37😍Unicode

1.2K 81 0
                                    

37😍

ထက်ဦးထွဋ် တို့နှစ်ယောက်ဟာဖြင့်တစ်ပက်နေမဲ့ကိစ္စမှာနှစ်ရက်ဖြင့်ပြန်ရလေသည်။မေမေကြီးမှ ဖုန်းတစ်ကွမ်ကွမ်ဆက်လို့ပင်ဖြစ်သည်။အချစ်လေးအား ယောက္ခမအိမ်သို့အရင်ဝင်ပို့ရသည်။အိမ်ရှေ့ကားရပ်လိုက်သည်နှင့် ယောက္ခမကြီးမှာအဆင်သင့်ထွက်ကြိုနေသည်။
သားငယ်လက်လေးကိုဆွဲကာ အည့်ခန်းမှာထိုင်လိုက်သည်။ထွဋ်လေးခဗျာ အထုပ်တွေနှင့်နောက်ကလိုက်လာလေသည်။သားငယ်ကတော့ ဆူပုက်နေကာ....နှုတ်ခမ်းကဘေးကလူတွေကိုထိုးတော့မယောင်။

"ထိုင်သား......သားတို့ဘယ်လိုဖြစ်တာလဲ။မားမှာတော့ဖြင့် ဖုန်းရတော့လန့်သွားတာပဲကွယ်။သားငယ်လေးများနေမကောင်းတာလားလို့။"

ယောက္ခမကြီးမေးတော့ ထက်ဦးထွဋ် မှပြန်ဖြေရသည်။ချစ်ရသူကတော့ စိတ်ကောက်နေသဖြင့် ဆူပုက်နေသည်။

"မဟုတ်ပါဘူး...အန်တီရဲ့။ကျွန်တော့်အလုပ်ကအရေးပေါ်ဖြစ်သွားလို့ပါ။ကျွန်တော် ငံခြောက်နဲ့ဟာလဝါဝယ်လာခဲ့တယ်အန်တီ။လက်ခံပေးပါဦး.....။"
လက်ထဲမှအထုပ်တွေအားယောက္ခမကြီးအားပေးလိုက်တော့...။

"အိုး....မဟုက်တာသားရယ်။မဝယ်လာလဲရရဲ့သားနဲ့...။"
ယောက္ခမကြီးမှ အားနာ၍ပြောလာသည်။

"ရပါတယ်အန်တီ"ယောက္ခမကြီးအားပြန်ဖြေပြီး ဆူပုက်နေသောချစ်လေးကိုကြည့်ကာ ပြောလိုက်သည်။

"ချစ်စိတ်မကောက်ပါနဲ့ကွာ....။ကိုယ်တစ်ကယ်အရေးကြီးလို့ပါ။နောက်တစ်ခါချစ်စိတ်ကြိုက်လိုက်ပို့ပါ့မယ်။ကိုယ်ကတိပေးတယ်..။"

"အေးကွယ်....သားငယ်ရယ်။ဟိုကအရေးကြီးလို့လေ....မိန်းကလေးကျနေတာပဲ စိတ်ကကောက်သေး။"
ယောက္ခမကြီးက ကိုယ့်ဘက်လိုက်ပြောတော့...

"မားသိလည်းသိဘဲနဲ့ သူ့ဘက်မပါနဲ့...ဟွန့်...။"
ခြေစောင့်ကာ ကိုယ်အားမျက်စောင်းထိုး၍ တစ်ဒုန်းဒုန်းဖြင့်သူ့အခန်းစီ တက်သွားလေသည်။

"ကဲ.... ဒီကလေးတော့..။အာ့ကြောင့်သားကို အရမ်းအလိုမလိုက်နဲ့လို့ပြောတာ.....သူကအလိုလိုက်ရင်ယောက်တက်တယ်။"

"ရပါတယ်အန်တီရယ်...ချစ်ကငယ်သေးတာကိုး။သားလဲ​ပြန်လိုက်ပါဦးမယ်.....။"

💞 I love Being Yours💞 ( complete )Where stories live. Discover now