အခန်6း

5.2K 548 4
                                    

[Zawgyi]
''သခင် အဆင်ပြေလား ''။
သခင့်ရင်ခွင်ထဲကငယ်လေးကိုကြည့်ရင်း ရှင်း မေးလိုက်သည်။
''မပြေဘူး  ပြန်မှဖြစ်မယ် ''
''အင်း ပြန်ကြမယ် ကောင်းမြတ်''။ရှင်းကသခင့်ကိုပြောနေရာမှကောင်းမြတ်ကိုလှည့်အော်သည်။
''ဘာလဲ ပြန်တော့မလို့လား ဘာမှမကဲရသေးဘူးလေးကွာ ''
''ငါ မင်းရဲ့ဘေဘီလေးကိုဖုန်းဆက်လိုက်ရမလား ''
''အိုကေ သားရီး ပြန်မယ် ''။ကောင်းမြတ်ပြောပြီးရှေ့ဆုံးကထွက်သွားသည်မို့ ရှင်းရယ်ချင်ပက်ကျိဖြစ်သွားသည်။ကောင်းမြတ်သူ့ဘေဘီလေးကိုတော့အသေကြောက်ပါသည်။သူမပါပဲ ကောင်းမြတ်ကလပ်တက်တာသိကြည့်ပါ့လား။မိုးမီးလောင်သွားမည်။
ငယ်လေးမူးနေတာကြောင့်သခင်တို့အိမ်ပြန်လို့မဖြစ်တော့။ကောင်းမြတ်တိုက်ခန်းကိုလိုက်ရသည်။ကောင်းမြတ်ကသူ့ဘေဘီလေးနဲ့လွတ်လွတ်လပ်လပ်ကဲနိုင်ရန်တစ်ယောက်တည်းတိုက်ခန်းငှားနေသည်။တစ်ပတ်တစ်ခါအိမ်ပြန်သည်။သခင် ငယ်လေးကိုယ်လေးပွေ့ချီလာရကာကောင်းမြတ်ညွှန်ပြသောခုတင်ပေါ်အသာချလိုက်သည်။
''သခင် မင်းလည်းဒီမှာအိပ်လိုက် ငါအပြင်ကဆိုဖာပေါ်ရှိမယ် ''
''အေး ကျေးဇူးပဲ ''
''အံမယ် မလိုပါဘူးကွာ မသိရင်မင်းမိန်းမခိုးလာလို့ငါကူညီပေးတဲ့အတွက်ကျေးဇူးတင်နေသလိုပဲနော် ''
''ခွေးကောင် မဟုတ်တာတွေဆိုမင်းပါးစပ်ကထွက်တတ်တယ် ''
''ဟေး ဒီကောင်လေးမိန်းမရှုံးအောင်လှတာနော် မင်းမကြွေဘူးလားပြော ''
''ရှုးပေါက်ချင်တယ် ''
''အမ်''။ကောင်းမြတ် သခင့်ကိုလိုက်စနေစဉ်ထွက်ပေါ်လာသောအသံလေးကြောင့်နှစ်ယောက်စလုံးအကြည့်တွေခုတင်ပေါ်ကျရောက်သွားသည်။ငယ်လေးကခုတင်ပေါ်မှာလူးလဲထလာရင်းထိုင်သည်။
''ကိုကြီး ရှုးပေါက်ချင်တယ် ''။မှုန်တေတေမျက်လုံးလေးတွေနဲ့ဘေးနားရပ်နေသောသခင့်ကိုမော့ကြည့်လာရင်းပြောသည်။
''အင်း ထ တွိုင်းလစ်ဝင်မယ်နော် ''။သခင်အသာပြောလိုက်ပေမဲ့....
''ဟင့်အင်း ဒီမှာပေါက်မယ် ''။အမူးသမားလေးစတင်ရစ်ပါပြီ။
''ဟေ့ ဒီမှာပေါက်လို့ဘယ်ရမလဲကွ ''။ကောင်းမြတ်ကအသံဆိုးကြီးနဲ့တမင်ထအော်သည်။
''အဟီး လူဆိုးကြီး ကျနော့်ကိုအော်တယ် ''။ငယ်လေးဟီခနဲငိုချကာသခင့်ခါးကိုအတင်းဖက်တွယ်လာသည်။
''ငယ်လေးကလိမ်မာတယ်နော် မငိုနဲ့ ထ ကိုကြီးနဲ့တွိုင်းလစ်သွားမယ် ''။သခင် အချော့ကြိုက်ကလေးလေးအားချော့ပြောရင်းရေချိုးခန်းထဲပွေ့သွားရသည်။ငယ်လေးဘောင်းဘီဇစ်ကိုဆွဲပေးကာဘောင်းဘီလေးကိုအသာလျှောချပေးလိုက်ရင်းဘိုအိမ်သာခွက်ပေါ်ထိုင်စေသည်။
''အာ ကျနော်က ဘောင်းဘီထဲမှာရှူးရှူးပေါက်ရမှာလား''။ငယ်လေးကသူ့အတွင်းခံကားတွန်းဘောင်းဘီလေးကိုငုံ့ကြည့်လိုက်ပြီးအလိုမကျစွာမျက်ခုံးလေးကျုံ့လျက်သခင့်ကိုမော့ပြောသေးသည်။သခင် ရယ်ချင်သွားရသည်။ဒီကောင်လေး မူးရင်တော်တော်ရစ်တတ်တာပဲ။
''ခဏလေးမတ်တပ်ရပ် ''။သခင် ဂျိုင်းအောက်လက်လျိုကာမတ်တပ်ရပ်ခိုင်းလိုက်တော့ငယ်လေးလက်နှစ်ကသူ့လည်ပင်းကိုသိုင်းဖက်လာသည်။သခင် အတွင်းခံလေးကိုဆွဲချပေးလိုက်တော့ ဖင်လုံးဖွေးဖွေးလေးကထင်းခနဲ။သခင် မျက်နှာနီလာရသည်။
''ရပြီ ''။သခင်ပြောပြီးမျက်နှာလွှဲသည်။ငယ်လေးကသူ့ကိစ္စသူပြီးအောင်ရှင်းပြီးထရပ်သည်။အတွင်းခံဘောင်းဘီလေးကိုတော့သူ့ဘာသာသူဆွဲတင်သေးသည်။အပေါ်ကဂျင်းဘောင်းဘီကတော့တဝက်ဆွဲချထားတဲ့အတိုင်းယိုင်တိုင်ယိုင်တိုင်ထွက်သွားသဖြင့်...
''ဟေ့ ဟေ့ နေအုံးလေ''။သခင်အပြေးလိုက်ရပြန်ကာဘောင်းဘီဆွဲတင်ပေးဇစ်ဆွဲပေးလုပ်ရသေးသည်။
''ဟေး မင်းမိန်းမလေးကို အီးအီးကုန်းပေးခဲ့ပြီးပြီပေါ့ ''။အခန်းထဲတွင်အဆင်သင့်စောင့်နေသောကောင်းမြတ်ကစပ်ဖြီးဖြီးမျက်နှာကြီးနဲ့လှမ်းစသည်။
''မင်း ပေါက်ကရတွေပြောနေမဲ့အစားငါ့မာမီဖုန်းဆက်ပေးရင်ကောင်းမယ် ''။သခင် ငယ်လေးကိုယ်လေးကိုခုတင်ပေါ်သေချာတင်ပေးရင်းပြောတော့ကောင်းမြတ်မျက်နှာကြီးရှုံ့မဲ့သွားသည်။
'' ဟားးမင်းမာမီကိုဖုန်းဆက်မဲ့အစားငါကျားမြီးပြေးဆွဲချင်တယ် ''။ကောင်းမြတ်မျက်နှာကြီးရှုံ့မဲ့ပြောနေပေမဲ့ဖုန်းဆွဲယူကာဆက်ဖို့ပြင်သည်။
''ဟဲလို အန်တီဖူးလား သားကောင်းမြတ်ပါ ''
''........ ''
''ဟိုဟာ  အဲ သားတို့ငယ်လေးနဲ့ခင်မင်တဲ့အထိမ်းအမှတ်ပွဲလေးလုပ်မလို့လေအန်တီ အဲ့ဒါသခင်တို့နောက်ကျမှာစိုးလို့သားတိုက်ခန်းမှာသိပ်လိုက်တော့မယ်နော် ''
''.......... ''
''စိတ်ချ စိတ်ချ အန်တီဖူး ''
''ဟုတ်ကဲ့ အဲဒါဆို ဒါပဲနော် ''

Love is youWhere stories live. Discover now