အခန်း7

5.1K 524 3
                                    

[Zawgyi]

ငယ်လေးစာပိုဒ်တွေဖတ်ကြည့်ရင်းခေါင်းတောင်မူးလာရသည်။အားး တကယ်ပဲ ဘာမှကိုနားမလည်ဘူး။ငယ်လေးစာကြည့်စားပွဲထိုင်နေရင်းမျက်နှာလေးငိုမဲ့မဲ့ဖြစ်လာသည်။မေဂျာဆရာမကနည်းနည်းကြောက်စရာကောင်းသည်။စာပိုဒ်တွေကြိုတင်လေ့လာထားခိုင်းကာမထင်မှတ်တဲ့အချိန်ထထမေးတတ်သည်။နောက်ဆုံး ငယ်လေး စာအုပ်လေးပိုက်ကာယွန်းအခန်းရှေ့ရောက်လာသည်။
''ဒေါက် ဒေါက် ''
''မာမီ သမီးစာကြည့်နေတယ် ''။ယွန်းကဖွင့်ထားတဲ့TVအသံကိုလျှော့ချလိုက်ရင်းခပ်တည်တည်အော်သည်။
''မား ကျနော်ပါ ''
''အော် ငယ်လေးလား ဝင်ခဲ့ ဝင်ခဲ့ မားတံခါးလော့မချထားဘူး ''။ငယ်လေး တံခါးတွန်းဖွင့်ကာဝင်လာသည်။ယွန်းကအားလူးကြော်တွေအဆက်မပြတ်ပါးစပ်ထဲထည့်ကာရှေ့ကTVကိုသဲကြီးမဲကြီးကြည့်နေသည်။
''ငယ်လေး ကာတွန်းကားလာကြည့် အရမ်းကောင်းတယ် ''။(ကာတွန်းကား🌚)
''ဟို မား ကျနော်စာမေးချင်လို့ ''
''အမ် စာမေးမှာဆိုရင်ကိုကြီးကိုသွားမေး ငယ်လေးရေ မားကဘာမှမသိဘူး ''
''.....ဟုတ် ''။ငယ်လေးကပြောပြီးထွက်သွားဖို့ပြင်သည်။
''ငယ်လေး နေအုံးလေ ဇာတ်ကားကြည့်သွားအုံး ဒီကာတွန်းကားလေးကငယ်လေးတို့လိုအမျိုးသားကောင်းလေးတွေကြည့်သင့်တဲ့ ဇာတ်ကားကောင်း ကဲ လာထိုင်အုံး ''။ယွန်းကပြောပြီးငယ်လေးကိုဆွဲထိုင်ခိုင်းသဖြင့်ငယ်လေးဆိုဖာပေါ်ထိုင်ချလိုက်ရကာTVမှန်ပြင်ပေါ်အကြည့်တွေကျရောက်သည်။Japanကာတွန်းကားထင်ပါရဲ့။

''ဒီမှာ မင်းအတွက်နို့ ''။အရပ်ပုပုကောင်လေးကအရပ်ရှည်ရှည်ခန္ဓာကိုယ်တောင့်တောင့်ကောင်လေးကိုနွားနို့ခွက်ကမ်းပေးရင်းပြောလိုက်သည်။
''အာ အကိုက အရမ်းချစ်စရာကောင်းတာပဲ ကျေးဇူးနော် ''။အရပ်ရှည်ရှည်ကောင်လေးကမျက်လုံးတွေမှိတ်အောင်ပြုံးပြရင်းကျေးဇူးစကားဆိုကာနို့ခွက်ကိုယူလိုက်ရင်းမော့သောက်သည်။
''အရမ်းချိုတာပဲ အကိုတိုက်လို့ထင်တယ် ''။ထိုကောင်လေးကပြုံးစိစိပြောရင်းဖန်ခွက်ကိုစားပွဲပေါ်ဂွတ်ခနဲချလိုက်သဖြင့်အရပ်ပုပုကောင်လေးတုန်ခနဲဖြစ်သွားလေသည်။
''ငါ ငါ သွားတော့မယ် ''
''မသွားရပါဘူး ''။အရပ်ရှည်ရှည်ကောင်လေးကပြောရင်းသူ့ရှေ့ကကောင်သေးသေးလေးကိုစွေ့ခနဲပွေ့ပိုက်လိုက်ကာစားပွဲပေါ်တင်သည်။ဖန်ခွက်လေးကတွန်းတိုက်ခံလိုက်ရကာအောက်ကျပြီးခွမ်းခနဲ။နှုတ်ခမ်းချင်းထိကပ်သွားကြတဲ့အတွက်ကြည့်နေတဲ့ငယ်လေးမျက်လုံးလေးတွေပြူးသွားသည်။ဘာ ဘာလုပ်နေကြတာလည်း။ထိုစဉ်TVမှန်သားပြင်ကဖြတ်ခနဲအနက်ရောင်ပြောင်းသွားလေသည်။
''တော်လောက်ပြီ ငယ်လေး ငယ်လေးမကြည့်သင့်တဲ့အခန်းတွေလာတော့မယ် ''
''အော် ဟုတ် ''
''ငယ်လေး ကိုကြီးကိုစာသွားမေးလိုက်နော် ဒီအချိန်သူမအိပ်သေးဘူး ''
''ဟုတ် မား ''။ငယ်လေး စာအုပ်လေးပိုက်ကာသခင့်အခန်းရှေ့ရောက်လာပြန်သည်။
''ဒေါက် ဒေါက် ''။တံခါးခေါက်သံကြောင့်သခင် ရေချိုးခန်းကထွက်လာရင်းသွားဖွင့်သည်။
''သြ ငယ်လေးပါ့လား ဝင်လေ''။သခင်က bathrobeနဲ့ဖြစ်ကာပခုံးမှာသဘက်အသေးတစ်ထည်တင်ထားသေးသည်။ရေချိုးပြီးကာစကြည်လင်သန့်ရှင်းနေသောမျက်နှာကနုပျိုစွာချောမောနေသည်။ရေချိုးဆပ်ပြာနံ့နဲ့အတူယောကျာ်းပီသသောကိုယ်သင်းနံ့ကသင်းပျံ့နေသည်။ခပ်ဟဟဖြစ်နေသောရေချိုးဝတ်စုံကြောင့်တောင့်တင်းနေသောရင်အုပ်ကျယ်ကြီးတစ်ပိုင်းတစ်စကိုမြင်နေရသည်။ငယ်လေး သခင့်ကိုမျက်လုံးဝိုင်းလေးနဲ့ကြည့်နေကာတံတွေးတစ်ချမျိုချသည်။ကို ကိုကြီးကအရမ်းကြည့်ကောင်းတာပဲ။သခင်ကပြောပြီးပခုံးကတဘက်ကိုဆွဲယူလိုက်ရင်းခေါင်းရေသုတ်ကာအခန်းထဲလှည့်ဝင်သွားသည်။ငယ်လေးကအခန်းဝမှာမတ်တပ်လေးကျန်နေခဲ့သဖြင့်သခင်မျက်ခုံးအစုံပင့်ကာပြန်လှည့်ကြည့်ရင်း....
''ဟေ့ ငယ်လေး ဝင်ခဲ့လေ ''
''ဟုတ် ဟုတ်ကဲ့ ''။ထိုအခါမှငယ်လေးအခန်းထဲဝင်လာသည်။
''ငယ်လေး ဘာလိုချင်လို့လဲ ''။သခင်ကဗီရိုကျယ်ကြီးထဲကဘောင်းဘီရှည်တစ်ထည်ထုတ်ရင်းမေးလိုက်သည်။
''ဟို ကျနော် ကိုကြီးကိုစာမေးချင်လို့ ''
''ဟုတ်ပြီ ခဏစောင့်နော် ကိုယ်အဝတ် ဝတ်လိုက်အုံးမယ် ''။သခင်ကပြောရင်းကုန်းကာbathrobeအောက်ကဘောင်းဘီရှည်ထပ်စွပ်လိုက်သည်။အခန်းထဲမှာ ငယ်လေးရှိနေသဖြင့်ကိုယ်တုံးလုံးမချွတ်ရဲပေ။ယောကျာ်းလေးချင်းပေမဲ့ငယ်လေးကျတော့တစ်မျိုးဖြစ်နေသလိုခံစားရသည်။သခင် တီရှပ်တစ်ထည်ကောက်စွပ်ကာငယ်လေးနားလျှောက်လာသည်။
''ဘာနားမလည်တာလဲ ''။သခင်ကငယ်လေးရှေ့ကစာကြည့်စားပွဲပေါ်လက်တစ်ဖက်ထောက်လိုက်ရင်းစာအုပ်ကိုလှန်ကြည့်သည်။
''ဒီစာပိုဒ်  ကိုကြီး ''။ငယ်လေးကလက်ညှိုးလေးနဲ့ထောက်ပြကာပြောသည်။နီးကပ်နေသောအနေအထားကြောင့်ငယ်လေးထံမှနို့နံ့လေးလိုအနံ့ချိုချိုလေးရနေသည်။ရင်းနှီးနေသောရေမွှေးနံ့တွေလိုစူးစူးရှရှမွှေးပျံ့နေတာမဟုတ်ပဲကလေးဆန်ဆန်သင်းပျံ့ပျံ့နို့နံချိုချိုလေး။သခင် စာကိုအာရုံစိုက်လိုက်ရင်းဘာသာပြန်ပြသည်။သခင့်အသံသြရှရှကကြည်လင်စွာထွက်ပေါ်လာသည်။ငယ်လေးအာရုံစိုက်နားထောင်နေပြီးမှဖြတ်ခနဲသခင့်မျက်နှာကိုမော့ကြည့်သည်။ဘေးတစောင်းမြင်နေရသောမျက်နှာချောချောမှာမျက်ခုံးတန်းတွေကထူထူထဲထဲ။နှာတံချွန်ကပိုမိုပေါ်လွင်ကာထင်းနေသည်။စာဖတ်လိုက်တိုင်းလည်စိထင်းထင်းကအသာလှုပ်ရှားသွားသည်။
''အင်း နားလည်လား ''။သခင့် ငယ်လေးမျက်နှာလေးကိုကြည့်ရင်းမေးလိုက်တော့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့အကြည့်ဆုံသွားသည်။မျက်တောင်ရှည်စင်းစင်းလေးတွေ။နီရဲအိထွေးနေသောနှုတ်ခမ်းလေးတွေ။နူးညံ့လှပသောမျက်နှာလေးကိုအနီးကပ်မြင်လိုက်ရသဖြင့်သခင် အကြည့်တွေချက်ချင်းမလွှဲနိုင်။နှာခေါင်းလုံးလုံးထက်ကမှည့်သေးသေးလေးကိုကြည့်ရင်းသခင်အသည်းယားလာကာဖွဖွလေးငုံ့နမ်းလိုက်မိသည်။နီထွေးထွေးနှုတ်ခမ်းလေးတွေကိုသခင်ရီဝေဝေကြည့်နေမိရင်းသခင့်မျက်နှာတဖြည်းဖြည်းငုံ့ကျလာသည်။နူးညံ့နွေးထွေးအိစက်နေသောနှုတ်ခမ်းလေးရဲ့အထိအတွေ့ကသခင်ကိုမျက်လုံးတွေမှိတ်သွားစေသည်အထိ။ငယ်လေးမျက်လုံးလေးတွေပြူးကျယ်ဝိုင်းစက်သွားသည်။ကို ကိုကြီးကငါ့ကိုနမ်း နမ်းတယ်။သခင့်နှုတ်ခမ်းတွေအသာလှုပ်ရှားလာကာငယ်လေးအပေါ်နှုတ်ခမ်းလေးကိုစတင်စုပ်ယူလာသည်။ပြီးတော့အောက်နှုတ်ခမ်းပြည့်ပြည့်လေးတွေ။အပေါ်တလှည့်အောက်တလှည့်အနမ်းတွေရှည်ကြာပြီးနောက်သခင် အားမရဖြစ်လာကာနမ်းနေရင်းပင်ငယ်လေးကိုယ်လေးကိုပွေ့ချီကာစားပွဲပေါ်တင်သည်။
''ပြွတ်စ်!!အင့် ဟင်း ''။ငယ်လေးအသက်ရှုမဝဖြစ်ကာသခင့်ရင်ဘတ်ကိုထုရိုက်လာကာမှသခင့်သတိဝင်ကာအနမ်းတွေကိုရပ်တန့်သည်။
''ဆော ဆောရီ ငယ်လေး ကိုယ်.... ''။ငယ်လေးရဲ့အသက်ရှုမဝမောဟိုက်နေတဲ့ပုံစံလေးကသခင့်အောက်ပိုင်းကိုမာလာစေသည်။သခင် ရေချိုးခန်းထဲပြေးဝင်လာမိသည်။မှန်ထဲကကိုယ့်ပုံရိပ်ကိုယ်ပြန်ကြည့်မိရင်းသခင် အသက်ပြင်းပြင်းရှုကာစိတ်လျှော့ချလိုက်ပေမဲ့ဖုဖောင်းနေချင်သောအောက်ပိုင်းကပြေလျော့မသွားပေ။shit!!ငယ်လေးကြောင့်သူ့ဟာမာနေတာနှစ်ခါရှိပြီ။သခင် ထားခဲ့ဘူးတဲ့ရည်းစားတွေနဲ့နှစ်ဦးသဘောတူဟိုတယ်ရောက်ဖူးပေမဲ့ဒီလိုရိုးရိုးသားသားလေးနမ်းမိရုံနဲ့ထိန်းမနိုင်သိမ်းမနိုင်မဖြစ်ခဲ့ဖူးပေ။ဒီအချိန်ကဖြေလျော့သင့်တဲ့အချိန်မဟုတ်သောကြောင့် သခင် အောက်ပိုင်းကိုရေအေးလောင်းကာအပြင်ထွက်လာရသည်(😆😆)။ငယ်လေးကသခင်ပွေ့တင်ခဲ့သောစားပွဲပေါ်မှဆင်းပြီးထိုင်ခုံပေါ်ပြန်ထိုင်နေသည်။ဝတ်ထားတဲ့ဘောင်းဘီရှည်ပျောက်ကာတဘက်ပတ်လာတဲ့သခင့်ကိုနားမလည်သလိုမျက်ခုံးလေးရှုံ့လျက်ကြည့်နေသေးသည်။ငယ်လေးကစာအုပ်လေးပိုက်ကာထိုင်နေရာမှထရပ်လိုက်ရင်း...
''ကိုကြီး ကျနော် သွားတော့မယ် ''
''ငယ်လေး ခဏ ခုနက ဟို ကိုယ်နမ်းလိုက်တာမင်းစိတ်ဆိုးသွားလား ''
''ဟင့်အင်း မဆိုးပါဘူး မေကြီးကပြောတယ် ကိုယ့်ကိုသဘောကျလို့နမ်းတာ စိတ်မဆိုးရဘူးတဲ့ ''။ကလေးဆန်ဆန်အပြောလေးကြောင့်သခင်မျက်နှာပူတာတွေပျောက်ကာရယ်ချင်လာရသည်။
''ဟုတ်ပါပြီ ဒါပေမဲ့ ဒီလိုမျိုးနမ်းတာက အင်း အတွဲတွေမှာပဲနမ်းတာလေ ငယ်လေးကိုတခြားသူတွေကအဲလိုမျိုးနမ်းချင်လာရင်လက်မခံရဘူးနော် ''
''ဟုတ် ဒါပေမဲ့ ကိုကြီးနမ်းရင်ကျနော်လက်ခံလို့ရလား ''။မထင်မှတ်တဲ့စကားကြောင့်သခင်တိတ်သွားရသည်။မျက်လုံးဝိုင်းလေးတွေနဲ့သူ့ကိုမော့ကြည့်နေပုံကအဖြေကိုတကယ်သိချင်ဟန်။
''ငယ်လေးကကိုကြီးကိုတွဲချင်လား အတွဲတွေဆိုရင်တော့လက်ခံရမှာပေါ့ ''။သခင်ပေါ့ပေါ့ပါးပါးပြောလိုက်ပေမဲ့....
''အတွဲတွေ!!ဒါပေမဲ့ ကိုကြီးမှာရည်းစားရှိပြီးသားလေ ဟိုနေ့ညက ကိုကြီးနဲ့အတူတူတွဲကတဲ့မမ ''။အမူးသမားလေးကသူလူမသိအောင်မူးခဲ့တာကျမမှတ်မိပဲထိုမမကျတော့မှတ်မိသည်။သခင် သဘောတကျရယ်လိုက်မိရင်း....
''သူကကိုယ့်မိတ်ဆွေပါ ခုလောလောဆယ်ကိုယ့်မှာတစ်ယောက်မှရှိမနေဘူး ''။ငယ်လေးကသူ့ကိုမော့ငေးကြည့်နေရင်း....
''ကိုကြီးအပြုံးတွေကိုကျနော်သဘောကျတယ် ''။အသံတိုးတိုးလေးထွက်ပေါ်လာသည်။သခင့်နှလုံးသားဒိတ်ခနဲဖြစ်သွားရသည်။
''ကိုကြီးကိုကျနော်သဘောကျတယ် ''။သခင် မီးရောင်ကြောင့်မျက်တောင်ရိပ်လေးတွေဖြာကျနေသောငယ်လေးမျက်နှာလေးကိုကြည့်နေမိရင်းရင်ခုန်သံတွေမြန်လာရသည်။နေပါအုံး ဒီကောင်လေးရဲ့ရိုးရိုးရှင်းရှင်းစကားတွေကသူ့ရင်ခုန်သံတွေကိုဘာလို့အဲလောက်တောင်ကျယ်စေနိုင်တာလဲ။

Love is youOù les histoires vivent. Découvrez maintenant