အခန်3း8

2.9K 287 16
                                    

[Zawgyi]
''ငယ်လေး မင်း လာဖြစ်အောင်လာခဲ့နော် ဒါပဲ ဖုန်းချတော့မယ် ''

''နေ နေအုံး ကိုကိုကလွှတ်မှာမဟုတ်ဘူး အထွန်း မင်း ပဲသွားလိုက်တော့ ငါမလိုက်တော့ဘူး ''

ကျောင်းပိတ်ခါနီးမို့ သူငယ်ချင်းတွေမိတ်ဆုံစားပွဲလိုက်ရန် အထွန်းကဖုန်းဆက်ခေါ်ခြင်းဖြစ်သည်။လူငယ်တွေချည်းမို့ သောက်ကြစားကြမှာအသေချာ။ကာရာအိုကေသွားကြဖို့တောင် စီစဉ်ပြီးသားဆိုလား။ သူနှင့်ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေချည်းဆိုတော့ ငယ်လေး သွားတော့သွားချင်ပါသည်။ဒါပေမဲ့ ညကြီးမင်းကြီး ကိုကိုကမလွှတ်ဘူးဆိုသည်မှာ သေချာသည်။

''ငယ်လေး မင်းကလည်းကွာ လူငယ်ပီပီတစ်ခါတစ်လေတော့ ပျော်ပါးလိုက်စမ်းပါ ငါပြောမယ် မင်းယောကျာ်းလွှတ်အောင် နည်းနည်းပါးပါးမြှုဆွယ်ပြောကွာ ''

ဖုန်းတစ်ဖက်မှ အထွန်းစကားကြောင့် ငယ်လေးနားမလည်စွာ မျက်ခုံလေးရှုံ့သည်။

''ဘယ်လိုမြှုဆွယ်ပြောရမှာလဲ ငါမသိဘူး ''

''ဟိုလေကွာ seriesတွေထဲကလို sexyကျကျအဝတ်အစားလေးဝတ် ကိုကိုရေဘာညာခေါ်ပြီးချွဲ ''

''ငါမလုပ်တတ်ဘူး ''

''မင်းနဲ့တာ့ ငါရှင်ချင်တယ် သိလား ငယ်လေး အင်း..အခုမှညနေသုံးနာရီရှိသေးတယ်ဆိုတော့မင်းကိုငါ မြှုဆွယ်နည်းလေးသင်ပေးလို့ရသေးတယ် မင်းယောကျာ်းကလေးခွဲမှအလုပ်က ပြန်လာတာမလား ''

''အင်း ''

''ဟုတ်ပြီ ငါမင်းအိမ်ကိုအခုချက်ချင်းလာခဲ့မယ် ''

ငယ်လေး ဘာမှပင်ပြန်မပြောရသေး အထွန်း ဖုန်းချက်ချင်းချကာ အိမ်နေရင်းဂျေဂျေဝမ်းဆက်နဲ့ ငယ်လေး ထံချီတက်လာတော့သည်။

ငယ်လေးနှင့်အထွန်း နှစ်ယောက်သားအဝတ်ဗီရိုကြီးရှေ့မတ်တပ်ရပ်နေကြသည်။အထွန်းက မေးစေ့လေးပွတ်ကာ ဆရာကြီးစတိုင်လ်နဲ့ဗီရိုထဲတန်းစီချိတ်ထားသော အဝတ်အစားတွေကိုရွေးနေသည်။

''တွေပြီ!!....ငါရှာနေတာဒီလိုအင်္ကျီ ငယ်လေး ဝတ်ကြည့်လိုက် ''

ရှပ်ဖြူပွပွတစ်ထည်ကိုရွေးယူလိုက်ရင်း အထွန်း ငယ်လေးကိုယ်လေးမှာ ကပ်ကြည့်ကာဆိုသည်။ငယ်လေးက အထွန်းသူကိုယ့်မှာကပ်ထားသောအင်္ကျီကိုငုံ့ကြည့်လိုက်ရင်း.....

Love is youOpowieści tętniące życiem. Odkryj je teraz