အခန်3း

6.6K 569 2
                                    

[Zawgyi]
ကားလေးကshopping centreကြီးတစ်ခုရှေ့ရပ်သွားသည်။သခင် ကားခါးပတ်ဖြုတ်ရင်းထိုကောင်လေးကိုကြည့်လိုက်တော့ကားပြတင်းကနေcentreကြီးကိုမော့ကြည့်နေတာတွေ့ရသည်။ယွန်းကထွက်လာခါနီးမှသူငယ်ချင်းတစ်ယောက်အစာအိမ်ဖြစ်ကာဆေးရုံတင်လိုက်ရသည်ဟုဖုန်းလာသောကြောင့်ဆေးရုံလိုက်သွားရကာသခင်တို့နဲ့အတူမလိုက်ဖြစ်တော့။သခင်ဆင်းကာမှငယ်လေးလိုက်ဆင်းသည်။သခင်ကရှပ်အဖြူလက်ရှည်နဲ့jeanပြာဖျော့ရောင်ဘောင်းဘီရှည်ကိုတွဲဝတ်ထားသည်။ရင်ဘတ်ကြယ်သီးသုံးလုံးလောက်ဖြုတ်ထားသဖြင့်ရင်အုပ်ကျယ်ကြီးကအထင်းသား။ရှည်လျားမြင့်မားသောအရပ်ကြီးနဲ့ဆွဲဆောင်မှုရှိစွာချောမောခန့်ညားနေသောသခင့်ကိုကောင်မလေးတွေသိသာသာတစ်ဖုံမသိမသာတစ်ဖုံငေးကြည့်သွားကြလေသည်။ငယ်လေးကတော့သခင့်နောက်ကကုပ်ကုပ်လေးကပ်လိုက်ပါလာလေသည်။သခင်ကဆိုင်တစ်ဆိုင်ရှေ့ရပ်လိုက်လေသည်။
''မင်း ကြိုက်တာရွေးလိုက် ကိုယ်ဟိုဘက်မှာရှိနေမယ် ''။သခင်ကထိုင်ခုံတွေရှိရာဘက်ညွှန်ပြရင်းပြောလိုက်တော့...ငယ်လေးကလည်ပင်းလေးလိမ်အောင်လှည်ကြည့်နေသေးသည်။သိပ်မဝေးတော့မှစိတ်ချသွားဟန်ဖြင့်....
''ဟုတ် ဟုတ်ကဲ့ ကိုကြီး ''။ယွန်းခေါ်သည့်အတိုင်းကိုကြီးလို့လိုက်ခေါ်သည်။ငယ်လေးအင်္ကျီသုံးလေးထည်လောက်ခပ်မြန်မြန်ရွေးယူလိုက်ရင်းထုပ်ပိုးရန်အရောင်းဝန်ထမ်းမလေးကိုလှမ်းပေးလိုက်သည်။အရောင်းဝန်ထမ်းမလေးကသူမရှေ့ကအူကြောင်ကြောင်ပုံစံလေးနဲ့နူးညံ့လှပသောကောင်လေးကိုဖောဖောသီသီပြုံးပြလိုက်ရင်း....
''မောင်လေး ဟိုဘက်မှာစမ်းဝတ်ကြည့်လို့ရတယ်နော် ''
''အာ ဟုတ် ရ ရတယ် မစမ်းတော့ဘူး ''။ငယ်လေးကရွာမှာအနေများကာမြို့နဲ့အနေစိမ်းသည်။ကိုယ့်ကိုယ်ကိုမလည်မဝယ်အတီးအတပုံစံပေါက်နေမှန်းလည်းသိသည်။ငယ်လေး ကိုကြီးရှိရာဘက်လှည့်ကြည့်လိုက်တော့ ကိုကြီးကငယ်လေးဘက်ကျောပေးကာမတ်တပ်ရပ်ဖုန်းပြောနေသည်။ငယ်လေးမျက်နှာတည်တည်ကြီးနဲ့ကိုကြီးကိုကြောက်ပါသည်။တခြားသူတွေကငယ်လေးကိုဖော်ဖော်ရွေရွေကြိုဆိုကြပေမဲ့ကိုကြီးကငယ်လေးကိုသဘောမကျသလိုခံစားနေရသည်။ကိုယ့်အတွေးနဲ့ကိုယ်ငယ်လေးမျက်ရည်ဝိုင်းချင်လာရသည်။
''မောင်လေး ရပြီနော် ''
''ဟုတ် ဟုတ်ကဲ့ ဘယ်လောက်ကျလဲမသိဘူး ''
''......ကျပါတယ်ရှင့်၊ နောက်လည်းလာအားပေးနော် ''။အရောင်းဝန်ထမ်းမလေးကဖော်ဖော်ရွေရွေပြုံးပြကာပြောနေပေမဲ့ငယ်လေးကိုယ့်အတွေးနဲ့ကိုယ်ဝမ်းနည်းနေကာပြန်ပြုံးဖို့တောင်သတိမရ။ငယ်လေး ငွေရှင်းပြီးအိတ်တွေဆွဲကာကိုကြီးရှိရာဘက်လှည့်လာတော့ကိုကြီးကမရှိတော့။
''ဟင် ဘယ် ဘယ်ရောက်သွားတာလည်း ''။ငယ်လေးအထိတ်တလန့်တောင်မြောက်လှည့်ကာကိုကြီးကိုရှာပေမဲ့မတွေ့။ဟိုဟိုဒီဒီသွားနေကြသောလူတွေကြောင့်လည်းထွက်ပေါက်ကဘယ်ဘက်မှာမှန်းမသိတော့။ငယ်လေးဈေးဝယ်နေတာကြာလို့မစောင့်ပဲထွက်သွားတာလား။ငယ်လေးကိုကြီးထိုင်ခဲ့တဲ့ထိုင်ခုံမှာထိုင်ချလိုက်ရင်းငိုမဲ့မဲ့လေးဖြစ်လာရသည်။
''ဟေ့ ကောင်လေး မင်းအစ်ကိုပျောက်သွားလို့လား ''။မေးသံကြောင့်ငယ်လေးမော့ကြည့်မိလိုက်တော့ဦးလေးကြီးတစ်ယောက်။
''ဟုတ်...တယ် ဦးလေး ဒီနားမှာထိုင်နေတဲ့တစ်ယောက်... ''
''ဟိုဘက်ထွက်သွားတာ  လာ လာ ဦးလေးလိုက်ပို့မယ် ''။ငယ်လေးစကားပင်မဆုံးသေး။အတင်းလာဆွဲသောဦးလေးကြီးကြောင့်ငယ်လေးထရပ်လိုက်မိကာထိုဦးလေးကြီးဆွဲခေါ်ရာအတိုင်းလိုက်ပါသွားသည်။
........။
''အကို အအေးသောက်ဦးမလားဟင် ''
''ဟုတ်သားပဲ အကိုရဲ့ ခင်မင်တဲ့အထိမ်းအမှတ်အနေနဲ့တစ်ခုခုစားကြမယ်လေ ''
''ရတယ် ရတယ် မစားတော့ဘူး နောက်မှပေါ့ ''။ကောင်မလေးသုံးယောက်ဝိုင်းထားတဲ့ကြားကသခင်မလွတ်မြောက်နိုင်ဖြစ်နေရသည်။မတ်တပ်ရပ်ဖုန်းပြောနေစဉ်နောက်ကကောင်မလေးတစ်ယောက်ရဲ့ဝင်တိုက်ခြင်းခံလိုက်ရကာသခင်ဒေါသတကြီးလှည့်ကြည့်မိလိုက်တော့ဆံပင်ရှည်လေးနဲ့ခပ်လန်းလန်းကောင်မလေးတစ်ယောက်။
''oh! sorryနော် အကို ညီမနောက်လှည့်ကြည့်ရင်းလျှောက်လာမိလို့ အကိုက ကိုမင်းသခင်ဟုတ်တယ်မဟုတ်လားဟင် ညီမသူငယ်ချင်းတွေကအကိုနဲ့အရမ်းခင်ချင်နေကြတာ ခဏလေး လိုက်ခဲ့ပေးပါ့လား မိတ်ဆက်ပေးချင်လို့ နော်အကို ''။ဟူသောစကားသံတွေနဲ့အတူသခင်ထိုကောင်မလေးဆွဲခေါ်ရာနောက်လိုက်ပါလာရသည်။ရွှေအိုရောင်ဆံပင်ရှည်ဖြောင့်ဖြောင့်စင်းစင်းလေးတွေ။စကပ်တိုတိုအောက်ကပေါင်တံရှည်သွယ်သွယ်လေးတွေရဲ့ဖမ်းစားမှုကြောင့်သခင်လိုက်ပါလာပေမဲ့လေကြောမပြတ်ပေါက်ပေါက်ဖောက်နေကြတဲ့ထိုမိန်းကလေးသုံးယောက်ကြောင့်သခင်ထွက်ပြေးချင်နေပြီ။
''ကိုယ့်ကိုခွင့်ပြုပါအုံးနော် ဟိုမှာကိုယ့်ကောင်မလေး တစ်ယောက်တည်းကျန်ခဲ့လို့ ''။သခင့်အပြုံးနဲ့မလိမ့်တပတ်ပြောကာထွက်လာသည်။
''ဟဲ့ သူ့မှာကောင်မလေးရှိနေတာလား ''
''ငါစုံစမ်းထားတာ အခုလောလောဆယ် သူ့မှာတွဲနေတဲ့သူတစ်ယောက်မှမရှိပါဘူး ''။ကောင်မလေးသုံးယောက်ကတော့မကျေမနပ်ပြောဆိုကျန်ခဲ့နေကြသည်။
''shit!!ဘယ်ရောက်သွားတာလဲ ''။သခင် ပြန်ရောက်လာတော့ငယ်လေးနဲ့တူတဲ့အရိပ်အယောင်တောင်မတွေ့။သခင် ငယ်လေးဝယ်တဲ့ဆိုင်ကောင်တာရှေ့ရပ်လိုက်ရင်းတွတ်ထိုးနေကြတဲ့အရောင်းဝန်ထမ်းမလေးတွေကိုကြည့်လိုက်ကာ...
''ဒီမှာ တဆိတ်လောက် ဒီဆိုင်မှာဈေးဝယ်တဲ့ ကောင်လေး ဟို ဖြူဖြူသေးသေးလေး ဘယ်ထွက်သွားလဲ မြင်လိုက်မိကြလား မသိဘူး ''
''အားးချောလိုက်တာ ''။အရောင်းဝန်ထမ်းမလေးတွေသခင့်ရဲ့ချောမောခြင်းတွေမှာနစ်မျောသွားကြရင်းသခင်မေးတာတောင်ကြားကြရဲ့လားမသိ။
''ဟိုလေ အကို့ရဲ့facebook accountလေးသိလို့ရမလား မသိဘူး ''
''ခဏလေး ကျွန်တော်မေးတာဖြေပေးလို့ရမလား ဒီဆိုင်မှာဈေးဝယ်သွားတဲ့ကောင်လေး ဆယ့်ခုနစ်နှစ်အရွယ်လောက် ဘယ်ထွက်သွားလည်းမြင်လိုက်မိကြလား ''
''toiletဘက်ထွက်သွားတာထင်တယ်နော် ဦးလေးကြီးတစ်ယောက်နဲ့လေ ''။စကားဆုံးတာနဲ့သခင်toiletဘက်အမြန်ပြေးထွက်လာမိသည်။
ထိုဦးလေးကြီးကလူရှင်းတဲ့နေရာဘက်ရောက်တော့ရပ်လိုက်သည်။ငယ်လေးဟိုဟိုဒီဒီကြည့်ကာကိုကြီးကိုလိုက်ရှာနေမိစဉ်...
''အ!.. ''။ထိုလူကြီးကငယ်လေးလက်မောင်းကိုဆေးထိုးအပ်နဲ့စိုက်ထိုးချလိုက်သည်။စူးခနဲဖြစ်သွားသောလက်မောင်းကြောင့်ငယ်လေးထိုဦးလေးကြီးကိုအထိတ်တလန့်ကြည့်လိုက်မိသည်။ငယ်လေးမျက်လုံးတွေတဖြည်းဖြည်းဝေဝါးလာကာမျက်လုံးထောင့်မှာကိုကြီးကိုမြင်လိုက်မိသလိုလို။
''ကို ကြီး ''။ခပ်တိုးတိုးခေါ်သံလေးအဆုံးငယ်လေးတစ်ကိုယ်လုံးပျော့ခွေကျသွားသည်။ထိုလူကြီးကငယ်လေးကိုကျောပေါ်ပွေ့တင်လိုက်ပြီးခပ်တည်တည်တုံ့နှေးတုံ့နှေးပြေးသည်။ထိုစဉ်တွိုင်းလစ်ဘက်ပြေးလာသောသခင်ကထိုလူကြီးကိုမျက်နှာချင်းဆိုင်ကျော်ထွက်လာပြီးမှသခင်မျက်ခုံးအစုံကျူံ့ကာပြန်လှည့်ကြည့်သည်။ထိုလူကြီးကျောပေါ်မှာမေ့မျောနေသောငယ်လေးမျက်နှာတစ်ခြမ်းလေးကိုမြင်လိုက်လျှင်....
''ဟေ့ ရပ်စမ်း ''။ထိုလူကြီးလက်ကိုအားနဲ့ဆွဲကာရပ်ခိုင်းသည်။ကျောပေါ်ကငယ်လေးကိုယ်လေးကိုဆွဲချလိုက်တော့ငယ်လေးကသခင့်ရင်ခွင်ထဲပျော့ခွေမှီကျလာသည်။
''မင်း ဘာ ဘာလုပ်တာလည်း ဒါ ငါ့တူလေး နေ နေမကောင်းလို့ ''။သခင့်ရဲ့စူးစူးရဲရဲအကြည့်တွေကြောင့်ထိုလူကြီးထစ်ထစ်အအပြောနေရာမှဆက်မပြောရဲတော့ပဲချာခနဲထွက်ပြေးလေသည်။သခင် လုံခြုံရေးကိုဖုန်းဆက်ပြောလိုက်ကာမေ့မြောနေသောငယ်လေးကိုပွေ့ချီလာသည်။ထိုလူကြီးကတော့လုံခြုံရေးတွေကြားယက်ကန်ယက်ကန်ပါသွားလေသည်။
''ဟေ့ ငယ်လေး  ငယ်လေး ''။ငယ်လေးကိုကားပေါ်ထိုင်စေရင်းပါလေးကိုအသာပုတ်နှိုးပေမဲ့မရ။သခင် စိုးရိမ်စွာကားကိုဆေးရုံသို့မောင်းလာသည်။
''စိတ်မပူပါနဲ့ မေ့ဆေးပြယ်ရင်သတိရလာပါလိမ့်မယ် ''။ဆရာဝန်ကလူနာကုတင်ဘေးမှာစိုးရိမ်တကြီးဖြစ်နေသောသခင့်ကိုကြည့်ရင်းပြောသည်။
''ဟုတ်ကဲ့ ကျေးဇူးပါ ဆရာ ''။ဆရာဝန်ကသခင့်ကိုခေါင်းငြိမ့်ပြုံးပြကာထွက်သွားသည်။သခင့် ခုတင်ပေါ်မှာမေ့မြောနေသောကောင်လေးကိုကြည့်ရင်းစိတ်ပူနေရင်းကနေဒေါသထွက်လာရသည်။တကယ်ပဲ ဘာလို့အဲ့လောက်တောင်ရိုးအ,နေရတာလည်း။ငယ်လေးမျက်တောင်ရှည်လေးတွေလှုပ်ခပ်လာကာမျက်လုံးလေးတွေပွင့်လာသည်။
''သတိရလာပြီလား ''
''ကို ကြီး ''။ငယ်လေးမျက်လုံးတွေဖွင့်ဖွင့်ချင်းမြင်လိုက်ရတာကိုကြီးမျက်နှာတည်တည်တင်းတင်းကြီး။
''အေး ဟုတ်တယ် ထ ပြန်မယ် ''။ကားပေါ်ရောက်သည်အထိသခင်ကမျက်နှာကြောမလျှော့။ငယ်လေး သခင့်မျက်နှာကိုမော့ခိုးကြည့်ကာမျက်နှာငယ်လေးနဲ့....
''ဟိုလေ ကျနော်တောင်းပန်ပါတယ် ကိုကြီးကိုလိုက်ရှာရင်းနဲ့အဲလိုဖြစ်သွား... ''
''မင်းက ကလေးလား!!မင်းဘဝပျက်သွားနိုင်တယ်သိလား အဲ့နားမှာကိုယ့်ကိုခဏလောက်ထိုင်စောင့်နေရင်မဖြစ်ဘူးလား!! ''
''အဟီး ဟီး ကျနော်တောင်းပန်ပါတယ် ကိုကြီးကကျနော့်ကိုသဘောမကျလို့တစ်ယောက်တည်းချန်ထားခဲ့မှာစိုးလို့ ဟီး ''။ဟီခနဲငိုချလာကာငိုရှိုက်ရင်းဗလုံးဗထွေးလေးပြောလာတဲ့စကားတွေကြောင့်သခင်မျက်လုံးပြူးသွားရသည်။နေပါအုံး သခင် သူ့ကိုသဘောမကျဘူးလို့ဘယ်တုန်းကများပြောမိပါလိမ့်။
''ဟေ့ မငိုရဘူးလေ ကိုယ်မှားသွားတာ တောင်းပန်တယ်ဟုပြီလား ''။ပြောလိုက်ပေမဲ့အငိုမတိတ်။ကလေးကိုကလေးလားဟုမေးမိသည့်သူပဲမှားပါသည်။
''မငိုရဘူးလေနော် ကိုကြီးတောင်းပန်တယ် နောက်တစ်ခါအပြင်ထွက်ရင်ကိုကြီးက ငယ်လေးနားပဲကပ်နေမယ်နော် ''။ပါးနှစ်ဖက်မျက်ရည်တွေကိုအသာသုတ်ပေးရင်းသေချာချော့ပြောတော့မှတိတ်သွားကာသခင့်မျက်နှာကိုမော့ကြည့်သည်။ငိုထားလို့နှာခေါင်းထိပ်လုံးလုံးလေးကနီရဲနေသည်။
''လိမ္မာတယ်နော် မငိုတော့နဲ့ ''။သခင် နွေးထွေးစွာပြုံးပြလိုက်ရင်းပြောတော့မှ...
''ဟုတ် ''။ရှိုက်သံလေးနဲ့ပြောရင်းခေါင်းလေးငုံ့သွားသည်။ထိုအခါမှသခင် သက်ပျင်းချကာ ကားမောင်းထွက်နိုင်သည်။

Love is youNơi câu chuyện tồn tại. Hãy khám phá bây giờ