21 Unicode 😍

1.7K 81 2
                                    

21😍

ဇွန်ထက်ပိုင်တစ်ယောက်ဒီနေ့တက်ကြွလို့နေတယ်။အစောကြီးထပြီး..ဟိုလူကြီးချိန်းတဲ့ဆီသွားဖို့ပြင်ဆင်နေတာမပြီးနိုင်မစီးနိုင်။ညကလဲအိပ်မပျော် ရင်ခုန်လို့...မနက်ကျတော့လဲ ငါးနာရီလောက်ထဲကနိုးနေတာ...ချိန်းထားတာက ကိုးနာရီ.....

"ဒါလဲ...မလိုက်ဘူး...ဒါက...ဝသွားသလိုပဲ...ဒါက.....အရပ်ပုနေသလိုပဲဲ"
ဗီဒိုကြီးဖွင့်ပီး....တစ်ပြီးတစ်ထည်..ဝတ်လိုက်ချွတ်လိုက်...နဲ့..တစ်ယောက်ထဲ အလုပ်ရှုပ်နေတာ...
နောက်ဆုံးတော့လဲ.....pantအနက်ရောင်လေးနဲ့Shirtအဖြူရောင်ပဲဝတ်လိုက်တော့တယ်။
ပြင်ဆင်ပြီးလို့ အောက်ဆင်းလာတော့.....

"သားမွေးနေ့ကိုမနက်စာတူတူစားချင်လို့မေမေကစောင့်နေတာ...အပြင်သွားမလို့လား.."

"ဟုက်မား...ကိုထွဋ် နဲ့လေ"

"ဒါများမင်းသားရှုံးအောင်ပြင်နေသေးတယ်...ကြည့်စမ်း မသိရင်ချစ်သူနဲ့တွေ့မှာကြနေတာပဲ"ပြောတော့ ရှက်နေလိုက်တာ...။

ကိုယ်သားလေးက ချစ်ဖို့အရမ်းကောင်းတာ.....ခုလဲကြည့် shirt
အဖြူလေးကိုPantအနက်လေးနဲ့တွဲဝတ်ထားသည်။
ဆံပင်အုပ်အုပ်နဲ့ နှုတ်ခမ်းဖူးလေးတွေ..ဖန်ဂေါ်လီလို ကြည်ကြည်တောက်တောက်မျက်လုံးလေးတွေကမြင်သူတကာချစ်ချင်စရာလေး။
ကိုထက် ဆိုတဲ့တစ်ယောက်နဲ့လည်းဘာမှန်းမသိပေမဲ့ နောက်ကျမှ သေချာမေးရမည်။

"သားထမင်းကြော်စားဦးမလား
မစားလဲ နို့လေးတော့သောက်သွား။"မားက ပြောလဲပြော နို့ခွက်လေးရှေ့ချပေးတယ်။

"ဟုက်မား.....ကိုထက်နဲ့ အပြင်မှာပဲစားတော့မယ်။"

"မားညနေစောမှာနော်... သားပိုင်ကိတ်ခွဲမှာမို့ ရတီလေးလဲလာမှာဆိုတော့...အဲ့တစ်ယောက်လဲ ခေါ်လာခဲ့ပေါ့"အာ....မားကလဲ ခေါ်ရင်တောင် ဟိုကလိုက်မှာတဲ့လား။

"ဟုက်....ခေါ်လို့ရရင်ခေါ်လာခဲ့မယ်မား"မားကိုပြောရင်း နာရီကြည့်တော့ ရှစ်နာရီလေးဆယ်ဖြစ်နေပြီး။

"မားသားသွားတော့မယ်.... ကိုနာရီချိန်းထားလို့။"

"မားလဲသွားတော့မှာလေ...ဘယ်လဲ မားလိုက်ပို့ခဲ့ပေးမယ်"မားကပြောလဲပြောထရပ်တော့....ငြင်းလို့မရဘူး။ချိန်းထားတဲ့ကော်ဖီဆိုင်ကိုပြောလိုက်တယ်။

💞 I love Being Yours💞 ( complete )Where stories live. Discover now