အခန်း 46

2K 196 2
                                    

[Zawgyi]
''ကဲ ကြာဇံငါးဖယ်ချက်စားချင်ပါတယ်ဆိုတဲ့ ငယ်လေးအတွက် ဒီမှာ ရော့ ၊ဒါကမုန်ညင်းရွက်ကြော် ၊ဒါက ခရမ်းချဉ်သီးအစပ်ချက်လေး ''

ဒေါ်ဖူးသခင်က ချိုင့်ဆင့်တွေ ကို စားပွဲပေါ်တစ်ခုပြီးတစ်ခုချနေသဖြင့် စားပွဲဝိုင်းတစ်ခုလုံးဟင်းပွဲတွေအပြည့်ဖြစ်ကုန်သည်။ငယ်လေးက ကြာဇံချက်ကိုလက်လှမ်းနေသည်မို့....

''ကြာဇံချက်က ငါးဖယ်ပါတယ်လေ ၊ကလေးလေး ငါးမစားပဲနဲ့ ''

''အမယ်လေး ရှင့်ကလေးလေးက စားချင်တယ်ပြောလို့ ကျွန်မလာပို့တာ ငယ်လေး ခုတလောအစားအသောက်ပျက်နေတယ်ဆို ခံတွင်းတွေ့တာလေးစား ''

ငယ်လေးက ကြာဇံချက်ကိုဆယ်ယူကာ ဒေါ်ဖူးသခင် ထမင်းပန်းကန်ထဲထည့် အရင်ဆုံးဦးချသည်။ချွေးမအလိမ်မာလေးကြောင့် ဒေါ်ဖူးသခင်တို့ သဘောတကျတပြုံးပြုံး။ပြီးနောက် သခင့်ပန်းကန်ထဲထည့် ဦးချပေးသည်။သခင်ကပြုံးရင်း ငယ်လေးခေါင်းလေးကိုဖွဖွလေးပုတ်ကာ....

''ကိုယ့်မိန်းမလေးကလိမ်မာလိုက်တာ ''

လူကြီးရှေ့မရှောင်အဖြစ်သည်းနေသော သခင့်ကြောင့် ငယ်လေးကမျက်စောင်းလေးရွယ်သည်။သခင်က သူ့မိန်းမလေးကိုပြုံးဖြဲဖြဲလုပ်ပြရင်း ထမင်းစားရန်ဇွန်းကိုင်သည်။နှာခေါင်းထဲတိုးဝင်လာသော ကြာဇံငါးဖယ်ချက်အနံ့ကြောင့် သခင့်မျက်နှာရှံ့မဲ့သွားသည်။shit!အန် ချင်လာပြီ။သူကြိုက်လှပါသော မာမီလက်ရာကြာဇံချက်ကဘယ်လိုဖြစ်သွားတာလဲ။သခင် ကြိတ်မှိတ်ပြီးကြာဇံချက်ကိုပါးစပ်ထဲ ထည့်လိုက်လျှင်။ရင်ထဲပျို့လာကာ အနံ့ကြီးကိုဘယ်လိုမှမခံနိုင်တော့။သခင် ဘေလ်စင်နားပြေးလာကာ အန်ချတော့သည်။

''ဝေါ့.. ''

''သားကြီး ဘာဖြစ်တာလဲ အဆင်ပြေလား''

ငယ်လေးနှင့်ဒေါ်ဖူးသခင် နှစ်ယောက်စလုံးသခင့်နောက်ပြေးလိုက်လာကြသည်။

''ရင်ပြည့်နေတာလား သားငယ် သွား!သားတို့အခန်းထဲကဗီရိုသေးလေးထဲ မာမီ လျက်ဆားဘူးထည့်ထားတယ် ရှိတယ် သွားယူစမ်းကွယ် ''

ဒေါ်ဖူးသခင်ကသခင့်ကျောကိုဖွဖွထုပေးရင်း ငယ်လေးဘက်လှည့်ပြောလာသည်မို့ ငယ်လေးခေါင်းလေးငြိမ့်ကာအပေါ်ထပ်ပြေးတက်သွားပေသည်။

Love is youWhere stories live. Discover now