အခန်း41

2.8K 267 25
                                    

[Zawgyi]
''ဟိုနေ့က ကိစ္စအတွက်နှောင်းတောင်းပန်ပါတယ်နော် မမနွေး....မမနွေး နှောင်းကို ရိုက်ချင်ရိုက်ထုချင်ထုပါ ဒါ..ဒါပေမဲ့ ဒီလိုကြီးရှောင်ဖယ်မနေပါနဲ့ နှောင်း မမနွေးကိုမတွေ့ရဘဲ  ဘယ်လိုမှမနေနိုင်ဘူး မမနွေး စိတ်ဆိုးရင် နှောင်းမနေတတ်ဘူး ''

ငိုတော့မလိုမျက်နှာထားနဲ့ပြောလာသောစကားတွေကြောင့် နွေး မျက်တောင်လေးတွေပုတ်ခတ် ပုတ်ခတ်ဖြစ်သည်။သူမ နှောင်းကိုစိတ်ဆိုးလို့အတွေ့မခံတာမဟုတ်ဘူးလေ။ရုတ်တရက်ကြီး အနမ်းခံလိုက်ရတော့ ရှက်နေလို့။

''ငါ ငါ နင့်ကိုစိတ်မဆိုးပါဘူး ''

နွေး ပြောလိုက်သောစကားကြောင့် နှောင်း မျက်နှာလေးချက်ချင်းဝင်းပလာသည်။

''တကယ်နော် မမနွေး နှောင်းကိုရှောင်မနေရဘူးနော် ''

နှောင်းကဝမ်းသာအားရ နွေးလက်ကလေးကိုဆုပ်ကိုင်ကာပြောလာသဖြင့် နွေးမျက်လုံးလေးပြူးသည်။ရင်ခုန်သံ တွေမြန်လာသည်။ခန့်ညားချောမောတဲ့ ယောကျာ်းသားတွေတွေ့ရင်တောင် မလှုပ်မရှားငြိမ်သက်နေတတ်သော သူမနှလုံးသားက နှောင်း ဆိုတဲ့အမည်လေးကြားရရင်တော့အလိုလိုကြည်နူးပျော်ရွှင်လာတာမျိုး။တကယ်ပဲ ယွန်းလေးပြောသလို သူမ ဂေးနေပြီလား။မိန်းမ စစ်စစ်မဟုတ်တော့ဘူးလား။နှောင်း..နှောင်းကိုချစ်မိနေပြီလား။(အပျိုကြီးရယ် ဂေးပြီလား😆)

''မရှောင်ပါဘူး ဟို ငါ..ငါသွားတော့မယ်နော် လာတာ နည်းနည်း.. နည်းနည်းကြာနေပြီ ''

နှောင်းလက်ထဲမှ သူမလက်တွေကိုရုန်းထွက်လိုက်ရင်း ဆိုင်ကယ်ပေါ်တက်ရန်ပြင်သည်။နွေးက ညနေတိုင်း စာအုပ်ထွက်ငှားတတ်သည်မို့ နှောင်းကလမ်းမှာကြိုဆီးစောင့်နေခြင်းပင်။

''နေပါအုံး မမနွေးရဲ့ နှောင်း..နှောင်း မမနွေးကိုဝန်ခံစရာရှိတယ် ''

နှောင်းထံမှ မဝံ့မရဲအသံထွက်ပေါ်လာသည်မို့နွေးရုန်းထွက်နေရာမှရပ်တန့်သွားရင်း နှောင်းကိုမော့ကြည့်လာသည်။

''အင်း...ပြော..ပြောလေ ဘာကိစ္စလဲ ''

''မမနွေးကို နှောင်း...ချစ်တယ် ချစ်..ချစ်သူတွေလိုမျိုး အသက်တွေကြီးသည်အထိမမနွေးနှင့်အတူနေသွားချင်တယ် တစ်ဘဝလုံးမမနွေးနားမှာပဲနေချင်တယ် မမနွေး ခွင့်ပြုပေးမယ်မဟုတ်လားဟင် ''

Love is youWhere stories live. Discover now