အခန်း24

3.5K 356 9
                                    

[Zawgyi]
''ယွန်းလေး တီလေးနှင့်အတူ ခြံထဲလိုက်ကြည့်မလား ''

ီမွေ့ယာပေါ်လှဲဖုန်းကြည့်နေသောယွန်း သန္တာ့စကားကြောင့်ငေါက်ခနဲထထိုင်လာသည်။

''လိုက်မှာပေါ့ တီလေးရဲ့ ခဏ သမီးအဝတ်အစားလဲလိုက်အုံးမယ် ''

''ဖြည်းဖြည်းလုပ်ပါရှင် တီလေး စောင့်ပါမယ် ''

သန္တာကအလှပြင်ဆင်ပြီးလို့ မှန်တင်ခုံကထလာရင်းဆိုသည်။

''ဟုတ် တီလေးကအရမ်းလှတာပဲ ''

ယွန်းကပါးကွက်မှုံမှုံလေးရိုက်ထားသော သန္တာ့ပါးကိုရွှတ်ခနဲနမ်းလိုက်ရင်းပြောသည်။

''ဟုတ်ပါပြီ မြှောက်မနေပါနဲ့ တီလေးကအပြန်ယွန်းစားချင်တဲ့ အသုပ်သုတ်ကျွေးပါ့မယ် ''

''ဟီး ဟုတ်ကဲ့ ''

ယွန်းကစားသောက်ရတော့မည်ဆိုသဖြင့်ဟီခနဲဖြီးပြကာ သူမအဝတ်အစားတွေထုတ်သည်။Jeanပွနှင့်တီရှပ်တစ်ထည်ကိုလဲဝတ်လိုက်သည်။ပခုံးကျော်ဆံပင်တွေကိုတော့ သရေကွင်းလေးနှင့်ဖြစ်သလိုစည်းနှောင်သည်။ခြံက အိမ်နှင့်အတော်ဝေးသည်မို့ ဆိုင်ကယ်နဲ့လာရသည်။ခြံထဲမှာ အလုပ်သမားတန်လျားတွေလည်း ရှိသည်မို့တစ်နယ်တစ်ကျေးကအလုပ်လာလုပ်သူတွေကခြံထဲမှာပဲနေကြသည်။သန္တာ့ဆိုင်ကယ်နောက်က လိုက်လာရင်းယွန်း ကဟိုကြည့်ဒီကြည့်။စိမ်းစိမ်းစိုစိုအပင်လေးတွေကလမ်းတစ်လျှောက်ရှိသည်။ကတ္တာရာလမ်းခင်းမဟုတ်ပေမဲ့ဖြောင့်ဖြူးနေသော မြေလမ်းလေးကသာသာယာယာ။ခြံထဲရောက်လာတော့ သန္တာကဆိုင်ကယ်ကို အမိုးအမြင့်ကြီးနှင့်အကာအရံတွေမရှိ စားပွဲခုံနှင့်တန်းလျားတွေသာချထားသော နားနေဆောင်လေးနားရပ်လိုက်သည်။တစ်မျှော်တစ်ခေါ်မြင်နေရသောလိမ္မော်ပင်တွေကို ယွန်းကလှမ်းမျှော်ကြည့်ရင်း....

''Woo..တီလေးတို့ခြံကအကျယ်ကြီးပဲ ''

''ယွန်း လိမ်မော်သီးစားမလား တီလေးတို့ခြံထွက် လတ်လတ်ဆတ်ဆတ် အရသာချိုချိုလေး ''

သန္တာကြော်ငြာကောင်းနေစဉ်....

''မမနွေး ''

အော်သံနဲ့အတူ ဝါးခမောက်လေးဆောင်းထားသော နှောင်းက အနားရောက်လာသည်။

Love is youWhere stories live. Discover now