30 Unicode 😍

1.3K 91 0
                                    

30😍

ကိုယ်ရောက်တော့....
အည့်ခန်းမှာဖုန်းသုံးနေတဲ့အချစ်လေး။

"ချစ်...ဖုန်းတွေတအားမကြည့်နဲ့"

"ဘာဖြစ်လဲ... ကွကိုယ်ကြည့်တာ"ဘုဆက်ဆက်နဲ့ မျက်စောင်းထိုးရင်ပြောနေတဲ့အချစ်။ဘာတွေကောက်နေလဲမသိ။

"အော်....ကိုဒီကြားထဲ လာမတွေ့လို့စိတ်ကောက်နေတာလား"ချစ်လေးဘေးနား ထိုင်ကာ ခါးကိုဖက်ရင်းပြောလိုက်သည်။

ကန်ဘောင်ထိဒေါသကမထိန်းနိုင်တော့ပေ...။

"ဖယ်စမ်း.....ချီးကိုကောက်ကမလား......လိုက်ခဲ့"
ဇောက်ဇောက်နဲ့ဖင်လေးခါကာအိမ်ရှေ့ကနှင်းဆီခင်းရှိရာကိုထွက်သွားတဲ့အချစ်လေး။

"ဖင်တုံးလေးခါခါနဲ့....ဆွဲကိုက်လိုက်ရ...."တွေးရင်း ချစ်လေးနောက်လိုက်ခဲ့သည်။နှင်းဆီခင်းနားလဲရောက်ရော.....

ဒုတ်.....

"အား....လားးး...လားးး...ချစ်ဘာလို့ကန်တာလဲ"ခြေသလုံးအရိုးတည့်တည့်ကိုကန်လိုက်တာ....ထက်ဦးထွဋ် တစ်ယောက် ခြေထောက်ကိုင်ကာ ခုန်ဆွ ခုန်ဆွ ဖြစ်လို့နေသည်။ချစ်လွန်းလို့အလျော့ပေးထားတာကို....အဟင့်။

"ဘာရမှာလဲ....ခင်ဗျားဘာလုပ်ထားလို့...ခင်ဗျားဟာမတွေက ကျုပ်ရှေ့မှာ ဒရမ်မာလာခင်းကတာလဲ။"ဘယ်လောက်စိတ်ဆိုးနေလဲမသိ ချစ်လေးခဗျာ အရင်ကဇာတိတွေပေါ်လာသည်။ကြမ်းလိုက်တာ...ချစ်ရယ်။

"ဟေ့...ချစ်...ကိုယ့်ကိုမစွပ်စွဲနဲ့။ကိုယ့်မှာချစ်လေးပဲရှိတာ...."

"ဘာ..သောက်ပိုတစ်သိန်းလာမလုပ်နဲ့...ဒါဆိုအဲ့မိုးမမက ဘာလို့လာတွေ့လဲ။ဘာလဲ မိန်းမယူပြီး ကလေးရမှကျွန်တော်သိရမှာလား။ဘာတဲ့ ဝါထွက်ရင်စေ့စပ်ဦးမယ်တဲ့....ခင်ဗျား ကျုပ်ကို ဘယ်လောက်ထိ လိမ်ဖို့စဉ်းစားထားတာလဲ။"

ပြောလဲပြော...ကန်လဲကန်တော့...ကန်ချက်တွေ ရှောင်ရင်း ပြာပြာသလဲဖြေရှင်းချက်ပေးရသည်.....အရိုးတွေမကျိုးခင်။
ကိုယ့်ထက် ဆယ်နှစ်ကျော်သာငယ်တာ ကြောက်ရတယ် လက်သွက်ခြေသွက် ပါးစပ်သွက်လေးမို့။

"ချစ်...စိတ်လျော့ပါ။ကိုရှင်းပြတာ...နားထောင်ပါဦး။"

"ဘာကို...စိတ်လျော့ရမှာလဲ...ဘာလဲကျုပ်ဆီက အဖြေရသွားတော့...ခင်ဗျားက အသစ်ပြောင်းတာလားပြော...."ပြောလဲပြော လိုက်လဲကန်သည်။ဒီလူကြီး....သူကလဲမှားသေး...ငြိမ်မခံဘူးပေါ့.....တွေ့မယ်။

💞 I love Being Yours💞 ( complete )Where stories live. Discover now