အခန်း 39 warning

4.9K 306 21
                                    

[Zawgyi]
''အေ့ ကိုကို ကျနော်မမူးဘူးနော် မူးဘူး ''

ကားထိုင်ခုံပေါ်ခြေပစ်လက်ပစ်ထိုင်နေသည့်ငယ်လေးကမျက်လုံးတောင်မဖွင့်နိုင်ဘဲ အေ့ခနဲလေချဉ်တက်ကာ သူမမူးကြောင်းလက်လေးကာပြပြောသေးသည်။သခင် ခေါင်းယမ်းလိုက်မိရင်း ကိုယ်သေးသေးလေးကို ကားပေါ်ကနေအိမ်ထဲပွေ့ချီလာသည်။အပြန်သူသွားခေါ်တော့ အသက်မပြည့်သေးသည့်ကလေးတစ်သိုက်ကကာရာအိုကေခန်းထဲ အော်ဟစ်သောင်းကျန်းနေကြသည်။ငယ်လေးကတော့ အခန်းထဲကဆူညံသံတွေက သူနဲ့မသက်ဆိုင်သလိုဆိုဖာထောင့်လေးမှာကွေးကွေးလေးအိပ်ပျော်နေသည်။ရှေ့မှာလည်း ဆိုဂျူပုလင်းတွေထောင်လျက်။

သေချာတယ် ဒီကလေးလေးသူငယ်ချင်းတွေဇွတ်အတင်းတိုက်ခံရပြီး အမူးလွန်လို့အိပ်ပျော်သွားခြင်း။အိပ်ပျော်နေသည့်အတိုင်းကားပေါ်ပွေ့တင်ပြန်ခေါ်လာခဲ့သည်။လမ်းတစ်ဝက်ရောက်မှ နိုးလာကာမျက်လုံးရဲရဲလေးတွေအတင်းပြူးဖြဲကာသခင့်ကိုကြည့်ရင်း ''ဦးလေးကြီးက ကိုကိုနဲ့တူလိုက်တာ'' လုပ်သေးသည်။သူ့မှာတော့ သူငယ်ချင်းတွေနဲ့တစ်ခါတစ်လေပျော်ပါးပါစေဆိုပြီးခွင့်ပြုလိုက်သည်။ဒီကလေးလေး တကယ်ကိုစိတ်မချရတာပဲ။

''အင့် မသွားရဘူး ''

ရင်ခွင်ထဲမျက်လုံးလေးမှိတ်ငြိမ်ငြိမ်လေးလိုက်ပါလာသည် မို့အိပ်ပျော်သွားပြီထင်ကာ သခင် မွေ့ယာပေါ်အသာချလိုက်တော့ထိုကလေးလေးက ရီဝေဝေမျက်လုံးလေးတွေပွင့်လာကာ သူ့အင်္ကျီကော်လံစကိုအတင်းဆွဲထားသည်။

''ကိုကို ဘယ်မှမသွားဘူးနော် ကလေးလေး ကိုယ့်ကိုခဏလွှတ်ပေး ကလေးလေးအဝတ်အစားတွေလဲရအုံးမယ်လေ ''

''ဟင့်အင်း မလဲဘူး ''

ပြောရင်းသခင့်ကော်လံစကိုပိုမိုတင်းဆွဲပစ်သည်မို့ မျက်နှာချင်းထိစပ်တော့မတတ်။

''ကို ကို့ လုပ်ကြရအောင်လေ ''

မော့မော့လေးကြည့်လာရင်း ပြောလိုက်သည့်စကားကြောင့် သခင်မျက်လုံးပြူးသွားရသည်။

''ကိုကိုပဲ ညကျ လုပ်မှာဆို ''

နောက်ထပ်အသံလေးထွက်ပေါ်လာပြန်သည်။shit!!ဒီကလေးလေး သူ့ကိုစိတ်မထိန်းနိုင်အောင်လာဆွနေတာပဲ။ရီဝေဝေမျက်လုံးလေးတွေက သူ့စိတ်ရိုင်းတွေကိုပိုမိုထကြွလာစေသည်။ငယ်လေး အရမ်းမူးနေတာကြောင့် ဒီညတော့ သခင် မလုပ်ဖြစ်တော့ဟုတွေးထားပါသော်လည်း ဒီကလေးလေးကိုယ်တိုင်ကဒီလိုပြောလာတော့ သူဘယ်လိုနည်းနဲ့မှလက်လွှတ်လို့မဖြစ်။

Love is youWhere stories live. Discover now