14😍U+Z

2K 171 2
                                    

14😍Unicode

"အောက်မှာကိုမိုးသိန်းတို့ရောက်နေတယ်"

"အေးးးး"

"မင်းကိုusကမှာခိုင်းထားတဲ့စိန်တွေရပြီလား"

ကိုယ့်အချစ်လေးအတွက်သီးသန့်စိန်အသန့်တွေရှာပြီးကိုယ်နဲ့ဆင်တူဆွဲကြိုးလေးလုပ်ပေးပြီးမွေးနေ့လက်ဆောင်ပေးမို့။

"ဟုတ်...မနက်ဖြန်ရောက်ပြီတဲ့"

"အေးငါပို့ထားတဲ့ဆွဲကြိုးဒီဇိုင်းကို
တစ်ပတ်အတွင်းအပြီးလုပ်ခိုင်းလိုက်"

"ဟုတ်ကဲ့Boss"

အသန့်ဆုံးစိန်နဲ့ပထမဆုံးလုပ်ထားတဲ့coupleဆွဲကြိုးလေးဖြစ်ရမယ်။

အားလုံးပြီးစီးတော့အောက်ကိုဆင်းလာလိုက်တယ်။အောက်ထပ်မှာမိုးမမတို့သားအဖကအခန့်သားနဲ့။တော်တော့်ကို အရေးကြီးပုံ အလုပ်မသွားခင်စောစောစီးစီးလာပုံထောက်ရင်ရန်ကုန်လာဖို့ကိစ္စပဲနေမှာ။

"မောနင်းသား။"

အဟက်...သားတဲ့..သိပ်တော်ချင်နေတယ်ပေါ့။

"သားလို့ခေါ်စရာမလိုပါဘူး....
ထက်ဦးထွဋ် လို့ပဲခေါ်ပါ။"

ပြောလိုက်တော့မျက်နှာပျက်သွားတဲ့ဦးမိုးဟိန်း။

"အော်...အေးအေး"

"လာရင်းကိစ္စကိုလိုရင်းတိုရှင်းပြောပါ"

"ကိစ္စကတော့မိုးလေးကိုရန်ကုန်ထည့်
ပေးဖို့ပါ။မိန်းကလေးဆိုတော့...စိတ်မချလို့ပါ။ပြီးတော့ ကုမ္မဏီ ကိုလည်းသူကစိတ်ဝင်စားတော့ရှယ်ယာကိစ္စလေးတွေပါပြောချင်လို့လေ။"

"ရန်ကုန်လိုက်တာက ကိစ္စမရှိဘူး။
ဦးမိုးသိန်းတို့အဘွားကိုပြောထားပြီးသားကိစ္စ။ကျွန်တော်နဲ့မဆိုင်ဘူး။ပြီးတော့လိုက်ချင်ရင်..နောက်ကားနဲ့လိုက်ခဲ့..ကျွန်တော်ကတော့်ခေါ်မသွားနိုင်ဘူး။"

"ရှယ်ယာကိစ္စကတော့ကျွန်တော့်PAနဲ့ပြောလိုက်ပါ။"
ဟုတ်တယ်လေရှင်းရှင်းပဲ..ခုရှုတ်မှနောင်ရှင်းမှာ။

"ဒါပဲမှတ်လား။ဒီနေ့စာရင်းအပြီးချုတ်ရမှာမို့meetingမှာတွေ့မယ်။"

💞 I love Being Yours💞 ( complete )Donde viven las historias. Descúbrelo ahora