အခန်း21

3.8K 391 10
                                    

[Zawgyi]
''ကြည့်ပါအုံး ငါ့သားလေး အရမ်းကြီးလာတာပဲ ''

ဒေါ်စန္ဒာကငယ်လေးခေါင်းလေးပွတ်ပေးကာမျက်နှာလေးကိုချစ်မဝကြည့်နေရင်းစကားဆိုသည်။

''အမယ်လေး မမရယ်အရပ်ကလေးတစ်လက်မလောက်ပိုထွက်လာတာများ ဘာကြီးလာတာလဲ ဒီအတိုင်းကဒီအတိုင်းပဲ ''

''မိသန္တာ ညည်းကဂေါ်မစွံတဲ့အပျိုကြီးပဲ မိခင်တစ်ယောက်ရဲ့ခံစားချက်ကိုနားလည်မှာမဟုတ်ဘူး ''

''သန္တာတို့ကမစွံလို့မဟုတ်ဘူးနော် မမ မလိုချင်လို့ မလိုချင်လို့ ခါထုတ်နေရတယ် ''

သန္တာကတင်ပါးကျော်ဆံပင်ရှည်ဖြောင့်ဖြောင့်စင်းစင်းနှင့်ဖြစ်ကာ လုံးကြီးပေါက်လှ။အသက်သုံးဆယ်ကျော်လို့မထင်ရအောင်နုသည်။

''အဟိ ဟုတ်တယ် တောင်ပိုင်းက ကိုကြီးတင်မောင်က မမကြီးသန္တာကိုကြိုက်လို့တဲ့ဗျ ''

ငယ်လေးဝေပေးထားတဲ့ချောကလက်တွေဖောက်စားနေကြသောကလေးသိုက်ထဲက ပုလုံးကဟိခနဲရယ်ရင်းဝင်ပြောသည်။

''ဒီကလေး ဒါမျိုးကျတော့တတ်တယ် စာမေးလိုက်ရင်ဘာမှမသိဘူး ''

''ဟွန်း ကျွန်တော်တို့ကလည်းမမကြီးနဲ့စာမသင်တော့ပါဘူး ကိုကြီးငယ်ပြန်လာပြီပဲ ကိုကြီးနဲ့သင်မှာပေါ့ ''
ငယ်လေးကကျောင်းပိတ်ရက်တွေမှာအမြဲတမ်းကလေးတွေကိုကျူရှင်သဘောစာသင်ပေးကာ ပညာဒါနပြုနေကျ။

''ကြည့်စမ်း ကြည့်စမ်း အငယ် နင့်တပည့်တွေမြင်လား နင်ရောက်လာတာနဲ့ငါ့ကိုကြောက်ရကောင်းမှန်းမသိတော့ဘူး ''

''ပုလုံးလေး မမကြီးကိုအဲလိုမပြောရဘူးလေ ''

ငယ်လေးကပြောလိုက်တော့မှပုလုံး ခေါင်းလေးငုံ့သွားရင်း....

''တောင်းပန်ပါတယ် မမကြီး နောက် အဲလိုမပြောတော့ပါဘူးဗျ ''

တောင်းပန်စကားဆိုသည်။ဆရာသေးသေးလေးကိုတော့တပည့်လေးတွေချစ်ကြောက်ရိုသေကြသည်။

''ကဲ ကဲ နင်တို့တွေလည်းပြန်ကြတော့ နင်တို့ကိုကြီးကခုမှရောက်လာသေးတာနားချင်အုံးမှာပေါ့ မနက်ဖြန်မှစာ စသင်လိမ့်မယ် ''

Love is youWhere stories live. Discover now