11😍Unicode

2.1K 180 2
                                    

11😍Unicode

"ဒါနဲ့ ခင်ဗျားနဲ့ကျွန်တော် ဘယ်မှာတွေ့ဖူးတာလဲ"

"ကိုယ့်စင်တာထဲက အိမ်သာရှေ့မှာလေ"

"ဟမ်.."ဘယ်လိုကြီးလဲဟ။

"ကိုယ်နဲ့ဝင်တိုက်ပြီး...ကိုယ့်ကိုရန်တွေ့တာလေ...ချစ်လေးက"

"အမ်"ဘယ်လို...အဲ့နေ့က လူကြီးလား..။အံသြနေတုန်း ...အခန်းခေါက်သံကြားလိုက်တယ်။

"ဒေါက်...ဒေါက်....အစ်ကိုလေး deliရောက်နေတယ်။"

"ဟုတ်...ကိုဝေလာပြီ"ဖုန်းယူပြီး ဆင်းလာခဲ့လိုက်တယ်။

ခြံရှေ့ရောက်တော့ တွေ့လိုက်ရတာ နှင်းဆီစည်းကြီးနဲ့ Phooအရုပ်ကြီးနဲ့ကောင်လေးတစ်ယောက်။လက်မှတ်ထိုးပြီး ပစ္စည်းတွေနဲ့ကိုလက်ခံလိုက်တယ်။ပန်းစည်းနဲ့အရုပ်ကိုမနိုင်မနင်းသယ်ပြီး ဧည့်ခန်းထဲမှာ ပစ်ချပြီးထိုင်မိတယ်။မောလိုက်တာ.....

"ဟူးးးး"ကိုဝေကလဲ လှစ်ခနဲဆိုပျောက်သွားတယ်။အရုပ်နဲ့ပန်းဆိုတော့ သေးသေးပဲထင်လိုက်တာ။ဒီလူကြီးက အံသြအောင်အမြဲလုပ်တယ်။







Phooအရုပ်ကလဲအကြီးကြီးပဲကြိုက်လိုက်တာ။နှင်းဆီနီ၆၆ပွင့်ကိုအမဲရောင်ပါကင်စလေးနဲ့ထုပ်ပိုးထားတယ်။နှင်းဆီနီကြားထဲမှာ အမဲရောင်စာအိပ်လေး။Milk Tea လေးသောက်ရင်း...စာကိုယူဖတ်လိုက်တယ်.....မိန့်မိန့်ကြီးနဲ့ပြုံးပြုံးနဲ့ပေါ့....။

========================
အချစ်ကလေးရေ.....

နှင်းဆီ၆၆ပွင့်ရဲ့ အဓိပ်ပါယျက...
ငါ့ရဲ့အချစ်က မင်းတွက်ဆိုရင် ဘယ်သောအခါမှ ပြောင်းလဲမှာ မဟုတ်ပါဘူးတဲ့။

ဒီလိုပဲ ကိုယ့်ရဲ့အချစ်ကလဲ မင်းအပေါ်မှာ သက်ဆုံးတိုင်ထိ ပြောင်းလဲမှာ မဟုတ်ပါဘူး...အချစ်လေးရေ။
========================

စာလဲဖတ်ပြီးကော နှုတ်ခမ်းကစိမရတော့ဘူး။သွားတွေတောင်အအေးပက်တော့မယ်။ပိတိဂွမ်းဆီထိနေတာ.....
အယ်....ငါက ဘယ်လိုတွေတောင်ဖြစ်နေရတာလဲ။ နွားပွဲစားလိုပဲ....ဒွခပဲ မသိမသာ ကွေးနေပြီးလားဟ......
ငါ့ရဲ့ သံချောင်းပမာ..အဖြောင့်စိတ်တွေကလေ.....ဘုရားကယ်ပါ။

"အား......ဒီလူကြီးကတော့....တော်တော်တက်တယ်"
လူကိုအမျိုးမျိုး ခြွေနေတာ...ငါ့သံချောင်းပမာ အဖြောင့်ကြီးကတော့ ကွေးတော့မယ်။

"ဦးတိုးရေ...ဦးတိုး.."

"လာပြီး အကိုလေးရေ"

"သားကိုဒါတွေအခန်းထဲပို့ပေးပါဦး"

"ဟုတ်ကဲ့အစ်ကိုလေး"
ဦးတိုးကိုပြောပြီး မီးဖိုချောင်ထဲဝင်လာခဲ့တယ်။

ရေသောက်ရင်း..."အန်တီတင် ဒီနေ့ဘာချက်" မေးလိုက်တော့။

"အော်.... သားပိုင် ပုဇွန်ထုပ်ဆီပြန်ရယ်၊သရက်ချဥ်သုပ်ရယ်၊အရွက်ကြော်မယ်လေ...သားစားချင်တာရှိလား"

"မရှိပါဘူး အန်တီတင်...သားအကြိုက်တွေပဲကို"ဟုတ်တယ်လေ...အမြဲကိုယ်ကြိုက်တာပဲချက်နေတာကို။

"အန်တီတင် သားကို လက်ဖက်သုပ်ပြီး အပေါ်ပို့ပေးပါလား"

"ဟုတ်ပီး သားလေး ပို့ပေးမယ်နော်"

"ဟီး..ကျေးဇူးပါ အန်တီတင်" အန်တီတင်ကိုပြောပြီး အပေါ်တက်လာခဲ့တယ်။

အခန်းထဲရောက်တော့ Phooလေးက ကုတင်ပေါ်မှာအခန့်သား။ပန်းစည်းလေးကိုယူပြီး ပြုံးမိသေးတယ်။
စားပွဲပေါ်တင်လိုက်ပြီး စာအိတ်လေးကိုတော့ ဘီဒိုရဲ့အောက်ထက်က ပုံးလေးထဲထည့်လိုက်တယ်။အရင်ကနှင်းဆီခြောက်လေးတွေ၊စာအိတ်လေးတွေနဲ့အတူပေါ့။

💞 I love Being Yours💞 ( complete )Where stories live. Discover now