27 Unicode 😍

1.3K 100 2
                                    

27😍

အချစ်လေးနဲ့ မတွေ့ကတာ တစ်ပင်ပြည့်လေတော့မည်။ခုထိ မွမွလေးတစ်ခုတောင် မပေးရသေး။ ကိုယ်လဲလုပ်ငန်းသစ်အတွက် အလုပ် ရှုပ်နေခဲ့သည်။ကိုမျိုးသိန်းနဲ့အလုပ်တွေထားခဲ့ကာညနေစောစောပြန်လာခဲ့သည်။
အိမ်ပြန်ရေမိုးချိုးပြီး အဝတ်လဲကာ...ကားသော့ဆွဲ၍...စင်တာရှိရာထွက်လာခဲ့သည်။ချစ်လေးတွက်မုန့်တွေနှင့် အန်တီတွက်လက်ဆောင်ဝယ်ကာ...ချစ်လေးအိမ်သို့လှည့်လာခဲ့သည်။တော်သေးသည်...ချစ်လေးအမေကို ဖွင့်ပြောခဲ့တော့...ညမိုးချုပ်နေလဲဘာအခက်အခဲမှမရှိပေ။

အည့်ခန်းထဲတွင်....စားရင်းကြည့်နေသော...ချစ်လေးမေမေနှင့်တွေ့လေသည်။

"အန်တီနေကောင်းလား"

"ကောင်းပါ့ကွယ်...ဒါနဲ့မိုးချုပ်ကြီးဘာလို့..."

"ပိုင်လေးနဲ့လာတွေ့တာပါ။ဒီတစ်ပက်ထဲ...ကျွန်တော်အလုပ်တွေရှုပ်နေလို့မတွေ့ဖြစ်သေးလို့ပါ။ဒါအန်တီတွက်လက်ဆောင်လေးပါ"

"အိုးကွယ်...မဟုက်တာ။နောက်တစ်ခါ ဘာမှမယူလာနဲ့။မုန့်တွေလဲ သားငယ်မှာတာမှတ်လား....အလုပ်ရှုပ်နေတဲ့သူကို သားငယ်ကတော့..."

"ရပါတယ် အန်တီ။အပန်းမကြီးပါဘူး...ကျွန်တော့တွက်။"

"အေးအေးး....အန်တီသွားခေါ်ပေးမယ်နော်....."

"ဟုက်ကဲ့...ကျေးဇူးတင်ပါတယ် "

ချစ်မေမေ အပေါ်ထက်တက်သွားမှ ပင့်သက်ချမိသည်။ မိုးချုပ်နေတဲ့အတွက် မတွေ့ခိုင်းမှာ ဆိုးလို့ပင်။

"ဟာ...ကိုကို လာမှာကို ကြိုလဲမပြောဘူး"စူပုက်ကာ...ကိုယ့်ဘေးနားမှာဝင်ထိုင်လေကာ...အပြစ်တင်နေတဲ့ ချစ်လေး။မတွေ့တာကြာလို့...ပိုချစ်ဖို့ကောင်းလာသည်။

"ဟုက်တယ်...ကိုလဲလွမ်းလွန်းလို့သာ..လာတာ။အလုပ်တွေမပြီးသေးဘူး...ကိုမျိုးသိန်းနဲ့ထားခဲ့တာ။"ခါးလေးကိုဖက်ကာ....ပြောလိုက်တော့...

"အင်း...ကျွန်တော်လဲလွမ်းနေတာ..."ရင်ခွင်ထဲမှ မော့ကြည့်ကာပြောလာလေသည်။

"အာ...ဘာလေးလဲကွာ...ချစ်လွန်းလို့ရူးတော့မယ်။ ရွှတ်...."ခါးလေးကိုညစ်လိုက်ကာ ပါးလေးကိုနမ်းရင်းပြောလိုက်သည်။

"ဟာ...ကိုကို မေမေတွေ့မယ်။"မျက်နှာလေးရဲကာပြောလာသည်။

"လာ...အိမ်ရှေ့နှင်းဆီခင်းက ခုံလေးစီသှားမယျ။"ချစ်လက်ကလေးဆွဲကာ...ခုံလေးရှိရာဆီထွက်ခဲ့သည်။

ခုံတန်းနားစီးရောက်တော့....အချစ်လေးကိုဆွဲဖက်ကာ...အလွမ်းတွေကိုပုံဖော်မိတော့သည်။

...အွတ်..

နူးညံတဲ့အပေါ်နှုတ်ခမ်းလေးတစ်လှည့်အောက်နှုတ်ခမ်းလေးတစ်လှည့်နမ်းရှိုက်ရှုံနဲ့ မတင်းတိမ်နိုင်ပေ။လျာဖျားလေးအားတို့ကာ....နှုတ်ခမ်းတို့အားပွင့်စေလျက်နေရာသစ်အားစူစမ်းလေတော့သည်။နှင်းဆီးခင်းကိုတိုက်ခက်ကာ ဖြတ်သန်းလာတဲ့လေနဲ့အတူ....ချစ်လေးရဲ့နှုတ်ခမ်းလေးတို့ကိုမလွှတ်ပေးနိုင်စွာ တစ်ရှိုက်မက်မက်စုပ်ယူ စားသုံးလေတော့သည်။

ချစ်နှုတ်ခမ်းလေးမှာ...ဘယ်လောက်ပျော်ဝင်နေလဲမသိကာ...အချစ်လေးရင်ဘက်ကိုထုမှ အသိဝင်တော့သည်။

"ဘယ်လိုတောင်ဖြစ်နေတာ....ကိုကို"

လမင်းရဲ့အလင်းရောင်အောက်မှာ...ချစ်လေးရဲ့နှုတ်ခမ်းလေးတွေဟာ အမောတစ်ကောအသက်ရှုလို့နေလေတယ်။နှုတ်ခမ်းနားက ငွေရောင်အမျင်လေးတွေကိုသုပ်ပေးကာ...

"အရမ်းချစ်တယ် ချစ်လေးရယ်"

"ကျွန်တော်လဲ အရမ်းချစ်တယ်ကိုကို"

ရှက်ရဲရဲနဲ့ ပြန်ဖြေနေသော ချစ်လေးကို ဖက်ကာ လေနုညင်းညင်းလေးတွေနဲ့အတူ ကောင်ကင်ပေါ်ရှိကြယ်လေးများကို ရေတွက်ရင်း....တစ်ဝကြီးအလွမ်းသယ်လို့နေသည်။

--------------------
တစ်ဖက်မှာတော့....

"အဖေ..ရန်ကုန်လိုက်လာခဲ့တော။ကိုထွဋ် ကခြေလှမ်းတွေပြက်နေတယ်။အမြန်စီစဥ်မှဖြစ်မယ်"

"ဖြစ်ပါ့မလား....ထက်ဦးထွဋ် အကြောင်းလဲ သိသားနဲ့ သမီးရယ်။"

"ဖြစ်ပါတယ်ဆို....အဘွားကိုသမီးပိုင်တယ်...။အရိပ်အမြွတ်တော့ စကားလှမ်းထားတာ...လက်ခံတယ်အဖေ။
ကိုထွဋ် က အဘွားစကားတစ်ခွန်ပဲ။"

"သေချာတယ်ဆိုပြီးတာပဲ။အဖေ အလုပ်တွေ လက်စသက်ပြီးလာခဲ့မယ်"

"ဟုက်ကဲ့ "

မိုးမမဖုန်းချလိုက်ကာ...စိတ်ထဲမှာကြိမ်းလိုက်လေတယ်။

"ရှင် ကျမကိုဘယ်လောက် ပစ်ပယ်ပယ် နောက်ဆုံးကျရင် ကျမလက်ထဲပဲရှင်ရောက်ရမယ်။"

တော်သေးသည် အဘွားကိုကပ်ထားလို့ပင်...အဘွားကလဲ သူ့ကို တော်တော်သဘောကျလို့နေသည်။

____________________________________
ဖတ်ပေးတဲ့ အချစ်လေးတွေ ကျေးဇူးပါနော်😘😘😘voteပေးတဲ့အချစ်လေးတွေလဲ ကျေးဇူးပါနော်😘😘😘Reading listထဲထည့်ပေးလို့လဲကျေးဇူးတင်ပါတယ်နော်😍😍ချစ်တယ်😘😘

💞 I love Being Yours💞 ( complete )Where stories live. Discover now