1😍Unicode

11.6K 311 13
                                    

1😍 Unicode

"ပိုင်လေးရေ ထတော့ သားရေ ကျောင်းနောက်ကျမယ်"

ကုတင်ပေါ်က သားငယ်ရဲ့နှဖူးလေးကို နမ်းရင်းနိုးလိုက်တယ်။

"အွင်းးးးးဝါးးးးးးမားးငါးမိနစ်"ဆိုပီး လက်ကလေးငါးချောင်းထောင်ပီးအိပ်ချင်မူးတူးပြောလာတဲ့သားငယ်။

"ငါးမိနစ်ပဲနော်ပိုင်လေး ပထမဆုံးရက်ကိုနောက်မကျစေနဲ့သားငယ်၊မား မနက်စာပြင်ပေးထားမယ်အောက်မှာ"
ပြောပြီးမေမေထွက်သွားမှ သတိရတယ်။
ကိုယ်ဒီနေ့ Uniပထဆုံးတက်ရမဲ့နေ့ပဲ၊
ပြူးပြဲထရတာပေါ့ ပထမဆုံးနေ့လေးကို နောက်ကျမခံနိုင်ပါ။
ကျွန်တော် ခုဆို Uniကျောင်းသားကြီးဖြစ်ပါပီ ။ဒဂုံတက္ကသိုလ်ရဲ့ မြန်မာစာပထမနှစ်ပါ။

ပြင်ဆင်ပီးတော့ ကိုယ့်ကိုကိုယ် မှန်ကြည့်ပီး ကျေနပ်နေတာ။ဆံပင်အမဲရောင်လုံးလုံးလေးနဲ့ နှာတံလေးကဆင်းပြီးနှတ်ခမ်းလေးကဖူးဖူးလေးကိုဆိုးဆေးမဆိုးပဲရဲနေတာ၊မျတ်လုံးကအညိုရောင်လေးနဲ့ မျတ်တောင်စိတ်စိတ်လေးတွေအသားကဝင်းတဲ့ဘက်ရောက်တော့ရှပ်အနက်ရောင်လက်ရှည်လေးနဲ့ခန့်နေတာအရပ်ကလေးမဆိုသလောက်ပုတာက ဖယ်ထားတယ်။
မားနဲ့ပါးဆီကချောတာတွေအကုန်ရပီး ဒီအရပ်ကမှ လာပုနေတယ် ဟွန့် 5'6တဲ့ ချီးးးးးးးး။
တော်ပါပီးကိုယ်ကခန့်တယ်လေ အရပ်ကမလိုပါဘူး။(ဟုတ်ပါပီ)

"ကဲ သားတော်မောင် မှန်ရှေ့ပြုံးပြုံးနဲ့ဘာရပ်လုပ်နေတာလဲ နောက်ကျနေပီလေ သားသူငယ်ချင်းတောင်အောက်ရောက်နေပီ"

"ဟီးးးးးမှန်ကြည့်ပီးမနေ့ကထက်သားချောနေလို့ပါ မားရဲ့"

"ဖြစ်ရလေဟယ်"

ရင်ဘက်ဖိပီး ပြောမိတယ်။အာ့လို ကိုယ့်သားကအူကြောင်ကြားလေးပါ။

"မားကလည်း"
မားခါးလေးဖက်ပီးအောက်ဆင်းလာခဲ့တယ်။ကျွန်တော့ရဲ့ နှစ်ယောက်မရှိသောမေမေ။ဖေဖေမရှိတော့ထဲက တစ်ယောက်ထဲ ပျိုးထောင်ခဲ့တဲ့မေမေ။ကျွန်တော်တစ်နှစ်သားထဲက ဖေဖေက ကားမှောက်ပီးဆုံးသွားတာ။

"အမလေးမိထက်ရယ် ဘာတွေအာ့လောက်ပြင်နေတုန်းဟ ဗိုက်ဆာနေပီး"

"ဝက်ဝတီမ နိ့အိမ်မှာ နိမိဘတွေ ဘာမှမကျွေးဘူးလား ငါ့အိမ်လာလာငတ်နေရအောင်"

"ငါက အန်တီလက်ရာ ကြိုက်လို့ဟဲ့ ထက်ထက်စုတ်ရဲ့ ဟွန့်.....ငါကအန်တီ မနက်စာလေးမှမစားရင် အားအင်မရှိတော့သလိုပဲ..နော်အန်တီချစ်"

"ဟုပါပီး သမီးရယ်"

"ဖြစ်ရလေ အလကားရ အကုန်ငတ်တဲ့ဝက်မက"

"မိထက်နော် အန်တီချစ်ရှေ့မှာရန်မဖြစ်ချင်ဘူး"

"ကဲကဲ ကလေးတွေ စားကြတော့ တွေ့တာနဲ့သတ်နေကြတယ်...တစ်ကတည်း."

"ဟု..အန်တီချစ်"
"ဟု..မားးး"

နှင်းယုဝတီနဲ့က မတည့်အတူနေငယ်သူငယ်ချင်းပါ။ခြံချင်းကပ်ရပ် လည်းဖြစ်တော့ စားအတူ သွားအတူ ရန်ဖြစ်အတူပေါ့ သူများနဲ့မဟုတ်ဘူး။ကိုယ်တွေနှစ်ယောက်သတ်ကြတာ။

"ကျေးဇူးတင်ပါတယ်.. အန်တီချစ် "

"သားတို့သွားပီနော် မားးးအလုပ်မှာအဆင်ပြေပါစေ"

"အေးးးသားငယ်...မိနှင်းလေး ကားဖြည်းဖြည်းမောင်းနော်"

"ဟုကဲ့ပါအန်တီ"

💞 I love Being Yours💞 ( complete )Hikayelerin yaşadığı yer. Şimdi keşfedin