အခန်း9

4.7K 487 1
                                    

[Zawgyi]
''ကဲ အားလုံးသိကြတဲ့အတိုင်းfresher welcomeကနီးကပ်လာပြီ အရင်နှစ်တွေကလိုပဲအောင်အောင်မြင်မြင်ပြီးဆုံးအောင် မင်းတို့အကြီးဆုံးတွေမှာတာဝန်အရှိဆုံး junierလေးတွေကိုလည်းလက်တွဲခေါ်ယူရမယ်နော် အားလုံးပဲ ကြားကြလား ''
''ကြားပါတယ် တီချယ် ''။ကျောင်းသူ/သားတွေသံပြိုင်ပြန်ဖြေကြသည်။
''အတန်းခေါင်ဆောင် ''
''yes ရှိပါတယ် တီချယ်''။ပါလေရာသူကြီးကောင်းမြတ်ကတက်တက်ကြွကြွထအော်သည်။
''First yearလေးတွေကိုသတင်းပို့ selection တွေရွေးထားပါလို့ အကထဲပါမည့်သူတွေလည်းသေချာပြန်ပြီးတော့စာရင်းကောက်ထားပါလို့ ''
''ဟုတ်ကဲ့ပါ တီချယ် ''။တီချယ်ကပြောပြီးထွက်သွားသည်။welcomeနီးနေပြီမို့မေဂျာဆရာ၊ဆရာမတွေ၊အတန်းခေါင်ဆောင်တွေအလုပ်ရှုပ်နေကြသည်။
''ရှင်း သွားမယ် ''။ကောင်းမြတ်ကပြောပြီးဖုန်းပွတ်နေသောရှင်းသန့်ကိုအတင်းဆွဲသည်။
''ငါလည်း လိုက်မယ် ''။သခင်ကပြောလာသည်မို့ကောင်းမြတ်သခင့်ကိုမျက်လုံးပြူးပြီးကြည့်လာသည်။
''အိုးးgodထူးထူးခြားခြား မင်းကဘာလိုက်လုပ်မှာလဲ ''။ကောင်းမြတ်ကအတန်းခေါင်ဆောင်မို့ကိစ္စရေးရာတွေကြောင့်ဂျူနီယာတန်းလေးတွေဆီသွားနေကြ။သခင့်ကိုများအဖော်လိုက်ဖို့ခေါ်ရင်ဂိမ်းဆော့နေရာကမပျက်။လှည့်တောင်မကြည့်ပေ။

''အားးအတန်းထဲမှာနေရတာအညောင်းအညာတွေမိလို့ ''။သခင်ကပြောရင်းထိုင်ရမှထကာအညောင်းတွေဆန့်ပြီးရှေ့ကအရင်ထွက်သည်မှာအေးဆေး။
''အိုးးသူကဘယ်လိုနေနေအရမ်းချောတာပဲ ''။အတန်းထဲကောင်မလေးတွေကသခင့်ပျင်းကြောဆန့်ပုံကိုဖုန်းနဲ့မှတ်တမ်းတင်ကြရင်းမနေနိုင်စွာတီးတိုးရေရွတ်ကြသည်။
''ပြောစမ်းဟေ့ကောင်!! first yearကဘယ်ကောင်မချောချောလေး မင်းနဲ့မတွဲရသေးတာလဲ ပြော ''။ကောင်းမြတ်ကအော်ဟစ်ကာနောက်ကနေလိုက်သွားသည်။ရှင်းကဘောင်းဘီအိတ်ထဲလက်နှစ်ဖက်ထိုးထည့်ကာနောက်ဆုံးမှအေးဆေးထွက်လာသည်။
''ငါ့ရဲ့ice princeလေး ''။အတန်းထဲမှကောင်မလေးတစ်ယောက်ရဲ့အသံကြောင့် ရှင်းကချိုသာစွာပြုံးပြသွားသေးသည်။
''အားးအားးမြင်လား ငါ့ကိုပြုံးပြသွားတယ် ''။ကောင်မလေးရဲ့အားရဝမ်းသာအသံကြီးထွက်ပေါ်လာသည်။
သခင်တို့first yearတန်းထဲဝင်လာတော့တစ်ခန်းလုံးရုတ်တရက်တိတ်ဆိတ်သွားသည်။ငယ်လေးနှင့်အထွန်း ဖုန်းတစ်လုံးတည်းခေါင်းချင်းပူးကာကြည့်နေကြစဉ်ရုတ်တရက်တိတ်ဆိတ်သွားသောအတန်းကြောင့်ခေါင်းလေးတွေထောင်ကလှည့်ကြည့်ကြသည်။
''အိုးးမိုင်ဂေါ့းးချောလိုက်တာ!! ''။ဘယ်ကမှန်းမသိကုန်းအော်လိုက်သောအသံကြီးထွက်ပေါ်လာပြီနောက်...။
''အားးအိုးပါး အိုးပါး ဆားရာငယ် ''
''ကိုကြီးသခင်ရေ ချစ်တယ်လို့ ''
''ကိုကိုရှင်းရေ အာဘွားးအာဘွားး ''
''ကိုကြီးကောင်းရေ ညီမလေးအချစ်တွေကိုမြင်လားလို့ ''။အတန်းထဲကျွတ်စီရိုက်အသံတွေထွက်လာကုန်သည်။
''အားလုံးပဲ အစ်ကိုတို့ကိုတက်တက်ကြွကြွကြိုဆိုကြတဲ့အတွက်ဝမ်းသာပါတယ်ခင်ဗျာ ညီတို့ညီမတို့သိကြတဲ့အတိုင်းfresher welcomeကြီးကနီးကပ်လာပါပြီ ညီတို့ညီမတို့ကကိုယ့်အတန်းဖော်တွေထဲကအချောဆုံးယောကျာ်းလေးဆယ်ယောက်မိန်းကလေးဆယ်ယောက်ရွေးပေးရမှာပါ စာရင်းကောက်ပြီးအကို့ဆီလာပို့လို့ရပါတယ်ခင်ဗျာ အကတွေလည်းပါရမှာနော် အားလုံးပဲတက်တက်ကြွကြွပါကြမယ်မဟုတ်လား ''။ကောင်းမြတ် အားလုံးအသံကိုလွှမ်းကာအကျယ်ကြီးအော်ပြောရသည်။
''ဟုတ်ကဲ့ ''။သံပြိုင်ဖြေသံကြီးကထွက်လာသည်။ရှင်းကတော့အပြုံးလေးနဲ့ရပ်နေသည်။သခင့်မျက်နှာကတည်တည်တင်းတင်း။ကောင်လေးချောချောလေးရသွားလို့ထင်ပါရဲ့ အရင်လိုအခွက်ကြီးဖြီးမနေတော့ပေ။ငယ်လေး ကိုကြီးကိုကြည့်လိုက်မိစဉ်မျက်မှောင်ကြီးကျုံ့လျက်ငယ်လေးတို့ကိုကြည့်နေသောကြောင့်အလိုက်သတိအထွန်းနဲ့ပူးကပ်နေသောကိုယ်ကိုဘေးသို့ဖြတ်ခနဲရွှေ့သည်။ပြီးမှသခင့်ကိုမျက်နှာချိုသွေးကာဟီးခနဲလေးရယ်ပြသည်။ငယ်လေးရဲ့ချစ်စဖွယ်အမူအယာလေးကြောင့်မတ်မတ်ရပ်ရပ်နေသောသခင့်ကိုယ်အနည်းငယ်လှုပ်ရှားသွားရသည်။ဒီကလေးလေးသူ့ကိုအမြဲနမ်းချင်အောင်လုပ်တတ်တာပဲ။စီနီယာသုံးယောက်သြဝါဒတွေချွေပြီးထွက်သွားကြသည်။ကောင်းမြတ်ကအထွန်းကိုfly kissကြီးပေးသွားသေးသည်။အထွန်းကတော့ချစ်မျက်စောင်းလေးရွယ်လျက်။တကယ်ပဲသူ့ချစ်သူကြီးပိုကိုပိုလွန်းပါတယ်။
''ကဲ ကဲ အားလုံး ငါတို့ဒီနေ့စာရင်းအပြီးကောက်ပြီးသွားပို့ကြမယ်နော် ''။အတန်းခေါင်းဆောင်မပုပုလေးကအတန်းရှေ့ထွက်လာပြီးအော်သည်။
''ပထမဆုံး gay showအတွက်စာရင်းကောက်မယ် အားလုံးပဲနော် မပါမဖြစ် ''။ပြောပြီးအတန်းထဲဝေ့ဝဲကြည့်သည်။
''ပိုင်ပိုင် ''
''သိတယ် သိတယ် တို့ကို့ပထမဆုံးရွေးမယ်ဆိုတာ ''။အရပ်ကြီးကလန်ကလားနဲ့နှုတ်ခမ်းနီရဲရဲကြီးဆိုးထားသောပိုင်ပိုင်ကထရပ်ရင်းဆတ်ကော့လတ်ကော့ပြန်ပြောလိုက်သဖြင့်တစ်တန်းလုံးဝါးခနဲ။
''ပြီးတော့ နွေဦးငယ် ''။ငယ်လေးမျက်လုံးလေးပြူးသွားသည်။
''ဟို ကျနော်မပါလို့ရမလား ကျနော်showမလျှောက်တတ်ဘူး ''
''မလျှောက်တတ်ရင်လျှောက်တတ်အောင်သင်ပေးမယ် အဓိက နင်လေးပါဖို့ပဲ ''
''ဒါပေမဲ့... ''
''ထိုင်လို့ရပြီနော် ''။ငယ်လေးထပ်ငြင်းဖို့ကြံရွယ်တော့ဂျပုမလက်ကာပြကာထိုင်ခိုင်းသည်။ငယ်လေးအထွန်းကိုအားကိုတကြီးလှည့်ကြည့်လိုက်ပေမဲ့အထွန်းကမသိချင်ယောင်ဆောင်နေသည်။နောက်ဆုံးငယ်လေးသဘောတူစွာထိုင်လိုက်ရလေသည်။
''အထွန်း ''။ဂျပုမကအထွန်းနာမည်ကိုချိုချိုသာသာလေးအော်ခေါ်သည်။အထွန်းကထိုင်ရာကမထသဘောတူကြောင်းလက်ထောင်ပြသည်။နောက်ဆုံးအတန်းတွင်းအစည်းအဝေးကြီးပြီးဆုံးသွားလေသည်။

Love is youWhere stories live. Discover now