13😍U+Z

2K 170 5
                                    

13😍Unicode

အလုပ်မလုပ်လို့လဲမရတော့ဘူး.....ရှေ့မှာကိုမျိုးသိန်းကနှာကစ်နေပြီ။
ဟူး....Fa တွေကတော့ဒါတွေနားလည်မှာမဟုတ်ပါဘူးလေ...။

"အဟမ်း..အစည်းအဝေးစမယ်။"

အစည်းအဝေးခန်းမှာအစည်းအဝေးလုပ်ရင်းတန်းလန်းဖုန်းနှိတ်ပြီး
ပြုံးနေတာသူမှမဟုတ်လေစွ။
ဖုန်းနှိတ်နေတုန်းလေထုကတစ်မျိုး.
ခုကြတစ်မျိုးနဲ့ဖိအားက
ခြေတုန်လက်တုန်ဖြစ်စေတယ်။

"ခုနကပြောသလိုပါဘဲ။ဒီလိုကိစ္စမျိုးထပ်မရှိပါစေနဲ့။ပြီးတော့
ဒီတစ်ခေါက်ကျောက်တွေကိုUS
ကလေလံတင်တဲ့ဆီပို့မှာဖြစ်တဲ့အတွက်သေချာလုပ်ထားပါ။ဘာအမှားမှမဖြစ်စေချင်ဘူး။ကျောက်တွင်းတွေကိုသေချာကိုင်တွယ်ပါ။လုပ်သားတွေဆေးဆွဲမှုကင်းအောင်လဲလုပ်ထားပါ။
ကျွန်တော်ပိုင်တဲ့တွင်းတွေဆီမှာ
အသံမထွက်စေချင်ဘူးတစ်ခါထဲပြောထားတာ။"

ဦးမိုးဟိန်းကတော့မျက်နှာပျက်လို့

"ဟုတ်ကဲ့ပါ။"

"ဒါဆိုသွားကြစို့။"

ကျောက်တွင်း​တွေကိုသွားစစ်ပြီးပြန်လာတော့မိုးချုပ်နေပြီ။ရေမိုးချိုးပြီးအလုပ်ခန်းထဲဝင်လာလိုက်ပြီး အလုပ်လုပ်လိုက်တာ10နာရီထိုးသွားတယ်။အိပ်ခန်းထဲပြန်လာကာ အိပ်ယာပေါ်တက်လှဲပြီးဖုန်းလေးဖွင့်ကာအချစ်လေးဆီစာပို့လိုက်​ပြီးတော့ အရမ်းပင်ပန်းနေလို့တစ်ချိုးတည်းအိပ်လိုက်တယ်။

ဇွန်လရဲ့မိုးဦးနံနက်ခင်းလေးဟာမိုးစက်လေးများတစ်ဖွဲဖွဲကခုန်လို့နေတယ်။ဒီနေ့တော့မိုးရွာနေလို့အပြေးစက်မှာဘဲပြေးလိုက်တယ်။ဒီမှာကgyamဆော့ဖို့အဆင်မပြေတော့
အပြေးစက်မှာဘဲပြေးရတယ်။
ကျန်းမာရေးလိုက်စားလို့လဲခုလို
တောင့်တင်းတဲ့ခန္ဓာကိုယ်ရတာလေ။
ပြေးလို့ပြီးတော့ချွေးသိမ့်စောင့်ရင်း
ပို့ထားတဲ့ကော်ဖီခွက်ကိုင်ရင်းအပြင်က
မိုးစက်လေးတွေကိုငေးနေမိတယ်။
ဒီအချိန်ဆိုအချစ်ကလေးမိုးအေးအေးနဲ့ကွေးတုန်းထင်တယ်။

နောက်တစ်ပတ်ဆိုအချစ်ကလေးမွေးနေ့​ရောက်ပြီးပဲ။မနက်ဖြန်ဆိုကိုယ်ကရန်ကုန်ပြန်ရတော့မယ်။
မွေးနေ့အချစ်ကလေးနဲ့တွေ့ရမယ်။
Usကစိန်မှာထားတာကမရောက်သေးဘူးလား....အချစ်ကလေးမွေးနေ့မမှိရင်တော့ ကိုမျိုးသိန်းနဲ့တွေ့ပြီးပေါ့။
အချစ်ကလေးအကြောင်းတွေးမှ အချစ်ကလေးကို ပိုလွမ်းမိတယ်။
စတွေ့တဲ့ရက်ကလေးပဲ တွေ့ခဲ့ရပြီး
ကိုယ်ရံတော် ပို့ပေးတဲ့ပုံလေးတွေပဲကည့် ခဲ့ရတာ။ တစ်နှစ်နီးပါး....Milk Tea လေးနဲ့ပဲ ပိုးခဲ့ရတယ်။ ကိုယ့်ကို လက်ခံလာအောင်လို့ ဗျူဟာခင်ရတာ
လွယ်တော့မလွယ်ပါဘူး။

💞 I love Being Yours💞 ( complete )Unde poveștirile trăiesc. Descoperă acum