အခန်း1

11.5K 728 5
                                    

[Zawgyi]
ဲ့''အငယ် စာကြိုးစားနော် ''
''ဟုတ်ကဲ့ တီလေး ''
''မမကလည်း ငိုမနေနဲ့တော့ ကလေးကသွားရတာစိတ်ဖြောင့်တော့မှာမဟုတ်ဘူး ''။သန္တာနွေကတူဖြစ်သူကိုမှာကြားပြီးနောက်တရှုံ့ရှုံ့ဖြစ်နေသောအစ်မဖြစ်သူဘက်လှည့်သည်။
''ဟဲ့ ငါ့မှာဒီသားလေးတစ်ယောက်တည်းရှိတာ ဒီလောက်အကြာကြီးခွဲရမှာကိုမငိုလို့ကနေရမှာလားအေ့''။ဒေါ်စန္ဒာကလည်းငိုကြီးချက်မပြန်အော်သည်။

''မမကလည်း  ညီမလေးအကောင်းပြောနေတာပါ မမကဒီလိုကြီးငိုနေတော့ကလေးကစိတ်ဆင်းရဲမှာပေါ့ ''
''မေကြီးကလည်း မငိုပါနဲ့ သားနေ့တိုင်းဖုန်းဆက်မှာကို ''။ငယ်လေးပြောတာပြောနေတာ သူလည်းမျက်ရည်တွေဝိုင်းနေပြီ။မေကြီးနဲ့တစ်ခါမှအကြာကြီးခွဲဖူးတာမဟုတ်။
''ဟုတ်ပါပြီ သားလေးရယ် ဟိုရောက်ရင် အန်ကယ်လေးတို့နဲ့အဆင်ပြေအောင်နေနော် စာလည်းကြိုးစား ညညလည်ဘုရားရှိခိုးပြီးမှအိပ်နော် ''
''ဟုတ် မေကြီး ''
''အငယ် ညနေဘက်တွေရေအရမ်းမချိုးနဲ့နော် ကိုယ်အကြောင်းကိုယ်သိ နင်ကနည်းနည်းလေးအအေးမိတာနဲ့ဖျားပြီ ''
''ဟုတ် တီလေး ''
''ကဲ သားအမိတွေအလွမ်းသယ်ပြီးရင်သွားမယ်နော်''။ဖေကြီးအော်သံကြောင့်ငယ်လေးအိမ်ရှေ့အဆင်သင့်ရပ်ထားသောကားပေါ်ရောက်လာသည်။
''ကဲ ကိုမြရေ မောင်းတော့ ''
''ဟုတ်ကဲ့ ဆရာ ''။ကားလေးကမြို့ငယ်လေးထဲထွက်ခွာလာသည်။ငယ်လေးကဆယ်တန်းအောင်ကတက္ကသိုလ်ဆက်တက်ရတော့မည်။ဖေကြီးမိတ်ဆွေအန်ကယ်လေးတို့အိမ်မှာနေပြီးငယ်လေးကိုကျောင်းဆက်တက်စေဖို့စီစဉ်ထားခြင်း။ကားလေးကတောင်ပေါ်လမ်းလေးအတိုင်းတရိပ်ရိပ်ပြေးနေသည်။ငယ်လေးကားပြတင်းကနေအပြင်ကိုတိတ်တဆိတ်ငေးရင်းလိုက်ပါလာလေသည်။ညနေလေးနာရီခန့်အန်ကယ်လေးတို့အိမ်ရောက်လာသည်။ကားလေးကကြီးကျယ်ခမ်းနားသည့်ခြံဝန်းကြီးရှေ့ထိုးရပ်သွားသည်။ဟွန်းတီးလိုက်သည်နဲ့ဦးလေးကြီးတစ်ယောက်ကအပြေးအလွှားခြံတံခါးလာဖွင့်သည်။
''ဟော ရောက်လာကြပြီလား ''။ကားလေးပေါ်တီအောက်ထိုးရပ်သွားသည်နဲ့အန်ကယ်လေးနှင့်အတူခေတ်မီလှပသောအန်တီကြီးတစ်ယောက်ကပြုံးရွှင်စွာကြိုဆိုသည်။
''မိအေးတို့ မောင်ဌေးတို့အထုပ်တွေလာသယ်ကြလေ ''
''ဟုတ်ကဲ့ မေမေကြီး ''။အသံနဲ့အတူအလုပ်သမားတွေအလျှိုလျှိုပေါ်လာကာ ကားပေါ်ကာငယ်လေးအထုပ်အပိုးတွေလာသယ်ကြသည်။ငယ်လေးကျောပေါ်ကကျောပိုးအိတ်ကိုပါလာဆွဲကြသည်မို့....
''ဟို ရ ရပါတယ် ကျနော် သယ်ခဲ့... ''
''ဘာတွေအားနာနေတာလည်းသားလေးရဲ့ လာ ထားခဲ့ သူတို့သယ်ခဲ့ကြလိမ့်မယ် ''
''ထားခဲ့ပါ အကိုငယ် လေး မိအေးတို့သယ်ခဲ့ပါ့မယ် ''။မိအေးက သွက်သွက်လက်လက်ဝင်ပြောသည်။အန်တီကြီးကငယ်လေးကိုဧည့်ခန်းထဲဆွဲခေါ်လာသည်။
''ကိုရေ ကို့သူငယ်ချင်းကို ခေါ်ခဲ့နော် ''။နောက်လှည့်ကြည့်ပြီးဦးမင်းနောင်တို့ကိုလည်းအော်သေးသည်။
''ကဲ သားလေး ထိုင် ''။အန်တီကြီးကငယ်လေးကိုဆိုဖာပေါ်မှာထိုင်စေရင်းသူလည်းဝင်ထိုင်သည်။
''ကြည့်စမ်းပါအုံး ကလေးကချစ်စရာကောင်းလိုက်လိုက် သားလေး မာမီ့နာမည်ကဒေါ်ဖူးသခင်နော် မာမီလို့ခေါ်ရမယ် ကြားလားသားလေး ''
''ဟုတ် ဟုတ်ကဲ့ ''။ငယ်လေးဆံပင်ပျော့လေးတွေကိုကြင်နာစွာပွတ်သပ်ရင်းပြောတော့ငယ်လေးခေါင်းလေးငြိမ့်သည်။ထိုစဉ် ဦးမင်းနောင်တို့ကဧည့်ခန်းထဲဝင်လာကြသည်။
''ကိုထင်ကျော် ရှင့်သားလေးကချစ်စရာကောင်းလိုက်တာ ကျွန်မကိုအပိုင်ပေးပါ့လား ''
''မဖူးသဘောအတိုင်းပါဗျာ ဒါနဲ့ မောင်နှမနှစ်ယောက်ဘယ်ရောက်နေကြလဲ ''
''အငယ်မကရှိတယ် ကိုထင်ကျော်ရေ အကြီးကောင်ကအပြင်သွားနေလားမသိဘူး ''။ထိုစဉ် ဒေါ်ဖူးသခင်ဧ။်သမီးဖြစ်သူယွန်းဖူးငုံကအိမ်ပေါ်ထပ်ကနေတဒုန်းဒုန်းဆင်းလာသည်။
''အငယ်မရေ လာအုံး ဒီမှာ မောင်လေးနဲ့မိတ်ဆက်ပေးမလို့ ''
''ဟုတ်ကဲ့ မာမီ ''။ယွန်း မာမီ့ဘေးနားကပ်ထိုင်နေသောဖြူဖြူသေးသေးကောင်လေးကိုကြည့်ရင်းအူတွေယားလာသည်။ဒါလေးကဘယ်သူလေးလဲ မားရဲ့သားလေး မားရဲ့သားလေး။စိတ်ချသားလေး သားကိုလင်ကောင်းသားကောင်းရအောင်မားရှာပေးမယ်။ဖူဂျီမတို့ဝသီအတိုင်uးkeဆင်လေးတွေ့တာနဲ့လင်ပေးစားဖို့စိတ်ကူးတော့သည်။
''သား ငယ်လေး ဒါကသားမမယွန်းဖူးငုံတဲ့ မှတ်ထားနော် ''
''ဟုတ် ဟုတ်ကဲ့ အန်တီ အဲ မာမီ ''။မျက်အိမ်ကျယ်ကျယ်ဝိုင်းဝိုင်းလေးတွေ။မျက်တောင်ရှည်လေးတွေစင်းကျနေတာဒီအတိုင်းတောင်မြင်နေရသည်။နှာခေါင်းလုံးလုံးလေးကထိပ်မှာမှဲ့နက်သေးသေးလေးနဲ့။နှုတ်ခမ်းဖူးဖူးလေးကာစိုအိကာပန်းရောင်လေးသမ်းနေသည်။အမယ်လေးးမားရဲ့သားလေးရေ ဘယ်လိုတွေတောင်လှရင်နိုင်တာလည်း။အစစ်မတွေထိုင်ငိုချင်အောင်လှရက်နိုင်လွန်းတယ်။
''အငယ်မ မာမီမေးနေတယ်လေ သမီးကိုကြီးဘယ်သွားလည်းလို့ ''
''ဟို မာမီ ကိုကြီးကသူ့သူငယ်ချင်းbirthday partyသွားမလို့တဲ့ အိမ်ပြန်နောက်ကျမယ်တဲ့ သမီးကမှာသွားတယ် ''
''အဲဒါတာကြည့်အကိုရေ ကျောင်းပြီးလို့ဘွဲ့ကရတော့မယ် သူငယ်ချင်းတွေနဲ့ပျော်ပါးလို့ကောင်းတုန်း အိမ်ကလုပ်ငန်းအကြောင်းတစ်ခါမှ မေးဖော်မရဘူး ''
''အို  ကိုကလည်း သားကငယ်ပါသေးတယ် အချိန်တန်ရင် ကို့လုပ်ငန်းတွေစိတ်ဝင်စားမှာပေါ့ ''။ဒေါ်ဖူးသခင်ကသူမသားကြီးကိုထိတော့မခံနိုင်စွာဝင်ပြောသည်။
''သားသခင်ကတော်ပါတယ်ကွ မင်းနော်ရလူငယ်ပီပီတက်တက်ကြွကြွဖြတ်ဖြတ်လတ်လတ်နဲ့ပေါင်းသင်းဆက်ဆံရေးလည်းမဆိုးဘူး ''
''အန်ကယ်ကျော်ကလည်း ကိုကြီးကိုအထင်ကြီးနေပြန်ပါပြီ ကိုကြီးကလေ ကျောင်းမှာဆိုရင်ကောင်မလေးတွေကိုဟောတစ်ယောက်ဟောတစ်ယောက်တွဲတာအန်ကယ်ကျော်ရဲ့ တစ်ခါတစ်လေရန်ကဖြစ်လိုက်သေး ''။ယွန်းကသူမအကိုstraightကြီးကိုအမြင်ကပ်စွာအတို့အထောင်လုပ်သည်။ယွန်းရဲ့သူငယ်ချင်းUkeလေးကကိုကြီးကိုကြိတ်crushနေရှာသည်။ကိုကြီးကချေမိုးနေခြင်းကြောင့်ယွန်း ခုတလော ကိုကြီးကိုကြည့်မရဖြစ်နေခြင်း။
''ဟေ ဟုတ်လား ကိုကြီးကအရွယ်ရောက်နေပြီပဲ ရည်းစားထားပါစေပေါ့ အငယ်မကငယ်သေးတယ်နော် ကဲ ကဲ စကားကောင်းနေတာနဲ့ကြာပြီ  ပြန်မှ ''
''ဖေကြီး ''။ထိုအခါမှတစ်ချိန်လုံးငြိမ်ကုပ်နေရှာသောငယ်လေးထံမှအသံလေးထွက်လာသည်။
''သား  ဖေကြီး ဘာပြောထားလည်း ယောကျာ်းဆိုတာလွယ်လွယ်နဲ့မျက်ရည်မကျရဘူးလို့ ''
''ဟုတ် ဟုတ်ကဲ့ ဖေကြီး ''
''အငယ်မ သွား မောင်လေးကိုသူ့အခန်းလိုက်ပို့လိုက်တော့ ''
''ဟုတ် မာမီ ''။ယွန်းကငယ်လေးကိုအပေါ်ထပ်ခေါ်လာသည်။
''ငယ်လေး ငယ်လေးနာမည်ကငယ်လေးနော် ''
''နွေဦးငယ်ပါ မမ မမယွန်းဖူးငုံ ''။ငယ်လေးကယွန်းနာမည်ကိုပါထည့်ခေါ်လိုက်ရင်းမဝံ့မရဲဖြေသည်။
''မမလို့မခေါ်ရဘူး ငယ်လေးရဲ့ မားလို့ခေါ်ရတယ် ကြားလား မားလို့ပဲခေါ်နော် ငယ်လေး ''။ယွန်းကသူမကိုမားလို့ခေါ်စေရန်တမားမားနဲ့သင်ကြားပေးသည်။
''ဟုတ် ဟုတ်ကဲ့ ''
''ကဲ ငယ်လေးအခန်းရောက်ပါပြီ ဟိုဘက်ကကိုကြီးသခင်အခန်းနော် ငယ်လေး မားကဘုရားခန်းရဲ့ဟိုဘက်မှာနေတာ ဒယ်ဒီတို့မာမီတို့ကအောက်ထပ်မှာနေတာ ငယ်လေးအေးဆေးအနားယူနော် ညစာစားရင်မားလာခေါ်မယ် ''
''ဟုတ် မား ''
''အို တော်လိုက်တာမားရဲ့သားလေး ''။သူမကိုမားလို့ခေါ်လို့အကျေနပ်ကြီးကျေနပ်သွားသောယွန်းကငယ်လေးပါးဖောင်းဖောင်းလေးကိုချစ်စနိုးလေးဆွဲဖဲ့ပြီးအောက်ထပ်ဆင်းသွားသည်။

Love is youWhere stories live. Discover now