28 Zawgi 😍

838 50 3
                                    

28😍

စံအိမ်ကိုအဘွားခေါ်ထားလို့ရောက်လာခဲ့သည်။အရေးကြီးသည်ဆိုပဲ....

စံအိမ်ရောက်မှ...ဦးမိုးဟိန်းရောက်နေတာတွေ့လိုက်ရသည်။မိုးမမနဲ့ကိုမြတ်လည်းထိုင်နေသည်။

"မြေးလာပြီးလား...လာထိုင်ဘွားပြောစရာရှိလို့လေ။"

ကိုယ်လည်း ဘွားရှိရာသွားကာ...ဘွားဘေးနားထိုက်လိုက်တယ်။

"ဘာလို့ခေါ်တာလဲ မေမေကြီး။နေမကောင်းလို့လား..."

"မဟုက်ပါဘူးကွယ်.....ဒီမှာလေ...ကိုမိုးသိန်းတို့ စေ့စပ်ကြောင်းလမ်းလို့လေ။"ဝင်ဝင်ချင်းစောက်နဲ့ထွင်းပါပဲ။

"ဗျာ....သားကိုလည်းကြိုတင်မပြောပဲနဲ့.....ခင်ဗျားတို့ ဘာဇာက်လမ်းဆင်နေတာလဲ။"မိုးမမတို့ဘက်လှည့်ကာမေးလိုက်တော့....

"မြေး မရိုင်းရဘူးလေ။မိုးလေးက
မြေးကိုသဘောကျလို့ ရန်ကုန်ထိလိုက်လာတာခဲ့တာမြေးရဲ့....အခုမိုးလေးက အရင်စေ့စပ်ထားချင်လို့တဲ့....ဘွားလဲသဘောတူတယ်သား...မိုးလေးကိုဘွားကမြေးမလေးတစ်ယောက်လိုနဂိုတည်းက သဘောကျတာကွဲ့။"

ဟာကွာ...ပြသနာကိုမီးမွှေးရှာတဲ့ မိုးမမ။အစောထဲကဒီလိုအကြောင်းတွေကိုသိလို့ တမင် ရှောင်နေတာကို ခုတော့ အဘွားကိုကပ်ပြီးလုပ်တယ်ပေါ့။

"ဟုက်တယ်...ကိုထွဋ် ရဲ့ မိုးက ကိုထွဋ်ကိုသဘောကျတာ...ဟိုးအရင်ထဲကပါ။ခုက ဘွားက သဘောတူတယ်ဆိုတော့ မိုးက စေ့စပ်ထားချင်ရုံတင်ပါ။ "
ဦးမိုးဟိန်းကထပ်လောင်းပြောလေသည်။
"သားရယ် မိုးလေးက အရင်ထဲပြောပြောနေတာပါ။သားကိုလက်ထပ်ချင်တယ်ဆိုတာ...ပြီးတော့ နှစ်ဖက်လုံးက မိတ်ဆွေတွေဆိုတော့...ဖိတ်ချင်ဖိတ်ကိုယ့်အိတ်ထဲဖိတ်တဲ့သဘောပေါ့ကွယ်။မဟုက်ဘူးလား....အစ်မထက်ထက်ရယ်။"
အော်...သားအဖနှစ်ယောက်အတိုင်အဖောက်ညီနေတာပင်။ကြားထဲက အဘွားကပါသေး။

"ဟုက်တာပေါ့ရှင်"

"ကျွန်တော်သဘောမတူဘူး မေမေကြီး...ကျွန်တော့မှာချစ်ရတဲ့သူလဲရှိတယ်...ကိုမြတ်သိတယ်"

ကိုမြတ်ကိုကြည့်ကာပြောလိုက်တော့...ပုခုံတွန့်ပြလေသည်။ငါ့လာဆွဲမထည့်နဲ့ဆိုတဲ့သဘော.....။
ထိုစကားကြားတော့ဘွားမှထပြောလေသည်။

💞 I love Being Yours💞 ( complete )Where stories live. Discover now