အခန်း17

4.3K 423 3
                                    

[Zawgyi]
''မနက်ဖြန် ကိုယ့်မွေးနေ့ ငယ်လေး လာဖြစ်အောင် လာခဲ့နော် ''။ရှင်းက ငယ်လေးကိုဖိတ်စာကဒ်လေးကမ်းပေးလိုက်ရင်းဆိုသည်။
''ဟို ကျနော်... ''
''မငြင်းပါနဲ့ ငယ်လေးရဲ့ ကိုယ်အားလုံးကိုဖိတ်ထားတာ သခင်တို့ရောပေါ့ ကျောင်းလည်းပိတ်ခါနီးပြီဆိုတော့ ပျော်ပျော်ပါးပါးလေ မဟုတ်ဘူးလား ''
''ဟုတ် ဟုတ်ကဲ့ပါ ''
''အိုကေ အဲဒါဆိုမနက်ဖြန်တွေ့မယ်နော် ''။ငယ်လေးကလက်ခံလိုက်သဖြင့် ရှင်းကကျေနပ်စွာ ပြုံးလိုက်ရင်း ငယ်လေးကိုနှုတ်ဆက်စကားဆိုသည်။
''ဟုတ် ''
''အော် အထွန်းလည်းလာခဲ့နော် ''။ဘေးနားမှာရပ်နေသော အထွန်းကို ရှင်းကခုမှသတိရကာဖိတ်ခေါ်သည်။အထွန်းကမချိပြုံးပြုံးပြလိုက်ရင်း...
''ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်နော် ကိုရှင်းရေ ကျတော့်ကိုသတိရသေးလို့ ''
'' အထွန်းကနှစ်တိုင်း ကိုယ့်မွေးနေ့လာနေကျပဲ တကူးတကဖိတ်စရာမလိုဘူးလားလို့ ''
''ဟုတ်ပါပြီဗျာ ''။အထွန်းကရွဲ့ပြောရင်းခေါင်းငြိမ့်သည်။ရှင်းကရယ်ရင်းနှုတ်ဆက်ထွက်သွားလေသည်
်။ငယ်လေးနှင့်အထွန်းအတန်းထဲပြန်ဝင်လာသည်။
''ငယ်လေး ကိုရှင်းကမင်းကိုသဘောကျနေတာလား ''
''မဟုတ်ပါဘူး! ''။အထွန်းအမေးကို ငယ်လေးကမျက်လုံးပြူးလေးနှင့်ငြင်းသည်။
''ကိုရှင်းက မင်းကိုကြည့်နေတဲ့အချိန်ဆိုရင် မျက်လုံးထဲမှာမြတ်နိုးမှုတွေအပြည့်နဲ့ .. ''
''အထွန်း မင်း လျှောက်မပြောရဘူးလေ ''
''ဟေး ငါအတည်ပြောနေတာ ငဒူလေးရဲ့ ''
ဲ့'' ငယ်လေး နင် ကိုကိုရှင်းနဲ့အရမ်းခင်တာလားဟင် ''။အတန်းထဲကကောင်မလေးတစ်သိုက်ငယ်လေးတို့အတန်းဝိုင်းအုံလာသည်။အတန်းရှေ့မှာ ငယ်လေးတို့နှင့်ရယ်ရယ်မောမောစကားပြောနေသော ရှင်းကို အတန်းဝကနေခေါင်းလေးတွေပြူ ဝိုင်းအုံခိုးကြည့်နေကြပြီးမှ ငယ်လေးတို့အတန်းထဲပြန်ရောက်လာတော့မနေနိုင် ငယ်လေးတို့ထံဝိုင်းအုံလာကြခြင်းဖြစ်သည်။
''ငါ့ကိုတစ်ခုလောက်ကူညီပါနော် ငါ fbမှာaddထားတာ confirm လုပ်ပေးပါအုံးလို့ ကိုကိုရှင်းကိုပြောပေးပါနော်  နော်''
''ငါ့ကိုလည်း သူ့ph နံပါတ်လေး ပေးပါလားလို့ ''
''ဟို ငါ... ''။အကုန်လုံးကတစ်ယောက်တစ်ပေါက်ပြောနေကြသဖြင့်ငယ်လေးဘာပြန်ဖြေလို့ဖြေရမှန်းမသိ။
''ဒါမှမဟုတ်ရင် ငယ်လေး ဖုန်းနံပါတ်လေးသိခွင့်ရှိမလားဟင် ''
''ဟေ့ နင်တို့ကဘာလဲ ကိုရှင်းကိုချိန်နေတာလား ငယ်လေးကိုချိန်နေတာလား ''။အထွန်းကစိတ်ရှုပ်စွာထအော်သည်။
''အဲလိုမျိုးတွေ အိနြေ္ဒမရဖြစ်နေကြလို့ နှစ်တစ်ထောင်faမတွေဖြစ်နေတာနော် သိကြလား ''
''အထွန်း ပါးစပ်ပုတ်ကြီးနဲ့မပြောစမ်းပါနဲ့ ''
''ဟုတ်ပါ့ ရုပ်လေးနဲ့မှမလိုက် စကားပြောကြမ်းလိုက်တာ အဲဒါ့ကြောင့် နင့်ကို ငါတို့အတန်းထဲကတစ်ယောက်မှမကြိုက်ကြတာသိလား ''။ကောင်မလေးတွေကလည်းစွာစွာတက် ပြန်ပြောသည်။
''နင်တို့လို မျက်နှာမှာမိတ်ကပ်တွေတောင်လိုပုံနေအောင်လိမ်းတဲ့ e-majar ကျောင်းသူတွေကိုလည်းငါကလုံးဝစိတ်မဝင်စားပါဘူးလို့ ''။အထွန်းကလှောင်ရယ်ရင်းပြောလိုက်သဖြင့်ကောင်မလေးတွေအရှိုက်ထိသွားကာ....
''နင် နင်... ''
''ဟွန့်! လာသွားကြမယ် သူနှင့်ဖက်ပြောမနေနဲ့ ''။မကျေမနပ်ပြောဆိုပြီး ထွက်သွားကြသည်။
''ငယ်လေး မင်း လူတိုင်းကိုအားနာမနေနော် ခေါင်းပါတက်နင်းခံရမယ် ''
''အထွန်းကလည်း သူတို့က ဖုန်းနံပါတ်လေး လိုချင်ရုံကို ''
''အေး ပြီးရင် လူပါမ,သွားမှာလေ ''
''အင်း အင်း ငါသိပါပြီ ''။အထွန်းစကားကြောင့် ငယ်လေး လန့်သွားပြီးပါးစပ်လေးပိတ်သွားလေသည်။
.......။
At Shin'sbirthday party,
ညနေမှောင်ခါနီးဖြစ်နေပေမဲ့လျှပ်စစ်မီးတွေကြောင့်ပွဲတစ်ခုလုံးလင်းထိန်နေလျက်။ရှင်းရဲ့မွေးနေ့ကခြံဝန်းထဲမှာကျင်းပတာဖြစ်သည်။ရောင်စုံမီးသီးလေးတွေအလှဆင်ထားကာ မြက်ခင်းစိမ်းပေါ်မှာစားသောက်စားပွဲတွေချထားသည်။ရေကူးကန်အကျယ်ကြီး ဘေးမှာမို့ပတ်ဝန်းကျင်လေတွေကလတ်လတ်ဆတ်ဆတ်။သံစဉ်တီးလုံးအေးအေးလေးလေးလွင့်ပျံ့နေကာဝတ်ကောင်းစားလှဝတ်ဆင်ထားသူတွေကပြုံးရယ်စားသောက်နေကြသည်။
''Happy birthday !!ရှင်း ''
''အော် ရတီ ''
''မဖိတ်ပဲ လာတယ်လို့မထင်ပါနဲ့နော် ရတီက အန်တီဖိတ်ထားလို့ ''
''Sorryပါ ရတီ ကိုယ်တိုင်မဖိတ်လိုက်ရလို့ ''

Love is youWhere stories live. Discover now