19 Zawgi 😍

1K 60 0
                                    

19😍

"တစ်နေ့လုံး လျောက်လည်ကတာပင်းပန်းလိုက်တာ"

"အော်....အစ်ကိုတော်ကျမလဲတူတူပါပဲနော်....ရှင်ကမှဘေးကအခန့်သားလိုက်စီးရသေးတယ်"ဝက်မက ပြန်ပက်လေသညျ။

နှစ်ယောက်သား ညနေပြန်ရောက်တော့ လှုပ်တောင်မလှုပ်ချင်ဘူး။
ကိုယ်လဲ ရေမချိုးပဲ တစ်ခါထဲညစာစားလိုက်မလို့စောင့်နေတာ။ဝက်မလဲတူတူပဲ သူ့အိမ်မပြန်ပဲ စားဖို့အရင်စောင့်နေသည်။

"ကဲ.....သားတို့လာခဲ့တော့။ဘယ်သူကအာ့လောက် ရိုက်ပြီးလည်ခိုင်းလို့လဲကွယ်.....ခုတော့ထိပြီးမှတ်လား"မားကပြောလေသည်။

"မားကလည်း...သားကအပြင်မထွက်တာကြာနေပြီးဟာကို....."ခုံဆွဲယူပြီးထိုင်လိုက်တယ်....အရိုးပျော့လူသားလိုပဲ ခန္ဓာကိုယ်က မသယ်နိုင်။

"ဟုက်တယ် တီချစ်ရဲ့ သမီးလဲ အပျော်လွန်သွားတာ"ဝက်မပါဝိုင်းပြောမှ....

"ဟုက်ပါပြီး....မြန်မြန်လေးစားပြီး ပြန်နားတော့ ဆေးလဲသောက်အိပ်နော် နှင်းလေး"

"ဟုက် တီချစ်"ညနေစာကိုအမြန်သာစားရင်း အိပ်ခန်းဆီ အပြေးတက်လာခဲ့တော့သည်။ရေမိုးချိုးပြီး အိပ်ရာထဲပစ်လှဲချလိုက်လေ
တော့သည်။

"ဟူးးးးးအခုမှပဲ ကျောဆန့်ကတော့တယ်"

ဒေါက်...ဒေါက်....

"သားပိုင် မအိပ်ခင် ဆေးသောက်လေကွယ်။ပြီးရင်သားပဲ ဖျားမှာ ခံနိုင်တာလဲမဟုက်ပဲနဲ့"မားကပြောလဲပြောဆေးနဲ့ရေခွက်လေး ကမ်းပေးသည်။

"အာ့ကြောင့် မားကိုချစ်တာ....သားပျင်းမှာကြိုသိနေတယ်။မားလောက်သားအကြောင်းဘယ်သူမှသိမှာမဟုက်ဘူး"ဆေးသောက်ပြီး မားခါးလေးကိုဖက်ပြီး... ရွှက်ခနဲ ပါးပြင်းကြီးအားအနမ်းကြီးကြီးပေးလိုက်သည်။

"အမလေး....အချွဲလေးပါလား။ပြီးရင် မားကိုတစ်ယောက်ထဲ ထားခဲ့မဲ့သူက"

မားကပြုံးရင်နဲ့ပြောရှာသည်။အမေတစ်ခုသားတစ်ခုဘဝလေးမှာ ကိုယ်ကတော့မားကိုတစ်ယောက်ထဲမထားခဲ့နိုင်ပါဘူး။အိမ်ထောင်ကျခဲ့ရင်တောင် မားနဲ့ပဲတူတူနေမှာ။

💞 I love Being Yours💞 ( complete )On viuen les histories. Descobreix ara