(26)

16K 2.3K 173
                                    

Unicode
လရောင်က ထိန်လင်းပြီး ဖြာကျနေတယ်။

ပါးလွှလွှ ဝတ်ရုံနဲ့ ဧကရာဇ်ငယ်ဟာ အတွင်းဆောင်တော်ရဲ့ နောက်ဖက်အခြမ်းဆီက တစ်ကိုယ်တည်း ခိုးထွက်ခဲ့တယ်။

ဦးတည်ခဲ့ရာ လမ်းကြောင်းက ရေခဲနန်းဆောင်ဆီ။

မှိန်ပြပြမီးလေး မငြိမ်းသေးတဲ့ အဆောင်အိုဖက်ကိုလှမ်းမျှော်ကြည့်ရင်း သက်ပြင်းမောကို ရှိူက်ချရတယ်။

ဒီ ကိုကိုက ဘာကြောင့်များ အိပ်ရာမဝင်သေးတာလဲ။

လေနုကြမ်းကြမ်းတွေ တိုက်ခတ်တော့လည်း အစိုးရိမ်လွန်ရတယ်။ ဟိုတစ်နေ့က ပို့ခဲ့တဲ့ အနွေးထည်တွေကို ကိုကိုတစ်ယောက် ဝတ်မှ ဝတ်ထားပါ့မလားပဲ။

" ဟို ယဇ်ပူဇော်ပွဲအကြောင်း ကျွန်တော့်ကို လာပြောပြတဲ့ ရွာက အဖိုးကြီးကလေ။  မယ်တော်ကြီးရဲ့ ညအိပ်ရာဝင် အပျော်တွေဆက်သရတဲ့ လူတစ်ယောက်ပဲ။  မယ်တော်ကြီးနဲ့ တိတ်တဆိတ် ချစ်ရည်လူးပြီး ပြန်ခိုးထွက်လာတဲ့ အဲ့ဒီလူကို နန်းတွင်းမှာပဲ ကျွန်တော် ပြန်တွေ့တယ်။  အဲ့ဒီလူ့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းစီကို ကျွန်တော် တစ်နေ့ချင်းစီ လှီးဖြတ်ပြီး နှိပ်စက်လို့ သူတို့ရဲ့ အကြံအစည်တွေကို မေးမြန်းနေခဲ့တယ်။ ဒီနေ့တော့ လှီးဖြတ်စရာ အစိတ်အပိုင်းလည်း ကုန်လို့ အဲ့ဒီလူလည်း သေပြီ"

တစ်ဖက်က မကြားနိုင်မှန်း သိပေမယ့် တိုင်နေသလိုမျိုး တတွတ်တွတ် ပြောနေတဲ့ ဧကရာဇ်ငယ်က ကလေးတစ်ယောက်နဲ့တောင် တူနေသေးရဲ့။ မိခင်အရင်းတစ်ယောက်လိုမျိုး အားကိုးပြီး ချစ်ခဲ့မိတဲ့ မယ်တော်ကြီးက နောက်ကျောကို ထိုးဖို့ ချိန်ရွယ်နေတဲ့ ဓားတွေထဲက အကြီးဆုံး တစ်ချောင်း ဖြစ်နေခဲ့တယ်။

ပထမဆုံး လုပ်အားခ အသပြာရှာနိုင်ခဲ့တဲ့ ကလေးငယ်တစ်ယောက်လိုမျိုး လိုက်လိုက်လျောလျော ထိုးအပ်ခဲ့တဲ့ အချုပ်အခြာ အာဏာတွေက အချိန်မစီးတဲ့ အနောက်ဆောင်တော်ရဲ့ မိန်းမအိုကြီးဆီမှာ သက်ရောက်သွားခဲ့ပြီ။

အခုတော့ဖြင့် ဧကရာဇ်က အာဏာလက်မဲ့။ ကြိုးဆွဲရာ ကနေရတဲ့ ရုပ်သေးရုပ် သာသာပဲ။

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) CompletedWhere stories live. Discover now