အခန္း10

5K 492 2
                                    

[Unicode]
မေဂျာပွဲနေ့။
''အိုးးဘေဘီရယ် မင်းကယောကျာ်းလေးဆိုတာမယုံနိုင်ဘူး ''။မိတ်ကပ်ပြင်ပေးသောမာမီကငယ်လေးကိုကြည့်ကာတအံ့တသြ။
''မင်း မျက်တောင်လေးတွေလှလိုက်တာ ''။ပိုင်ပိုင်ကငယ်လေးမျက်နှာလေးကိုမေးထောက်ကြည့်နေပြီးအလှမှာနစ်မြောနေသည်။
''ငယ်လေး မင်းကငါ့မိန်းမပဲ''။ဂါဝန်ကြီးတကားကားနဲ့အထွန်းကငယ်လေးကိုပြေးဖက်သည်။မာမီကသူ့လက်ရာကြောင့်အစွမ်းကုန်လှနေသောငယ်လေးအားကြည့်ကာသဘောကျနေစွာပြုံးနေသည်။
''ဘေဘီ မာမီ့ကိုမတ်တပ်ရပ်ပြပါအုံး ''။ငယ်လေးမတ်တပ်ရပ်ပြရသည်။အဖြူရောင်ဂါဝန်တိုလေးကငယ်လေးကိုယ်မှာကပ်ရပ်နေသည်။အတုတွေတပ်ထားရသဖြင့်ရင်ဘတ်နားကတင်းတင်းမို့မို့။
ငယ်လေးမျက်နှာလေးနီသွားရသည်။
''ဒါ ဒါကြီးမထည့်ချင်ဘူး ''။ရင်ဘတ်ကပေါက်စီတွေကိုညွှန်ပြရင်းငယ်လေးပြောတော့မာမီကမျက်လုံးကြီးပြူးကာ...
''အို ဒါမထည့်လို့မရဘူးလေကွယ် ကြည့် မင်းသူငယ်ချင်းတွေလည်းထည့်ရတာပဲ ''။မာမီကဘေးကပိုင်ပိုင်နှင့်အထွန်းကိုဆွဲပြရင်းပြောသည်။ဟိုနှစ်ယောက်ကလည်းရင်ဘတ်တွေကိုကော့ပြနေသေးသည်။ဖြူစွတ်နေတဲ့ငှက်မွှေးလေးတွေအလှဆင်ထားသောရင်ပိုင်းပြတ်ဂါဝန်လေးမို့ငယ်လေးပခုံးသားလေးတွေပေါင်တံဖွေးဖွေးလေးတွေကာအထင်းသားပေါ်နေသည်။ဆံပင်ကဂုတ်ဝဲလေးဖြစ်ကာထိပ်မှာအဖြူရောင်ပန်းခွေလေးပန်ထားရသေးသည်။ငယ်လေး ဂါဝန်တိုတိုအောက်ကကိုယ့်ပေါင်တံတွေကိုယ်ငုံ့ကြည့်မိရင်း...
''ဟို ဂါဝန်ကအရမ်းတိုနေတယ် ကျနော်မဝတ်ရဲဘူး ''
''ဘေဘီကလည်းကွာဒီလောက်လှနေတာကို ''။မာမီကသူ့ခန္ဓာကိုယ်ကြီးနဲ့မလိုက်ဖက်စွာချွဲ့နွှဲ့ရင်းပြောသည်။
''ဟဲ့ နင်တို့သုံးယောက်မပြီးကြသေးဘူးလား ရှေ့ကလူတွေတန်းစီနေပြီ လျှောက်ရတော့မယ်နော် ''။အသံစွာစွာနဲ့အတူအတန်းခေါင်းဆောင်ဂျပုမကအလှပြင်ခန်းထဲရောက်လာသည်။
''မောနီတာကြီးရေ ဒီမှာငယ်လေးကဟိုဟာမဝတ်ချင်ဘူးဒီဟာမဝတ်ချင်ဘူးရစ်နေလို့ လုပ်အုံး ''။ပိုင်ပိုင်ကအရင်ဆုံးတိုင်ပြောသည်။
''ဟယ် ငယ်လေးလှလိုက်တာ!! သိတယ် အဲ့ဒါကြောင့်နင်လေးကိုငါပွဲထုတ်ချင်တာ  နင့်ပုံစံလေးကြည့်ပြီးအစစ်မတွေထိုင်ငိုတော့မှာ ခပ်ချောချောဘဲကြီးတွေလည်းငါတို့မေဂျာကကောင်လေးကိုလာပိုးပန်းကြတော့မှာ လာ လာ ထွက်ခဲ့တော့ ''။ဂျပုမကစိတ်ကူးယဉ်ကာတရပ်စပ်ပြောပြီးငယ်လေးကိုဆွဲခေါ်သွားသဖြင့်ငယ်လေးဘာမှမပြောနိုင်ပဲပါသွားရသည်။
''မာမီ အထွန်းကိုကြည့်ပေးအုံး အားလုံးအဆင်ပြေလား ''။အထွန်းကမိုးပြာရောင်ဂါဝန်ရှည်ဝတ်ထားသည်။ဘေးကအကွဲကပေါင်လယ်ထိမို့ခြေတစ်လှမ်းလှမ်းတိုင်းပေါင်တံဖွေးဖွေးကလှစ်ခနဲ။
''အဆင်ပြေတယ် ဘေဘီ ခဏ မာမီ နူတ်ခမ်းနီထပ်ဆိုးပေးမယ် အရောင်ဖျော့နေတယ် ''။ပြောပြီးမာမီကအထွန်းကိုနူတ်ခမ်းနီဆိုးပေးသည်။
''ဟဲ့ အထွန်းနင်မပြီးသေးဘူးလား ''။ဂျပုမထပ်ရောက်လာပြန်သည်။
''အေး လာပြီ လာပြီ ''။အထွန်းဂျပုမဆွဲခေါ်ရာနောက်လိုက်ပါသွားသည်။ငယ်လေးတို့သုံးယောက်နောက်ဆုံးမှာတန်းစီရမှာပေမဲ့ပိုင်ပိုင်ကထိပ်ဆုံးရောက်သွားသည်။တီလုံးသံခပ်မြူးမြူးထွက်လာတော့ပိုင်ပိုင်ကအတုတွေရမ်းခါနေအောင်စတင်showလျှောက်ပြသည်။မေဂျာပေါင်းစုံကပရိတ်သတ်တွေကလည်းဟေးခနဲ၊ဝါးခနဲအားပေးကြသည်။တစ်ယောက်ပြီးတစ်ယောက်လျှောက်ပြပြီးနောက်ငယ်လေးအလှည့်ရောက်လာသည်။
''Fighting ငယ်လေး ''။အထွန်းကငယ်လေးကိုတိုးတိုးလေးအားပေးစကားဆိုလိုက်သေးသည်။ငယ်လေးစိတ်ကိုတည်ငြိမ်အောင်ထားလိုက်ရင်းသင်ပြ
ထားတဲ့အတိုင်းလျှောက်လာသည်။
''Woo!!!အလှလေး ''
''ဟေး အဲဒါဘယ်သူလေးလဲလို့ ''။အသံတွေစီညံထွက်လာကုန်သည်။The whole king ကြီးသခင် ခင်မျာအတန်းပိုင်တီချယ်ကခုံတွေမ,ရွှေ့ခိုင်းလိုက် အလှမီးသီးတွေတပ်ဆင်ခိုင်းလိုက် ကပြဖျော်ဖြေသူတွေအမောပြေသောက်ဖို့အချိူရည်ဘူးတွေဝယ်ခိုင်းလိုက် ရေသန့်ဘူးသယ်ခိုင်းလိုက် မနားရအောင်ခိုင်းနေသဖြင့် ရှိုးမထုတ်နိုင်။ကပွဲစင်ထောင့်မှာရေသန့်ဘူးမော့သောက်ရင်းအမောဖြေနေစဉ်ထွက်လာသောငယ်လေးပုံစံလေးကြောင့်သောက်နေသည့်ရေပင်သီးမလိုဖြစ်သွားရသည်။fuck!!ဘာလို့အဲလောက်တောင်လှနေရတာလည်း။မီးရောင်ဖွေးဖွေးအောက်မှာဂါဝန်အဖြူလေးဝတ်ထားသောငယ်လေးကကြယ်ပွင့်လေးလိုလင်းလက်နေသည်။ဒေါက်ဖိနပ်လေးနဲ့စတိုလ်ကျကျလျှောက်နေရင်းအပြုံးချိူချိူလေးတွေစွန့်ကြဲနေသေးသည်။သခင်တွဲခဲ့ဖူးတဲ့ရည်စားဟောင်းတွေငယ်လေးအလှကိုခြေဖျားပင်မမှီ။သခင် ငယ်လေးထံမှအကြည့်မလွှဲနိုင်ဖြစ်နေရသည်။ငယ်လေးလျှောက်ပြီးသခင်ရှိရာကပွဲစင်ထောင့်နားရောက်လာသည်။
''ငယ်လေး ''
''ဟင်...ကိုကြီး ''။ငယ်လေး ပွဲတစ်လျှောက်လုံးကိုကြီးကိုမတွေ့မိ။ဒီစင်ထောင့်မှာဘာလုပ်နေပါလိမ့်။သခင် ငယ်လေးတစ်ကိုယ်လုံးကိုကြည့်နေသဖြင့်ငယ်လေးမနေတတ်စွာနားရွက်ဖျားလေးတွေရဲလာသည်။
''ဟို ကိုကြီး.... ''
''ကိုယ်နဲ့ခဏလိုက်ခဲ့ ''။သခင်ကပြောရင်းငယ်လေးကိုဆွဲခေါ်လာသည်။လူမရှိသည့်အဝတ်လဲခန်းထဲဝင်လိုက်သည်။
''ကိုကြီး ဘာဖြစ်လို့လည်းဟင် ''။ငယ်လေးမေးလာတော့သခင်ဘာဖြေရမှန်းမသိ။တကယ်တော့ဒီကောင်လေးပုံစံလေးကိုကြည့်ရင်းသူမနေနိုင်စွာအသည်းယားလို့ဆွဲခေါ်လာခြင်း။
''မင်းဂါဝန်ကအရမ်းတိုနေတယ် ဘာလို့အဲလောက်တိုတာဝတ်ရတာလည်း ''။သခင်ကပြောတော့ငယ်လေးမနေတတ်စွာခြေထောက်လေးနှစ်ချောင်းပူးကပ်နေရင်းမျက်နှာနီနီလေးဖြင့်သခင့်ကိုမော့ကြည့်သည်။
''ကျနော် မဝတ်ချင်ပါဘူး ဒါပေမဲ့ သူတို့ကဒါပဲဝတ်ဆိုလို့ ''။မျက်တောင်စင်းစင်းလေးတွေ၊ပန်းသွေးရောင်တင်ထားသောနူတ်ခမ်းဖူးဖူးလေး။သခင်နှလုံးခုန်သံတွေမြန်လာရသည်။သခင့်မျက်နှာငုံ့ကျလာရင်း....
''ကိုယ် မင်းကို နမ်းလို့ရမလားဟင် ''။သခင်အသံ တိုးတိုးအက်ရှရှညှို့ငင်စွာထွက်ပေါ်လာသည်။
.....................။(ဒန်တန်တန်😛နောက်အပိုင်းကwarning⚠အသေးစားလေးပါလို့ )

Love is youTahanan ng mga kuwento. Tumuklas ngayon