42😍unicode

1.2K 80 2
                                    

42

ဇွန်ထက်ပိုင်လဲ မောလို့ရှေ့ကအအေးခွက်အား ကောက်မော့လိုက်သည်။ကြောက်ကြောက်လန့်လန့်နှင့် ဘာတွေပြောမိမှန်းတောင်မသိ။

ကိုယ်တောင်ဘာမှမပြောရသေးခင် သူကြီးပဲလွှတ်ပြောနေသော ကောင်လေး။ကိုယ့်မှာရယ်ချင်တာကိုအောင့်ကာပြောလိုက်သည်။

"ဘွားလဲ ဘာမှမမေးရသေးပါဘူးကွယ်။သက်သက်သာသာနေပါကွယ်။"

"ဟီး...ဘွားမေးရင်မောနေမှာစိုးလို့ တစ်ခါထဲပြောလိုက်တာပါ။"

"ဖြစ်ရလေကွယ်"
ဒေါ်ထက်ထက်လဲရယ်ကာ ထပ်မေးလိုက်သည်။

"သားနဲ့ထွဋ်လေးနဲ့က သားကအရမ်းငယ်တော့ စိန်ကးားတာမဖြစ်နိုင်ဘူးလား။အသစ်အဆန်းမို့ စမ်းကြည့်တာဆိုဘယ်လိုလုပ်မလဲ။"

"ဘွား...သားအသက်လဲ ၁၉နှစ်ပြည့်တော့မှာပါ။စိတ်ကစားရုံ၊အသစ်အဆန်းကိုစမ်းကြည့်တာလဲမဟုက်ပါဘူး။ကို့ကို့ ကိုတစ်ကယ်ချစ်တာပါ။သားတစ်သက်မှာတစ်ခါချစ်တဲ့အချစ်နဲ့ချစ်တာပါ။အချစ်ဦးလဲဖြစ်သလို ၊အချစ်ဆုံးဟာလဲကိုကို ပါပဲ။ပက်ဝန်းကျင်ကိုဆန့်ကျင်ပြီး ကိုကို့ ကိုရွေးချယ်ထားတာပါ။စိတ်ချပါဘွား ကိုကို့ ကိုစိတ်ကစားတာမဟုက်ပဲ တစ်သက်တာတွက် ချစ်တာပါ။"

ပြောသာပြောရတာ ဇွန်ထက်ပိုင်တစ်ယောက် ပူလိုက်တဲ့မျက်နှာ။

ကိုယ့်ရှေ့မှာကိုယ့်မြေးကိုချစ်တဲ့အကြောင်းတွေပြောနေသောကောင်လေး။စိ်တ်ဓာတ်လေးကတော့ ပွင့်လင်းသားပဲ။

"ဒါဆိုသားမိဘတွေက​ေရာ"

"စိတ်ချ ဘွား ကိုကိုကမားကိုပြောပြပြီးမှသားနဲ့တွဲတာပါ။မားကလဲလက်ခံပါတယ်။သားတစ်ယောက်လိုပဲ မားကကိုကို့ ကိုချစ်ပါတယ်။"

အိုး....မိဘတွေကိုအသိပေးထားတယ်ဆိုတော့ ဘယ်ဆိုးလို့လဲ။မြန်မာနိုင်ငံမှာက လိင်တူချစ်သူတွေကို နည်းနည်းလက်ခံလာကြပေမဲ့ လူများစုတော့မဟုက်ပေ။ပက်ဝန်းကျင်ရဲ့ရိုက်ခက်မှု့တော့ ခံရမှာပင်ဖြစ်သည်။တော်သေးသည် ကောင်လေးမိဘက လက်ခံပေးတော့ အားတစ်ခုပင်ဖြစ်သည်။ကိုယ်ကလဲဘာ့ကြောင့်လက်မခံကမှာလဲ ကောင်လေးကရည်ရည်မွန်မွန်ဖြင့် လူရည်သန့်လေးပင်။

💞 I love Being Yours💞 ( complete )Where stories live. Discover now