Extra & Book Order

17.2K 1.7K 66
                                    

Zawgyi

ကောင်းကင်မှာ ထိန်သာနေတဲ့ လ က ဝိုင်းစက်နေရောပဲ။ ကိုကိုတစ်ယောက်ကလွဲပြီး ဘာတွေဖြစ်ပျက်ခဲ့မှန်း သတိမရတော့ဘူးဆိုတဲ့ ရိပေါ်ရဲ့ စကားကို ရှောင်းကျန့် မျက်စိမှိတ်လို့ အကြွင်းမဲ့ ယုံပစ်လိုက်ပါတယ်။ဒါဟာ အဖာတစ်ရာနဲ့ စုတ်ချာနေအောင် မကောင်းမွန်ခဲ့တဲ့ အတိတ်အထိုထိုအတွက် အကောင်းဆုံးသော ချုပ်လုပ်မှု ဖြစ်လိမ့်မယ်။

"စိုးရွံ့မိပါတယ်"

"ယောက်ျားစွမ်းအင် ချို့ယွင်းသွားတာကြောင့် မကျေမချမ်း ဖြစ်မိလို့ ဆိုတဲ့အကြောင်းပြချက်က အရမ်းကလေးဆန်လွန်းတယ်လို့ မထင်မိဘူးလား အစ်ကိုစန်းပေါ်ရဲ့! ဘယ်လိုပဲ စဉ်းစားစဉ်းစား အဲ့ဒီ တစ်ခုတည်းအတွက်ရယ်နဲ့တော့ မဟုတ်ဖူးထင်တယ်။ ကျွန်တော့်အနား အမြဲရှိနေပေးတဲ့ အစ်ကိုက အခြေအနေတွေ အကုန်လုံးကို အသိဆုံးပဲလေ။ အခုအချိန်မှာ ကျွန်တော်ရဲ့ နှလုံးအခြေအနေက အတော်လေး သိသိသာသာကို ဆိုးရွားလာပြီ။ မယ်တော်ကြီးရဲ့ အစွယ်အပွားတွေကိုလည်း အမြစ်ကအစတူးလို့ သုတ်သင်ပြီးပြီ။ နျဲ့ဖက်ကိုရောပဲ။ အကုန်လုံးက ငြိမ်းချမ်းလို့ နေသားတကျဖြစ်သွားပြီဆိုကာမှ..."

ရှောင်းကျန့် ပြောလက်စ စကားကို ရပ်ပြီး သေရည်ကို ဆက်လို့ သောက်လိုက်တယ်။

"ကောင်းလိုက်တဲ့ သေရည်နော်! အစ်ကိုစန်းပေါ်"

ဓားတစ်လက်ကို ကျောမှာလွယ်ပြီး တံခါးဝမှာ မှီပြီးရပ်နေတဲ့ ချန်စန်းပေါ်က တိတ်ဆိတ်လို့ နေတယ်။ သေရည်က ရှောင်းကျန့်အတွက် မွေးနေ့လက်ဆောင်အဖြစ်နဲ့ စန်းပေါ်ကိုယ်တိုင် ကျိုချက်လာခဲ့တာ။

"နျဲ့ကို စိစိညက်ညက်ကျေအောင် အလွယ်တကူ ရှင်းထုတ်နိုင်ခဲ့တာ အံသြစရာပဲလို့ ကျွန်တော်တွေးခဲ့မိဖူးတယ်။ အစ်ကိုစန်းပေါ် တင်ပြတဲ့ စစ်ဗျူဟာတွေက ကျွန်တော်နဲ့ အတော်ရင်းနှီးနေသလို ခံစားခဲ့ရဖူးတယ်။ အခုတော့လည်း အဖြေက ရှင်းလင်းသွားတာပဲ"

"ကျွန်တော်မျိုး တောင်းပန်ပါတယ်"

ရှောင်းကျန့် ထိုင်ရာကနေ မတ်တပ်ထလို့ စန်းပေါ်အနားကို ကပ်သွားလိုက်တယ်။ ရိပေါ့် အကြောင်း ဖုံးကွယ်ထားမိတဲ့ ကိစ္စအတွက် အပြစ်တစ်စုံတစ်ရာကို မျှော်လင့်နေပုံရတဲ့ အစ်ကိုစန်းပေါ်ကတော့ ခေါင်းကြီးကို ငုံ့လို့။ အစ်ကိုစန်းပေါ်ရှေ့တည့်တည့်မှာပဲ ရှောင်းကျန့် ဒူးထောက်လိုက်ပါတယ်။

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) CompletedWhere stories live. Discover now