အခန်း 47

2.1K 194 0
                                    

[Zawgyi]
ရှင်း ရေချိုးပြီးကာစခါးမှာတစ်ဘက်တစ်ထည်ပတ်ကာ မှန်ရှေ့ရပ်ရင်းခေါင်းရေသုတ်နေစဉ် ဖုန်းသံမြည်လာသောကြောင့်ယူကြည့်မိလိုက်သည်။ငယ်လေးဆိုသော အမည်လေးကြောင့် ရှင်းအံ့သြသွားမိသည်။ဒီကလေးလေး သူ့ကိုဖုန်းစမဆက်ဘူးဆက်လာသည်မို့။ရှင်းပြုံးလိုက်ကာ ဖုန်းကိုင်သည်။

''ဟဲလို ''

''ဟဲလို ကိုရှင်း ကျနော်ပါ ''

''ကျနော်!ကိုယ့်အသိတွေထဲ ကျနော်ဆိုတဲ့နာမည်မကြားဖူးဘူးနော် ''

ရှင်းကပြုံးစစဖြင့်တမင်စလိုက်တော့တစ်ဖက်ကကောင်လေးတိတ်ဆိတ်သွားသည်။မျက်လုံးဝိုင်းလေးဖြစ်နေမည့် ငယ်လေးပုံစံလေးကို ရှင်း မြင်ယောင်မိကာထိုကလေးလေးကို ခုချက်ချင်းတွေ့ချင်လာရသည်။

''ဟို.. ''

''ကိုယ်သိပါတယ်ဗျာ..မောင်နွေဦးငယ် ဟုတ်တယ်မလား ''

'' အာ...ဟုတ် ''

တခြားသူတွေနှင့်အေးစက်စက် ဆက်ဆံတတ်ပေမဲ့ ရှင်းကသူရဲ့အချစ်တော် တူမချောလေးနှင့်ငယ်လေးအပေါ်တော့ နွေးနွေးထွေးထွေးဖော်ဖော်ရွေရွေဆက်ဆံသည်။သူတို့လေးနှင့်စကားပြောနေရရင်ကို ရှင်း နှုတ်ခမ်းတွေကအလိုလိုပြုံးနေတတ်တာမျိုး။

''ကဲ ပြောပါအုံး ဘာအရေးကြီးကိစ္စများရှိလို့ ကိုယ့်ကိုမခေါ်စဖူး ဖုန်းခေါ်ရတာလဲ ''

ရှင်းက အစဖော်လာမှ ငယ်လေး ဖုန်းဆက်ရသည့်အကြောင်းရင်းကိုသတိရကာ...

''ဟို ကိုရှင်း ကျနော်တို့ ကျောင်းပိတ်ရက်အပန်းဖြေခရီးသွားမလို့ စီစဉ်ထားတာ ကိုရှင်း လိုက်ခဲ့လို့ရမလားဟင် ''

ခရီးထွက်မည့်ကိစ္စသူ့ကိုပါလိုက်ခဲ့ရန် တကူးတကခေါ်လာသည့်ငယ်လေးကြောင့် ရှင်း အံ့သြကာမျက်ခုံးပင့်သွားရသည်။နေပါအုံး ဒီကလေးလေးကတော့သူ့ကိုတကူးတကလာခေါ်မည်တော့မဟုတ်။တစ်ယောက်ယောက်က ခေါ်ခိုင်းသည် ထင်သည်။ဘယ်သူခေါ်ခိုင်းသည် ဖြစ်စေဒီကလေးလေးကိုယ်တိုင်ကခေါ်မှတော့ သူဘယ်လိုငြင်းနိုင်မှာလဲ။

''ကိုယ် လိုက်ခဲ့လို့တော့ရပါတယ် ဒါပေမဲ့ သခင်က ကိုယ်...အင်း ကိုယ်လိုက်ခဲ့အဆင်ပြေမယ်မထင်ဘူး ''

Love is youWaar verhalen tot leven komen. Ontdek het nu