38😍Unicode

1.2K 79 0
                                    

38😍

ဘာလိုလိုဖြင့် ဇွန်ထက်ပိုင်တစ်ယောက် သူ့ချစ်ချစ်အားစိတ်ကောက်တာ တစ်ပတ်နှင့်သုံးရက်ရှိနေလေပြီး။ကျောင်းတွေတောင်ပြန်ဖွင့်လို့နေလေသည်။တစ်နေ့တစ်မျိုးမရိုးရအောင် ချော့နည်းတစ်ထောင်ဖြင့် ချော့ခံရသည်။စိတ်ဆိုးပြေတာတော့ လွန်ခဲ့တဲ့သုံးရက်လောက်ထဲကပါ။ဒါပေမဲ့ ကိုကို့အား ပညာပေးခြင်းဖြစ်သည်။
ဟွန့်... ဘယ်သူက သူ့အလုပ်ကိုရွေးခိုင်းလို့လဲ။ငါကအလုပ်လောက်တောင်အရေးမပါဘူးပေါ့။

"သားရေ....မပြီးသေးဘူးလား။အောက်မှာမြတ်လေးနဲ့ရတီတို့စောင့်တာကြာနေပြီး။"
ကျောင်းသွားဖို့နောက်ကျနေ၍မားမှလာခေါ်ရလေသည်။ကျောင်းဖွင့်ထဲကိုကို့အားရွဲ့ကာ ကိုမြတ်ကိုနေ့တိုင်းလိုက်ပို့ခိုင်းလေသည်။

"ပြီးပါပြီးမားရယ်..."

"ဘာလဲ....ချစ်ချစ်သဝန်တိုအောင်အပြက်ရွှိုင်းနေတာလား သားငယ်။"
မားမှပြုံးပြုံးပြုံးဖြင့်မေးလေတော့ ကိုယ့်မှာမျက်နှာပူကာ ဘယ်ထားရမှန်းမသိတော့ပေ။

"အား...မား ဘာတွေလျောက်ပြောနေတာလဲ။"
ရှက်ရမ်းရမ်းကာ ထွက်သွားသောသားငယ်လေး။ဟိုကချော့ပြန်တော့လဲမူနေသည်။ကိုယ့်မှာအမေကြီးတန်မဲ့ နှစ်ယောက်ကြားဝင်ဖြန့်ဖြေပေးရသည်။ဟိုကလေးမှာ ကိုယ့်ကသားကိုတော်တော်အလိုလိုက်သည်။လိင်တူဖြစ်လို့ ပက်ဝန်းကျင်ရဲ့ကဲ့ရဲ့မှုကိုခံရပေမဲ့ သူတို့လေးတွေအချင်းချင်းချစ်ကြတော့ ဝမ်းသာမိသည်။သာမာန်မိန်းကလေးနဲ့ဆိုရင်တောင်ကိုယ့်သားလေးစိတ်ညစ်ရဦးမည်။ထွဋ်လေးက သားကိုမျက်နှာမညိုးရအောင် ဂရုစိုက်လေသည်။မျိုးဆက်တွက်တော့စိတ်မပူပေ... မိဘမဲ့ဂေဟာမှာ အများကြီးပေ။ကြိုက်သလောက်မွေးစားလို့ရပေသည်။ခိုကိုးရာရင်ခွင်မဲ့နေတဲ့ကလေးများကို ရင်ခွင်ထဲမှာ ခိုလုံခွင့်ပေးလိုက်တာက ကုသိုလ်ပင်ရသေးသည်။သူတို့လေးတွေမွေးစားလဲ ကိုယ့်လက်ထဲရောက်ရင် ကိုယ့်ကလေးပင်ဖြစ်သည်။

"သွားပြီးနော်အန်တီ"

"တာ့တာမား..."

"တာ့တာအန်တီချစ်..။"

"အေးအေး...ဂရုစိုက်မောင်းဦး မြတ်လေးရေ...။"

"စိတ်ချပါအန်တီ...။"

💞 I love Being Yours💞 ( complete )Where stories live. Discover now