အခန်း19

4.1K 417 13
                                    

[Zawgyi]
''ရှင်တို့ ပြန်ဆင်းခဲ့စမ်းပါအုံး ''။သခင်နှင့်ငယ်လေးအပေါ်ထပ်လှေကားတက်ရုံရှိသေး ဒေါ်ဖူးသခင်အသံထွက်ပေါ်လာသည်။သခင် နားပူခံရတော့မည်သိကာမျက်နှာရှုံ့မဲ့သွားသည်။ဘေးကချစ်သူလေးက လန့်သွားသဖြင့် လက်ကလေးကိုတင်းတင်းဖျစ်ညှစ်ပေးလိုက်ရင်းအားပေးရသည်။
''ဆိုစမ်းပါအုံး မောင်မင်းသခင် အငယ်မပြောတော့နှစ်ယောက်ကအရင်ပြန်လာကြတာဆို ရှင်းသန့် လိုက်ပို့လို့အငယ်မပြန်ရောက်နေတာ တစ်နာရီလောက်ရှိနေပြီ ရှင်တို့ကလမ်းမှာဘာတွေများလုပ်နေကြလို့ အခုမှပြန်ရောက်လာတာလည်း ''
''ဟို မာမီ..အဲတာက... ''
''အင်း ဆိုစမ်းပါအုံး ''။ညအိပ်ချိန်ရောက်နေပြီမို့
ဒေါ်ဖူးသခင်က ပခုံးကျော် ဆံပင်အလိမ်တွေကိုဖြန့်ချထားသည်။ညအိပ်ဝတ်စုံရှည်ပါဝတ်ဆင်နေပြီးဖြစ်သည်။ဆိုဖာပေါ် ခြေထောက်ချိတ်ထိုင်နေရင်းသခင့်ကိုမျက်ခုံးပင့်မေးသည်။နေရခက်ပြီဆို လုပ်တတ်တဲ့အကျင့်အတိုင်း သခင်ကနားထင်ကိုလက်ညှိုးဖြင့်ကုပ်ခြစ်သည်။
''ယောကျာ်းလေးပဲ သင့်တော်ရုံသောက်စားပျော်ပါးတာမာမီ ဘာမှမပြောလိုပါဘူး ဒါပေမဲ့ အပျော်လွန်ကြူးလာပြီဆိုရင်တော့ ပျက်စီးဖို့လမ်းစလျှောက်နေပြီ မာမီပြောတာကိုနားလည်လား ''
''ဟုတ်ကဲ့ ''
''ငယ်လေး မာမီ့ကိုကြည့်စမ်းပါအုံး ''။ဒေါ်ဖူးသခင်စကားကြောင့်ခေါင်းလေးငုံ့နေသောငယ်လေး မျက်နှာလေးမော့လာသည်။
''အမယ်လေး!! မျက်နှာလေးကဘာဖြစ်လာတာလဲ နှုတ်ခမ်းတွေနီရဲရောင်ကိုင်းနေတာပဲ လူကငယ်ငယ်လေးပဲရှိသေး ထိုးကြိတ်ရန်ဖြစ်လာတာလား ''။ဒေါ်ဖူးသခင်ကထိတ်ထိတ်ပြာပြာပြောရင်း ငယ်လေးဘေးနားရောက်ချလာကာ ငယ်လေးမျက်နှာလေးကိုသေချာကြည့်သည်။သခင့်မျက်နှာငိုရမလိုရယ်ရမလိုဖြစ်သွားသည်။အထိမခံ နုဖတ်နေသောငယ်လေးကသူ့နည်းနည်းလေးအနမ်းကြမ်းမိပြီဆိုတာနဲ့ မျက်နှာလေးကရစရာမရှိဖြစ်သွားတတ်သည်။နှုတ်ခမ်းလေးတွေဆိုပိုဆိုး။
''ဟဲ့ နှုတ်ခမ်းတွေလည်း ပေါက်နေတယ် သားကြီး ဆေးသေတ္တာသွားယူစမ်း ''
''မာမီ ညနက်နေပြီလေ သွားအိပ်တော့နော် သား ငယ်လေးကိုဆေးထည့်ပေးလိုက်ပါ့မယ် ''
''ဟုတ်ပြီ ဆေးကိုသေချာထည့်ပေးနာ် သားကြီး နေအုံး နေအုံး ငယ်လေး မာမီ့ကိုအမှန်အတိုင်းပြော ရန်ဖြစ်လာတာလား ''
''ကျ ကျနော်... ''။ဒေါ်ဖူးသခင်အမေးကြောင့်ငယ်လေး ဘာဖြေရမှန်းမသိကာမျက်လုံးဝိုင်းလေးတွေနဲ့သခင့်ကိုအားကိုးတကြီးကြည့်သည်။
''မဟုတ်ပါဘူး မာမီရဲ့ ငယ်လေးချော်လဲလို့နှုတ်..နှုတ်ခမ်းပေါက်သွားတာ ''။သခင်က ကမန်းကတန်းဝင်ပြောသည်။
''ဟုတ် ဟုတ်တယ်မာမီ ကျနော်ချော်လဲလို့ ''။ငယ်လေးကလည်း မျက်လုံးဝိုင်းလေးနဲ့ထောက်ခံသည်။
''လမ်းလျှောက်ရင်ဂရုစိုက်မှာပေါ့သားရယ် စာမေးပွဲကလည်းနီးနေပြီ ကိုယ့်ကိုယ်ကိုဂရုစိုက်ကြနော် ''
''ဟုတ်ကဲ့ ''။ငယ်လေးနှင့်သခင် နာခံစွာခေါင်းငြိမ့်ကြသည်။
''သားကြီး ငယ်လေးကိုဆေးထည့်ပေးဖို့မမေ့နဲ့နော် ကဲ မာမီလည်းသွားအိပ်တော့မယ် good night ''။ဒေါ်ဖူးသခင်က နှုတ်ဆက်ပြီးအိပ်ခန်းထဲဝင်သွားသည်။
''ငယ်လေး နှုတ်ခမ်းစပ်နေပြန်ပြီလားဟင် ''။သခင် ငယ်လေးနှုတ်ခမ်းလေးကိုငုံ့ကြည့်မေးသည်။
''နည်းနည်း ပါ ကိုကို ''
''အင်း လာ ကိုကိုဆေးထည့်ပေးမယ်နော် ''
............။
''အ!... ''
''ဖွ..ဖွ ကိုကိုသာသာလေးလုပ်မယ်နော် ''။ဂွမ်းစလေးနှင့်ဆေးရည်လူးပေးနေစဉ် ငယ်လေးမျက်နှာလေးရှုံ့မဲ့ကာအ,ခနအသံလေးထွက်လာသဖြင့် သခင် လေငွေနဲ့အသာမှုတ်ပေးရသည်။ငယ်လေးက ညအိပ်ဝတ်စုံလေးလဲပြီးဖြစ်ကာခုတင်ပေါ်မှာထိုင်ရင်းခြေထောက်အောက်ချထားသည်။သခင်ကငယ်လေးရှေ့မှာမတ်တပ်ရပ်ကုန်းနေရရင်း ငယ်လေးမျက်နှာလေးကိုမော့စေကာဆေးထည့်ပေးသည်။ကိုယ်သင်းနံ့ချိုချိုလေး ၊အနီးကပ်မြင်နေရသောနီရဲရဲနှုတ်ခမ်းဖာင်းဖောင်းလေး။သခင် ကားပေါ်ကအနမ်းတွေပြန်ဆက်ကာငယ်လေးကို ခုချက်ချင်းအိပ်ရာပေါ်လှဲလုပ်ပစ်ချင်သည်။(အားကြီးနဲ့😐)
ဖြူဖြူစင်စင်ယုန်လေးကတော့ သူ့ရှေ့ကဝံပုလွေကြီးရဲ့ညစ်ညစ်ပတ်ပတ်အတွေးတွေကိုမသိရှာချေ။
''ကိုကို ရပြီလေ ''
''အာ အင်း ''။ငယ်လေးပြောမှ သခင် သတိဝင်လာရင်းဆေးထည့်ပေးခြင်းကိုအဆုံးသတ်သည်။သခင် အကြံထုတ်ကာ နှုတ်ခမ်းကိုက်နေရင်းငယ်လေးကိုကြည့်သည်။
''ငယ်လေး ကိုကို ငယ်လေးအခန်းမှာအိပ်လို့ရမလားဟင် မနေ့ညကအိမ်မက်ဆိုးတွေမက်တာ ကိုကိုအရမ်းကြောက်တာပဲ ''။မျက်နှာငယ်လေးနဲ့ပြောသည်။ငယ်လေးကသခင့်စိုးရိမ်သည့်မျက်ဝန်းလေးတွေနှင့်ကြည့်လာရင်း...
''ညအိပ်ရာဝင်ခါနီး ဘုရားရှိခိုပြီးမှအိပ်ရတယ်ကိုကိုရဲ့ အဲဒါဆို အိမ်မက်ဆိုးတွေမမက်တော့မမက်တော့ဘူး လာ ကျနော်နှင့်အတူဘုရားရှိခိုးမယ် ''။မောင်မင်းကြီးသားလေးကပြောရင်း သခင့်လက်ကိုဆွဲခေါ်လာသဖြင့် မိုးတိုးမတ်တပ်အရပ်ကြီးနှင့်သခင် နောက်ကနေလိုက်ပါလာရသည်။လျှပ်စစ်မီးရောင်စုံ၊ဘုရားပန်းတွေ
နဲ့ကြည်ညိုဖွယ်သပ္ပယ်နေသောဘုရားခန်းရောက်တော့ သခင် ကာမမီးတွေတောင်ငြိမ်းချင်သွားသည်။ဘုရားစင်ရှေ့ ငုတ်တုတ်လေးထိုင်နေရာယူပြီးသောငယ်လေးဘေး၌သူပါဝင်ထိုင်လိုက်ရသည်။ဇနီးလောင်းလေးကဘုရားတရာကိုင်းရှိုင်းသော့သူပါ ကုသိုလ်ရတာပေါ့။သခင် အောင့်သက်သက်တွေးရင်းဦးသုံးကြိမ်ချသည်။
''ကိုကို တရားစာရတယ်မလားဟင် ''။လက်အုပ်လေးချီမျက်လုံးလေးမှိတ်ထားသော ငယ်လေးကမျက်လုံးလေးဖွင့်ကာ သူ့ဘက်လှည့်လာရင်းမေးသည်။
''နည်းနည်း ...နည်းနည်းတော့ ကိုယ် ရပါတယ် ''
''အင်း နောက်မှ ကျနော်ပရိတ်ကြီးဆယ့်တစ်သုတ်တွေ ဘာတွေသင်ပေးမယ်နော် ''။ငယ်လေးက ပြုံးပြုံးလေးသဘောကောင်းစွာ ပြောလာသဖြင့် သခင်မချိပြုံးပြန်ပြုံးပြလိုက်ရင်း ခေါင်းငြိမ့်သည်။ကိုယ့်ကလေးလေးရေ ကိုယ် မင်းဆီကတရားအကြောင်းသင်ချင်တာမဟုတ်ဘူး၊မင်းကို ကိုယ် အချစ်အကြောင်းသင်ပေးချင်တာလေ။ဘုရားရှိခိုးပြီးတော့ငယ်လေးကရေချိုခန်းထဲဝင်ကိုယ်လက်သန့်စင်သွားတိုက်လုပ်မည်ဆိုသဖြင့် သခင် ကိုယ့်အခန်းကိုယ်ပြေးကာညအိပ်ဝတ်စုံအမြန်လဲ သွားတိုက်တံပြေးယူရင်း ငယ်လေးအခန်းပြန်ရောက်လာသည်။ကျန်းမာတောင့်တင်းသော ခန္ဓာကိုယ်၊ရှည်လျားမြင့်မားသောအရပ်ပိုင်ရှင် ကောင်လေးနှင့်ဖြူဖြူသေးသေးကောင်လေးက မှန်ထဲကြည့်မတ်တပ်ရပ်နေကြရင်း သွားတိုက်တံကိုယ်စီနဲ့သွားတိုက်နေကြသည်။သခင်က တကယ့်အကြင်လင်မယားလိုဖြစ်နေသော မိမိတို့အခြေအနေကိုကြည့်ရင်းပျော်ရွှင်ကျေနပ်ကာ ပါးစပ်မှာအမြှုပ်တွေထနေသောကောင်လေး ခါးကိုလက်နဲ့အသာတို့လိုက်သည်။ငယ်လေးကမျက်လုံးပြူးလေနဲ့သူကို့ကြည့်လာသည်။မလုပ်ရဘူးလေဆိုတဲ့သဘော။သခင် အသည်းယားကာငယ်လေးခါးလေးကိုလက်နှင့်ပွေ့ဖက်ရင်းသူ့ဘက်ဆွဲယူလိုက်သည်။ငယ်လေးက ကမန်းကတန်းပြန်ရုန်းထွက်ရင်း ဘေလ်စင်မှာပလုတ်ကျင်းသည်။ပြီးတော့သခင့်ဘက်လှည့်ကြည့်လာရင်း.....
''ကိုကို သွားတိုက်နေတုန်းလာမစနဲ့လေ အမြှုပ်တွေစင်ကုန်လိမ့်မယ် ''။အဘွားအိုပေါက်စလေးလိုပြောပြီးသခင့်ကို ရပ်စောင့်နေသည်။သခင် ပလုတ်ကျင်းလိုက်ပြီး ငယ်လေးကိုယ်လေးကိုဆတ်ခနဲပွေ့ချီလိုက်တော့..
''ကိုကို့! ''။မျက်လုံးပြူးလေးနှင့်သူ့ကိုအလန့်တကြားမော့ကြည့်ရင်း အော်သည်။
''ကိုကိုတို့အိပ်ချိန်ရောက်ပြီလေ.. ''။သခင်ကပြုံးပြုံးကြီးပြောရင်းငယ်လေးကိုယ်လေးကိုအိပ်ခန်းထဲပွေ့ချီလာကာမွေ့ယာပေါ်ချလိုက်ရင်းသူပါ အပေါ်ကအုပ်မိုးသည်။
''ကိုကို ငယ်လေးကို ထပ်နမ်းလို့ရမလားဟင် ''။နှာခေါင်းထက်ကမှဲ့သေးလေးကိုသခင်ကအူယားစွာငုံ့နမ်းချပြီးမှ နှုတ်ခမ်းလေးကိုရီဝေဝေကြည့်ရင်းခပ်တိုးတိုးဆိုသည်။
''ကို..ကို  ကျ ကျနော် နှုတ်ခမ်းတွေစပ်နေတုန်းပဲ ''။ငယ်လေးကမျက်လုံးဝိုင်းလေးနဲ့အထိတ်တလန့်မော့ကြည့်နေရင်း စကားလေးတွေထစ် အပြောသည်။
''ဟုတ်သားပဲ ငယ်လေး မျက်နှာသစ်လိုက်တာကို ဆေးတွေရေနောက်ပါသွားမှာပေါ့ ကိုကို ဆေးပြန်လိမ်းပေးမယ်နော် ''။သခင် ဆေးလိမ်းပေးတော့ငယ်လေးက လှုပ်တောင်မလှုပ်ရဲပဲငြိမ်ငြိမ်လေး ဆေးလိမ်းခံနေသည်။ဆေးလိမ်းပြီးသွားတော့ငယ်လေးကသခင့်ကိုမျက်နှာငယ်လေးနှင့်မော့ကြည့်ရင်း....
''ကိုကို မနမ်းနဲ့တော့နော် ညနက်နေပြီ''။အရင်ဦးအောင်ကြိုတင်တားမြစ်တော့သည်။သခင်ကငယ်လေးကို
နွေးထွေးစွာပြုံးပြရင်းနဖူးလေးကိုဖွဖွလေးတစ်ချက်နမ်းသည်။
''ဟုတ်ပါပြီ ငယ်လေး မနမ်းချင်ရင်ကိုကိုထပ်မနမ်းတော့ဘူးနော် စိတ်ချလက်ချအိပ် ''
''ဟုတ် ''။ပြောပြီး မျက်လုံးလေးမှိတ်သည်။သခင် ငယ်လေး ဘေးနားဝင်လှဲလိုက်ရင်းသူ့ဘက်နောက်ကျောပေးထားသော ငယ်လေးကိုယ်လေးကိုရင်ခွင်ထဲဆွဲသွင်းလိုက်ရင်း သူ့လက်မောင်းပေါ်ခေါင်းအုံစေလိုက်သည်။လက်တစ်ဖက်ကငယ်လေးခါးလေးကိုတင်းတင်းပွေ့ဖက်လိုက်သည်။ငယ်လေးမျက်လုံးလေးတွေပြန်ဖွင့်လာရင်း....
''ကိုကို အိမ်မက်ဆိုးတွေမက်ပြီးလန့်နိုးနေရင် ကျနော့်ကိုနှိုးနော် ''။အသံသေးသေးလေးဖြင့်ပြောလာသေးသည်။သခင် သဘောကျစွာရယ်မိရင်းငယ်လေးကိုယ်လေးကို အူယားစွာပိုမိုတင်းကြပ်ရင်ခွင်ထဲဆွဲသွင်းကာ...
''ဟုတ်ပါပြီဗျာ ကိုကိုကြောက်နေရင်ငယ်လေးကိုနှိုးလိုက်မယ်နော် ပြီးရင် ကိုကိုတို့နမ်းကြမယ် ''
''ဟွန့် ..ကိုကိုနော် ''။ငယ်လေးကမကျေမနပ်ဟွန့် ခနဲဖြစ်သွားရင်းသူဆိုင်ကိုင်ထားသောခါးပေါ်ကသခင့်လက်ကိုသူ့လက်သေးသေးလေးနှင့်ဖျစ်ညှစ်သည်။
''ကိုကို စတာပါကွာ ငယ်လေးစိတ်ချလက်ချအိပ်နော် ''။ပြောလိုက်ကာမှမျက်လုံးလေးတွေမှိတ်ကျသွားသည်။အသက်ရှုသံမျှင်မျှင်လေးထွက်ပေါ်လာသည်။ချစ်ရသူနဲ့အေးချမ်းစွာအိပ်စက်ရသောညလေးကအိမ်မက်တို့လှပနေမှာတော့အသေအချာ။

Love is youOpowieści tętniące życiem. Odkryj je teraz