အခန်း13

4.7K 459 3
                                    

[Zawgyi]
''ငယ်လေး ကျောင်းတက်ရတာအဆင်ပြေတယ်မဟုတ်လား ''
''ဟုတ် အဆင်ပြေပါတယ် အန်ကယ်လေး ''။ထမင်းစားပွဲဝိုင်းထိပ်တွင်ထိုင်နေသောဦးမင်းနောင်ကမေးလိုက်သဖြင့်ငယ်လေးခေါင်းလေးငြိမ့်သည်။
''သား အဆင်မပြေတာရှိရင် မာမီတို့ကိုပွင့်ပွင့်လင်းလင်းပြောနော် ဘာမှအားနာစရာမလိုဘူး ''
''ဟုတ်ကဲ့ မာမီ ''။ထမင်းဝိုင်းထိပ်မှာဦးမင်းနောင်ထိုင်သည်။ဘယ်ဘက်မှာဒေါ်ဖူးသခင်နှင့်ယွန်းကနေရာယူသည်။သခင်နှင့်ငယ်လေးကညာဘက်မှာ။
''သား သခင် ငယ်လေးကိုဟင်းတွေထည့်ပေးလေ ဒီကလေးလေးသိပ်အစားနည်းတာပဲ အဲဒါကြောင့်သေးသေးလေးဖြစ်နေတာ အသားလည်းစားပေးရတယ်လေကွယ် ''။သခင်ကကြက်သားအစပ်ကြော်တစ်တုံးဆယ်ယူလိုက်ရင်းငယ်လေးပန်းကန်ထဲထည့်ပေးသည်။
''ငယ်လေး အစပ်စားနိုင်တယ်မလား ''
''ဟုတ် ဟုတ်ကဲ့ ''။ငယ်လေးခေါင်းငြိမ့်လိုက်ရင်းသခင်ထည့်ပေးသောဟင်းကိုခက်ရင်းလေးနဲ့ဖဲ့ယူကာပါးစပ်ထဲထည့်သည်။ပူခနဲဖြစ်သွားသောလျှာနဲ့အတူငယ်လေးမျက်ရည်တောင်ဝိုင်းလာသည်။နှုတ်ခမ်းလေးတွေနီရဲလာသည်။တကယ်တော့ ငယ်လေး အစပ်လုံးလုံးမစားနိုင်ပေ။ငြင်းရမှာအားနာစွာမောင်းမင်းကြီးသားလေးကသတ္တိရှိရှိစားခြင်းဖြစ်သည်။
''ဟေ့ စပ်နေပြီလား ရေ  ရေသောက် ''။သခင်ရေကရားထဲကရေကိုငှဲ့ပေးကာငယ်လေးကိုကမ်းပေးသည်။
''ဒေါ်မြင့် အသီးတစ်မျိုးမျိုးလောက်ယူခဲ့အုံး ဒီမှာစပ်နေလို့ ''။ဒေါ်မြင့်ကစတုရန်းပုံစုံသေးသေးလေးတွေစိတ်ထားသောဖရဲသီပန်းကန်အလျင်အမြန်လာချသည်။
''ဒေါ်မြင့် နောက်ခါဟင်းတွေချက်ရင်အစပ်လျှော့နော်  ဒီမှာ ငယ်လေးပန်းကန်လည်းလဲပေးအုံး ''
''ဟုတ် ဟုတ်ကဲ့ အကိုလေး ''။သခင်ပြောပြီးထမင်းဝိုင်းဘက်လှည့်လာတော့အားလုံးကအံ့သြသလိုဝိုင်းကြည့်နေကြသဖြင့်သခင်မနေတတ်စွာလက်ညှိုးဖြင့်နားထင်ကိုကုပ်ခြစ်လိုက်ရင်း...
''အဟမ်း ဘာဖြစ်လို့ကျွန်တော့်ကိုဝိုင်းကြည့်နေကြတာလဲ ''
''ငါ့သားသူများကိုသည်းသည်းလှုပ်ဂရုစိုက်တာဒယ်ဒီတစ်ခါမှာ မမြင်ဘူးလို့ပါကွာ ''။ဦးမင်းနောင်ကစားလက်စချထားသောဇွန်းကိုပြန်ကိုင်လိုက်ရင်းပြောသည်။
''ကိုကြီးကငယ်လေးကိုကျတော့အရမ်းချစ် အရမ်းဂရုစိုက်တာပဲနော် ဟိုတစ်ခါညီမလေးအစပ်တွေစားပြီးထငိုတုန်းက နည်းသေးတယ် ထပ်စားပါအုံးလားဆို ''
''သားကြီးက ငယ်လေးကိုသဘောကျသားပဲ နောက်လည်းအစစအရာရာ ငယ်လေးကိုဂရုစိုက်ကူညီနော် ''။ဒေါ်ဖူးသခင်ကသဘောတကျရယ်ရင်းပြောသည်။သူမရိုးရိုးအေးအေးလေးနေတတ်သောငယ်လေးကိုတကယ်အပြီးအပိုင်မွေးစားချင်သည်။ကလေးချင်းသင့်မြတ်နေကြတော့စိတ်ချမ်းသာရသည်။ထမင်းဝိုင်းလေးကတော့နွေးထွေးစွာပြီးဆုံးသွားသည်။
.............။

Love is youWhere stories live. Discover now