အခန်း12

5K 473 1
                                    

[Zawgyi]
ငယ်လေးအဝတ်အစားလဲပြီး သခင်ခေါ်ရာနောက်လိုက်ပါလာရသည်။ဓာတ်ပုံလည်းမရိုက်ရတော့။ဆိုင်ကန်စတန်းရှိသခင့်ဆိုင်ကယ်နားတွင်ရပ်နေကြရင်း...
''ငယ်လေး တစ်ခုခုစားပြီးမှပြန်မယ်နော် ''။သခင်ကငယ်လေးကိုHelmetဆောင်းပေးကာမေးသိုင်းကြိုးငုံ့တပ်ပေးနေရင်းပြောသည်။
''ဟုတ် ကိုကြီး ''
''ကိုယ့်ကို ကိုကိုလို့ခေါ်မယ်ဆို ''။ငယ်လေးမျက်နှာလေးကိုပြုံးကြည့်နေရင်းသခင် ပြောလိုက်တော့ငယ်လေးမျက်နှာလေးနီကာခေါင်းလေးငုံ့သွားသည်။
''ဟုတ်ကဲ့  ကိုကို ''။အသံတိုးတိုးလေးထွက်ပေါ်လာသည်။သခင်အသည်းယားသွားကာငယ်လေးပါးဖောင်းလေးကိုချစ်စနိုးလေးဆွဲဖဲ့လိုက်ရင်း....
''လိမ်မာတယ် ကိုယ့်ကလေးလေး ''။သခင်ကဆိုင်ကယ်ပေါ်ခွတက်လိုက်ရင်းhelmetဆောင်းသည်။ငယ်လေးကသခင့်ခါးကိုဖွဖွလေးလာကိုင်သည်။သခင် ငယ်လေးလက်လေးတွေကိုဆွဲယူကာတင်းတင်းကြပ်ကြပ်သူ့ခါးကိုဖက်စေလိုက်ရင်း.....
''ကိုယ့်ကိုမြဲမြဲဖက်ထား ''။နောက်လှည့်ကြည့်ရင်းပြောသည်။
''ဟုတ် ''။ငယ်လေးကသဘောကျကာပြုံးပြုံးလေးဖြစ်သွားရင်းခေါင်းလေးငြိမ့်သည်။
''ဟဲ့ ဟဲ့ သူ သူကthe whole kingကြီးမလား ''
''အားး ဟုတ်တယ် ငါ့သူ့ရဲ့Body structure အလွတ်ရတယ် နေ နေပါအုံး အခုသူကgayသွားပြီလား!! ''
''နိုးးနိုးးမဖြစ်ရဘူး!! ''။ကောင်မလေးတွေခင်မျာ ဖြူဖြူသေးသေးကောင်လေးတစ်ယောက်နဲ့အတူ ပူးကပ်ကာဆိုင်ကယ်စီးလျက်ထွက်သွားသော the whole kingကြီးကိုမြင်လိုက်ကြသဖြင့် အကြီးအကျယ်ကြေကွဲကျန်ခဲ့ကြသည်။ငယ်လေး ကိုကို့(ကိုကိုဖြစ်သွားပြီ😁)ခါးကိုဖက်သွယ်ကာကျောပြင်ကျယ်ကြီးကိုအသာမှီနေရင်းကိုယ်သင်းနံ့သင်းသင်းကိုခိုးရှုရှိုက်နေမိသည်။ငယ်လေးနှုတ်ခမ်းလေးတွေကအပြုံးလေးတွေခိုတွဲနေလျက်။ကျောင်းကမြို့ပြင်ဘက်နေရာမှာရှိနေသည်မို့  မြို့တွင်းနဲ့နည်းနည်းအလှမ်းဝေးသည်။လမ်းတစ်လျှောက်စိမ်းစိမ်းစိုစိုသစ်ပင်တွေနဲ့အဝါရောင်နေကြာပန်းခင်းတွေကနေရာယူသည်။ညနေခင်းရာသီဥတုကသာသာယာယာ။ကိုကိုနှင့်အတူတူဒီလိုအေးအေးချမ်းချမ်းအချိန်လေးက ပျာ်စရာကောင်းသည်။အတွေးနဲ့အတူငယ်လေးစိတ်အစဉ်တို့သည်သာယာအေးချမ်းနေလျက်။သူ့နောက်ကျောကိုကလေးလေးတစ်ယောက်လိုပစ်မှီနေရင်းဇိမ်ခံလိုက်ပါလာသောကောင်လေးကြောင့် သခင် သဘောကျစွာပြုံးမိရင်းသူ့ခါးကိုဖက်သွယ်နေသောငယ်လေးလက်ကလေးတွေကိုလက်တစ်ဖက်နဲ့အုပ်မိုးကိုင်လိုက်သည်။အဝါရောင်ပန်းခင်းတွေနှင့်ကောင်လေးနှစ်ယောက်ရဲ့ချစ်ကြည်နူးဖွယ်မြင်ကွင်းကလှပနေသည်။
..........။
''အကို  ဘာမှာမလဲရှင့် ''။သပ်သပ်ရပ်ဝတ်ဆင်ထားသောwaiterမလေးကအပြုံးလေးနဲ့လာမေးသည်။သခင်ကmenuကိုကြည့်နေရင်းမှငယ်လေးကိုကြည့်လိုက်ရင်း...
''ငယ်လေး ဘာစားမလဲ ''
''အာ ကိုကို အဆင်ပြေတာပဲမှာလိုက် ''
''inn... ဒါဆို ကြက်ဆီထမင်းတစ်ပွဲ ဖက်ထုပ်ပြုတ်တစ်ပွဲ coke နှစ်ဘူးပါချပေး ''
''ဟုတ်ကဲ့ရှင့် ''။သခင်ကcokeဘူးကိုဖွင့်လိုက်ရင်းဖန်ခွက်ထဲထည့်ကာငယ်လေးဘက်ရွှေ့ပေးသည်။ငယ်လေးနှုတ်ခမ်းထောင့်လေးပေါက်နေသောကြောင့်ကောင်းကောင်းမစားသောက်နိုင်။နေပါအုံး ဒီနှုတ်ခမ်းကဘယ်တုန်းကဒဏ်ရာရသွားတာလည်း။ငယ်လေးကိုယ့်ဟာကိုစဉ်းစားနေပေမဲ့ စဉ်းစားမရ။
''ငယ်လေး စားလို့မကောင်းဘူးလား ''။တို့ကနန်းဆိတ်ကနန်းစားနေသောကောင်လေးကိုကြည့်ရင်းသခင်အားမရစွာမေးလိုက်မိတော့...
'' မဟုတ်ပါဘူး ကျနော် နှုတ်ခမ်းတွေစပ်နေလို့ ''။သခင့်အကြည့်တွေ ငယ်လေးနှုတ်ခမ်းလေးပေါ်ကျရောက်လာသည်။အနည်းငယ်ရောင်ကိုင်းနေသောနှုတ်ခမ်းဖောင်းဖောင်းလေးကပုံမှန်ထက်နီရဲနေသည်။နှုတ်ခမ်းထောင့်လေးကသွေးစလေးထွက်နေသဖြင့်သခင် ကိုယ့်ကိုယ်ကိုကျိန်ဆဲချင်သွားသည်။သူနမ်းရင်းငယ်လေးနှုတ်ခမ်းကိုကိုက်လိုက်မိသည်ထင်သည်။
''sorry ကိုယ့်ကြောင့်... ''။သခင်ကတောင်းပန်စကားဆိုလိုက်တော့ငယ်လေးကနားမလည်သလိုမျက်လုံးဝိုင်းလေးနဲ့သခင့်ကိုကြည့်လာသည်။
''ကိုယ်နမ်းတာ နည်းနည်းကြမ်းသွားလို့ ''။သခင်ကတဲ့ဒိုးပြောချလိုက်မှငယ်လေးနားလည်ကာမျက်နှာလေးရဲလာသည်။
''အဟွတ်...ဟွတ် ''။ရှက်ရမ်းရမ်းကာစားသောက်လိုက်သဖြင့်မောင်းမင်းကြီးသားလေးသီး,လေပြီ။
''ဟေ့ ဖြည်းဖြည်းစားလေ ရော့ ရေသောက် ''။သခင်ရေခွက်ကမ်းပေးလိုက်တော့ယူသောက်သည်။ရေအစိုဓာတ်ကြောင့်ငယ်လေးနှုတ်ခမ်းစပ်သွားသဖြင့်မျက်နှာလေးရှုံ့မဲ့သွားလျက်။
''အရမ်း စပ်နေပြီလား ကိုယ်လုပ်ပေးမယ် ''။သခင် မျက်နှာချင်းဆိုင်ထိုင်နေရာမှငယ်လေး ဘေးနားရောက်လာသည်။ငယ်လေးမျက်နှာလေးကိုအသာပင့်မော့စေရင်းနှုတ်ခမ်းထောင့်လေးကိုတစ်ရှုးနဲ့ဖွဖွလေးသုတ်ပေးသည်။ထို့နောက်လေငွေ့နွေးနွေးနဲ့ဖြည်းဖြည်းမှုတ်ပေးလေသည်။(ရှင် ရှင်တို့လူမြင်ကွင်းကြီးမှာနော်😷...မြန်မြန်နမ်း☺)။သခင့်အာရုံတို့ကဖောင်းဖောင်းအိအိနှုတ်ခမ်းလေးပေါ်လုံးလုံးကျရောက်နေသည်။ဆိုင်အတွင်းဘက်ဖြစ်၍တစ်ဝိုင်းနှစ်ဝိုင်းပဲရှိကာလူရှင်းနေသည်။သခင့်တို့ဝိုင်းကထောင့်နားမှာဖြစ်ကာတကူးတကခိုးကြည့်မှလှမ်းမြင်ရမှာဖြစ်သည်။သခင် ထိုအခြေအနေကိုအခွင့်ကောင်းယူကာငယ်လေးနှုတ်ခမ်းလေးကိုမွခနဲတစ်ချက်နမ်းလိုက်လေသည်။ငယ်လေးမျက်လုံးလေးပြူးကျယ်သွားရင်း...
''ကိုကို!! ''။ရှက်သွေးကြွယ်ကာသခင့်ကိုမကျေမနပ်အော်တော့သည်။
''ငယ်လေးကလည်း  ဘယ်သူမှမမြင်ဘူးလေကွာ မွ!! ''။သခင်ကပြောရင်းဆိုရင်းငယ်လေးပါးဖောင်းဖောင်းလေးကိုပါအူယားစွာမွခနဲနမ်းလိုက်လေသည်။
''ကိုကိုနော် ''
''အိုကေ အိုကေ တော်ပြီ ''။သခင့်မျက်နှာချောချောကေကျနပ်စွာပြုံးရွှင်နေလျက်။
''ကိုကိုပြန်ကြမယ်လေ နောက်ကျနေပြီ ''
''အင်း ကိုယ့်ကလေးလေးသဘော ''။သခင် ငယ်လေး လက်ကိုဆွဲကိုင်လျက်ထွက်လာသည်။စားပွဲဝိုင်းတစ်ဝိုင်းရှေ့ရောက်တော့ထိုဝိုင်းကတစ်ယောက်ကရုတ်တရက်ထထွက်သဖြင့်ငယ်လေးနဲ့တိုးတိုက်မိသွားသည်။
''အ!! ''။တမင်မကျေမနပ်ဝင်တိုက်ခံလိုက်ရသလိုငယ်လေးပခုံးလေးအောင့်ခနဲဖြစ်သွားသည်။
''ငယ်လေး နာသွားလား ''။သခင် ငယ်လေးကိုယ်လေးကိုသူ့ဘက်ဆွဲလိုက်ရင်းကမန်းကတန်းမေးသည်။နူးနူးညံ့ညံ့ ငယ်လေးထိခိုက်နာကျင်သွားမှာသူတကယ်မလိုလားပေ။
''အိုးးဟင့်! sorryနော် ''။ဝင်တိုက်လိုက်သောဖြူဖြူနုနုကောင်လေးကအပြင်းအထန်ငိုကြွေးထားသလိုမျက်လုံးတွေနီရဲနေကာမျက်ရည်တွေတောင်မခြောက်သေး။တိုက်မိတာငယ်လေးကိုဖြစ်ပေမဲ့ထိုကောင်လေးကသခင့်ကိုဝမ်းနည်းစွာစိုက်ကြည့်ရင်းတောင်းပန်သည်။သခင် နားမလည်စွာမျက်ခုံးတွေကျုံ့သွားသည်။ဒီကောင်လေး သူ့ကိုသိလို့လား။
''တောင်းပန်ပါတယ်နော်   ခွန်း!! တွိုင်းလစ်သွားမှာဆိုသွားလေ ''။ထိုဝိုင်းကကောင်မလေးတစ်ယောက်ပါထရပ်လာကာသခင်တို့ကိုတောင်းပန်ရင်းထိုကောင်လေးကိုသတိပေးသလိုပြောသည်။ထိုအခါမှ ထိုကောင်လေးကအကြည့်တွေရုပ်သိမ်းကာထွက်သွားလေသည်။

Love is youWhere stories live. Discover now