အခန္း၈

4.8K 498 23
                                    

[Unicode]
''နမ်းတယ်!! ''
''အင်း ''
''အတွဲတေ!! ''
''အင်း ''။အထွန်းမျက်လုံးပြူးလေးနဲ့မေးသမျှကိုငယ်လေးကခေါင်းလေးတငြိမ့်ငြိမ့်။
''ငယ်လေး မင်းတကယ် ကိုကြီးမင်းသခင်ကိုချစ်တာလား ''
''ချစ်တာ!! ''။အထွန်းပြောတာကိုငယ်လေးကနားမလည်ပုံလေးဖြင့်လိုက်ရေရွတ်သည်။
''ချစ်တာဆိုတာကကွာ သူ့ကိုပဲအမြဲမြင်ချင်နေတာမျိူး သူ့ဘယ်လိုပုံစံနေနေဘယ်လိုပုံစံပဲဝတ်ဝတ်ကြည့်ကောင်းနေတာမျိူး စိတ်ဆိုးရင်ဆိုးမယ် စိတ်မနာနိုင်ဘူးကွာ တစ်ခါတစ်လေ သူ့လက်မောင်းတွေကိုကိုက်ချင်တယ် ''။အထွန်းကသူ့ချစ်သူကြီးကောင်းမြတ်ကိုမျက်လုံးထဲမြင်ယောင်ကအချစ်ဒဿနိကဖွင့်သည်။ငယ်လေး ကိုကြီးကိုချစ်နေမိပြီလား။အထွန်းပြောသလို သူ ကိုကြီးကိုအမြဲမြင်နေချင်သည်။ကိုကြီးအပြုံးတွေကိုသဘောကျသည်။အိမ်ကကြောင်လေးကိုချစ်သလိုကိုကြီးကိုလည်းသူချစ်ပါသည်။
(ကြောင်သေးသေးလေးနဲ့နှိုင်းယှဉ်ခံလိုက်ရသောplayboyကြီးသခင်:-)မနက်စောစီးတိုင်းငယ်လေးကိုယ်ပေါ်တက်ကာမျက်နှာကိုလျှာသေးသေးလေးနဲ့လျှက်ကာအမြဲနှိုးတတ်တဲ့ကြောင်လေးရဲ့အပြုအမှုကိုငယ်လေးသဘောကျသည်။ဒါပေမဲ့ ကိုကြီး သူ့နှုတ်ခမ်းတွေကိုစုပ်..စုပ်တာက အမ်း..တစ်မျိူးကြီး။
''ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့တွဲနေကြပြီဆိုတော့ ကိုကြီးသခင်ကမင်းမှမင်းတမ်းတမ်းစွဲစွဲဖြစ်အောင် ဆွဲဆောင်နိုင်ရမယ်နော် ကြားလား ငယ်လေး ကိုကြီးသခင်ကဆော်ကြည်ဘဲကြီး တော်ကြာ မင်းကျန်နေခဲ့လိမ့်မယ် ''
''ဟင်  ကျန် ကျန်နေခဲ့မယ် ''။ငယ်လေးကမျက်လုံးဝိုင်းလေးနဲ့ဟင်!ခနဲဖြစ်တာ့။
''အာ မငိုနဲ့နော် ငါကသဘောပြောတာ၊ဘာမှလည်းစိတ်မပူနဲ့ မင်းတတ်တဲ့အတတ်ပညာတွေအကုန်လုံးငါသင်ပေးမယ် ''။အထွန်းကဆရာကြီးစတိုင်လ်နဲ့ပြောသည်။ငယ်လေးကလည်းမျက်လုံးလေးတွေတလက်လက်တောက်ပလာကာဆရာ့စကားမြေဝယ်မကျနားထောင်မယ့်တပည့်လိမ်မာလေးပုံစံ။
''အရင်ဆုံး မင်းအခေါ်အဝေါ်ပြောင်းရမယ် သိလား ''ကိုကြီး ''ဆိုတာက မွေးချင်းမောင်နှမတေခေါ်တာလေ မားယွန်းကလည်းကိုကြီးလို့ခေါ်တယ် ငါကလည်းကိုကြီးသခင်လို့ခေါ်တယ်ကွာ မင်းကလည်း.... ''
''အင်း ငါသိပြီ!! ကိုကိုကြီးလို့ခေါ်ရင်ရော ''။ငယ်လေးကအားတက်သရောထအော်သည်။ကိုကိုကြီး,ဘယ်ရှေးခေတ်ကအခေါ်အဝေါ်တွေလည်း။အထွန်းရေမရှိတဲ့ခွက်ထဲနှာခေါင်းမြှုပ်သေချင်သွားသည်။
''ကိုကို တော့လုပ်ပါကွာ ''
''အာ အင်း ကိုကိုလို့ခေါ်ရမှာလား ''
''ဟုတ်တယ် ခေါ်ကြည့်လိုက် မင်းယောကျာ်းတစ်ခါတည်းကြွေဆင်းသွားစေရမယ် ''။အထွန်းကမပိုင်ရင်ခြင်တောင်မရိုက်ဘူးဆိုတဲ့ရုပ်နဲ့မေးစေ့ပွတ်ပြောသည်။
''ငါ့ ငါ့ယောကျာ်း ''။ငယ်လေးမျက်နှာလေးနီလာသည်။
''ဟေ့ ငယ်လေး မင်း ကိုကြီးသခင်ကိုရည်းစားတော်ထားပြီး ဒါလေးပြောတာနဲ့လာမရှက်နဲ့နော် ဟိုကမင်းကိုအလှကြည့်နေမှာတော့မဟုတ်ဘူး အရိုးပါဝါးစားမှာမြင်ယာင်သေး ''
''မင်းကလည်း.. ''။ငယ်လေးတိုးတိုးလေးပြောရင်းရှက်ကာခေါင်းလေးငုံ့သွားသည်။
''နေအုံး မင်း ငါ့ကို ကိုကိုလို့အစမ်းခေါ်ကြည့် ''
''အမ် အခုလား ''
''အင်း ညှို့ဓာတ်အပြည့်ပါတဲ့မျက်လုံးတွေနဲ့သေချာစူးစိုက်ကြည့်ပြီးခေါ်နော် ''။ငယ်လေးကခေါင်းလေးငြိမ့်ကာမျက်လုံးဝိုင်းလေးတွေနဲ့အထွန်းကိုစူးစိုက်ကြည့်လာသည်။
''ကိုကို ''။အသံချိူချိူအေးအေးလေးကညင်ညင်သာသာထွက်ပေါ်လာသည်။အထွန်း ကြက်သီးတွေတောင်ထလာရသည်။အားးတကယ်ပဲ ငါ့ချစ်သူကြီးကိုအမ်းပြီးငယ်လေးကိုtopချင်လိုက်တာ။
''မိုက်တယ်... နောက်တစ်ခေါက်ခေါ်ကြည့် ''။အထွန်းငိုချင်းချတော့မည်ရုပ်နဲ့ပြောသည်။ငယ်လေး ဘာလို့အဲလောက်ကြီးတောင်ချစ်ဖို့ကောင်းနေတာလည်း။
''ကိုကို ''
''ဗျာ ''။
''ဟေ့ မတ်တပ်ရပ်စမ်း မင်းတို့နှစ်ယောက် ''။ရှေ့ကတီချယ်ကစားပွဲကိုဖြန်းခနဲရိုက်ရင်းငယ်လေးတို့ကိုဒေါသတကြီးကြည့်ကာပြောသည်။ငယ်လေးနှင့်အထွန်းလန့်သွားကာမျက်လုံးပြူးလေးတွေနဲ့တီချယ်ကိုပြန်မော့ကြည့်ကြသည်။
''ကဲ ပြောကြစမ်းပါအုံး ဘာတွေဆွေးနွေးနေကြတာလည်း ''
''တီချယ် သား ..သားတို့က ဟိုဟာ... ''။အထွန်းဘာဆက်ပြောရမှန်းမသိကာခေါင်းကုပ်သည်။
''မင်းတို့ကဘာလဲ ကိုကိုတွေဘာတွေခေါ်ပြီး တွဲနေကြတာလား!! ''
''မဟုတ် မဟုတ်ပါဘူးတီချယ် ''။ငယ်လေးကမျက်လုံးပြူးလေးနဲ့ထငြင်းသည်။တီချယ်ကငယ်လေးတို့နားတိုးကပ်လာရင်းလေသံတိုးတိုးနဲ့....
''အဟမ်း တီချယ်ပြောမယ် မင်းတို့ကလှလှပပukeဆင်လေးတွေသိလား နှစ်ယောက်သားတွဲလို့မရဘူးနော် မိုးကြိုးတွေပစ်ကုန်မယ် ရည်းစားမရှိရင်တီချယ်ကရှာပေးမယ်နော် ဟုတ်ပြီလား ''။(ဟုတ်ကဲ့ ကျွန်မဆရာမ ဖူဂျီမပါ)။အထွန်းနဲ့ငယ်လေးမျက်လုံးတွေပိုမိုပြူးကျယ်လာသည်။နေ နေပါအုံး တီချယ်ကဘာတွေပြောနေတာလည်း။
''အေး ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ် နောက်ခါစာသင်နေချိန်စကားပြောရဲပြောကြည့် အခန်းအပြင်ထွက် တစ်ချိန်လုံးမတ်တပ်ရပ်ခိုင်းမယ် ကြားလား မင်းတို့နှစ်ယောက် ''။တီချယ်ကခပ်တည်တည်ကြိမ်းမောင်းပြီးwhiteboardနားပြန်ရောက်သွားသည်။

Love is youWhere stories live. Discover now