အခန်း25

3.6K 353 7
                                    

[Zawgyi]
''ကိုကို ''

သခင်က ခြံထဲရှိပန်းပင်ရေလောင်းသည့်ရေငုတ်၌ခြေလက်ဆေးနေသည်။ခေါ်သံလေးနှင့်အတူ ငယ်လေး သခင့်နားရောက်လာသည်။

''ငယ်လေး ကြည့်ပါအုံး ဘာတွေခိုးစားလာတာလဲ ကလေးလေး ''

သခင်ကပြုံးစိစိပြောရင်း ငယ်လေးအောက်နှုတ်ခမ်းလေးတွင်ကပ်နေသော ထမင်းလုံးလေးကိုဖယ်ပေးရန် လက်ကနှုတ်ခမ်းလေးနားကပ်လာသည်။

''အာ ကျနော် ဘာမှခိုးမစားလာပါဘူး ကိုကိုကလည်း ''

သခင့်အကြည့်တွေနှုတ်ခမ်းလေးပေါ်ကျရောက်နေစဉ်အသာဖွင့်ဟလာသော နှုတ်ခမ်းလေးကြောင့် သခင် လှုပ်ရှားမှုတွေရပ်တန့်သွားရင်း မျက်လုံးထဲ တဖျတ်ဖျတ်တောက်ပလာသည်။ငယ်လေးကသတိထားမိကာ သခင့်လက်ကိုအမြန်ဖယ်ချလိုက်ရင်း သူ့နှုတ်ခမ်းလေးသူ လက်နဲ့ပွတ်လိုက်သည်။

''ကိုကို ဘာမှမရှိတော့ဘူးမလား ''

''ငယ်လေးကလည်း ကိုကိုဖယ်ပေးမလို့လေ ''

''ကိုကိုနော် ကိုကို့အကြံမသိဘူးမှတ်နေလား ကျနော့်ကိုတစ်ချိန်လုံး နမ်းဖို့ပဲစဉ်းစားနေတာ ''

ငယ်လေးကမကျေမနပ်မျက်နှာလေးစူပုပ်ရင်းအကြောင်းသိစွာပြောလာသဖြင့် သခင် ခပ်ဟဟရယ်သည်။

''ကိုကိုက ငယ်လေးကိုချစ်လို့ခဏ ခဏ နမ်းချင်နေတာ ''

သခင်ကငယ်လေးလက်ဖျားလေးကိုဖွဖွဆုပ်ကိုင်လိုက်ရင်း ငယ်လေးမျက်လုံးဝိုင်းလေးတွေကိုသေချာကြည့်ကာ တိုးရှရှဆိုသည်။ချစ်စကားကြားလိုက်ရသဖြင့်ငယ်လေးက ချက်ချင်းပါးလေးနီ ရှက်သွေးဖြာလာရင်းခေါင်းလေးငုံ့သွားသည်။သခင်ကငယ်လေးမျက်နှာလေးကိုအသာမော့စေလိုက်ရင်း...

''ပြောလို့ရပြီလား ဟင် ကလေးလေး ကိုကို့ကို ချစ်လား ''

''ကျ ကျနော်..... ''

''ဆရာလေး!! ''

ထိုစဉ် ခေါ်သံကြီးနဲ့အတူဖိုးထူးရောက်လာသဖြင့်ငယ်လေး စကားအဆုံးမသတ်လိုက်ရ။

''အော် အကိုလေး လည်းရောက်နေတာလား ''

''ဟုတ်တယ် ကိုဖိုးထူး ''

Love is youWhere stories live. Discover now