[Zawgyi]
ငါးလခန့်ကြာပြီးနောက်.......
''ကလေးလေး ကိုယ်ပြန်လာပြီ ''
ဧည့်ခန်းကဆိုဖာပေါ်လက်ဆွဲအိတ်ကိုပစ်တင်လိုက်ကာ သခင်ကအသံပြုရင်း ငယ်လေးရှိရာမီးဖိုးခန်းထဲရောက်လာသည်။
''ကိုကို ရောက်လာပြီလား အရင်ရေသွားချိုးလိုက်နော် ဒီနေ့အတန်းဆင်းတာနောက်ကျလို့ ကျနော်ထမင်းချက်တာနောက်ကျနေပြီ ''
အေပရွန်လေးဝတ်ထားသော ငယ်လေးကသံဇွန်းရှည်လေးကိုင်လျက် ဟိုအိုးမွှေ၊ဒီအိုးမွှေ အလုပ်ရှုပ်နေကာသခင့်ကိုတောင်နောက်လှည့်မကြည့်နိုင်။သခင်က ကုမ္ပဏီမှာအလုပ်ဝင်နေပြီဖြစ်ကာ ငယ်လေးကဒုတိယနှစ်ဆက်တက်သည်။
''ကလေးကလည်းကွာ အဲဒါကြောင့်အိမ်အကူခေါ်မယ်လို့ကိုယ်ပြောတာ အခုပင်ပန်းနေပြီမဟုတ်လား ''
သခင်ကသူ့ကိုတောင်မျက်နှာလေးမပြနိုင်ဘဲအရမ်းတွေအလုပ်ရှုပ်နေသော ငယ်လေးကြောင့် နည်းနည်းတင်းလာကာ လေသံကဒေါသသံပါလာပေသည်။ငယ်လေးကနောက်လှည့်လာရင်း.....
''ကျနော်ဘာမှမပင်ပန်းပါဘူး ကိုကိုရဲ့ ကိုကိုစားဖို့ကျနော်ကိုယ်တိုင်ချက်ကျွေးချင်လို့ပါ စိတ်မဆိုးပါနဲ့နော်..ကိုကိုနော်''
နဖူးစပ်မှာချွေးစလေးတွေနဲ့ငယ်လေးကသခင့်လက်မောင်းကိုခိုတွဲလာရင်းပြုံးပြုံးလေးချော့သည်။သခင် စိတ်လျှော့ချလိုက်ရင်း သက်ပျင်းချသည်။ဒီကလေးလေး ဒီလိုလေးပြုံးပြနေတော့ သူစိတ်ဆိုးမည့်အစီအစဉ် ဘယ်ပျောက်သွားမှန်းမသိ။သခင်က ငယ်လေးခါးလေးကိုလက်တစ်ဖက်နဲ့ပွေ့ဖက်လိုက်ရင်းရင်ခွင်ထဲဆွဲသွင်းကာ နဖူးပေါ်ကချွေးစလေးတွေကိုလက်နဲ့အသာပွတ်သုတ်ပေးသည်။
''ကိုယ်စိတ်မဆိုးပါဘူး ''
စိတ်မဆိုးပါဘူးဆိုသည့်ရုပ်ကတည်တည်တင်းတင်းကြီး။
''အဲဒါဆို ကိုကိုမျက်နှာကြီးတည်မနေနဲ့လေ''
ငယ်လေးက သခင့်မျက်နှာကိုမော့မော့လေးကြည့်လာရင်းဆိုသည်။စိတ်မကောင်းဟန်မျက်ဝန်းလေးကြောင့် သခင်ကမန်းကတန်းပြန်လည်ပြုံးပြရရင်း...
ČTEŠ
Love is you
Romance[Zawgyi] အချောအလှလေးတွေသဘောကျသောplay boyကြီးမင်းသခင် ရိုးရိုးအေးအေးကြာပန်းဖြူလေးနွေဦးငယ် Both Zawgyi and Unicode #This story is my first own creation. Please read it and give me comments.This includes some mature contents such as violent words ,bed...