်စားတွေလဲပီး....အပေါ်ထပ်ကဂျပန်စားသောက်ဆိုင်စီလာခဲ့သည်။ဆူရှီစားချင်သတဲ့လေ။

ဆူရှီဆိုင်ရောက်တော့ စားဖိုမူးတွေ
ဝန်ထမ်းတွေကထွက်ကြိုနေလေသည်။

"မဂ်လာပါ သူဋ္ဌေး"
အယ်...ကိုယ်တောင်လန့်သွားတယ်။ဘာလဲဟ သူကဒီကသူဋ္ဌေးလား။

နှစ်ယောက်သီးသန့်ခန်းထဲရောက်တော့ မျက်နှာချင်းဆိုင်ထိုင်ပြီး...ရေနွေးလေးငဲ့ပေး
ပြီးကိုယ့်အရှေ့ချပေးသည်။

"ကိုထက်က ဒီဆိုင်ပိုင်တာလား"

"မဟုက်ဘူး.."

"Aww" awwတောင်မဆုံးသေးဘူး။ဆက်ပြောလိုက်တဲ့စကားက ရေနွေးတောင်သီးတယ်။

"စင်တာတစ်ခုလုံး...ပိုင်တာလေ။ကိုယ်ပြောပါတယ်...ကိုယ်ကစီးပွားရေးကောင်းတယ်လို့၊ချစ်လေးအနာဂတ်တွက်စိတ်ချရပါတယ်ဆို။"

"အဟွက်...အဟွက်...ကိုထက်ကတော့"

"ကဲ...အချစ်လေးကတော့ ဘာလေးပြောပြောသီးမယ်ဆိုတာကြီးပဲ"ပြောလဲပြောကိုယ့်အနားလာပြီး ကျောကိုသပ်ပေးနေသည်။

"အာ့ဒါ...ကိုထက် လုပ်လို့လေ။"

"အယ်...ကိုလဲဘာမှမလုပ်ကပါဘူး...ဘာလုပ်စေချင်လို့လဲအချစ်လေးက"

"ဟာ...တော်ပြီး..ကိုထက်မစပါနဲ့ဆို"
မျက်နှာလေးရဲပြီး စွတ်အော်နေတဲ့အချစ်....အသားလေးကလဲပါးလိုက်တာ။

"ဟုက်ပါပြီးကွာ"

"အော်...ကိုထက် ညနေအားလား...မေမေက ကြ က်ဆီထမင်းချက်မှာတဲ့...ကိတ်ခွဲမှာလေ။သူငယ်ချင်းတွေခေါ်လာခိုင်းတယ်....ဝက်မလဲလာမှာ.."

"ချစ်သူလိုဆိုလိုက်ခဲ့မယ်။သူငယ်ချင်းလိုဆိုမလိုက်ချင်ပါဘူး။အာ့ကြောင့်အခုအဖြေပေးတော့..."

"အာ...."

"ပေးတော့လေအချစ်ရယ်.....ယောက္ခမနဲ့လည်းတွေ့ရတော့မယ်။အချစ်အသက်လဲပြည့်ပြီးလေကွာ...ကိုယ့်မှာဒီနေ့လေးကို စောင့်နေရတာလေ"

💞 I love Being Yours💞 ( complete )Wo Geschichten leben. Entdecke jetzt