(20)

16.4K 2.4K 130
                                    

Unicode

ခြံဝန်းက သံကြိုး အထပ်ထပ်နဲ့ ကာရံထားတယ်။ လူသူ မရှိပေမယ့် ၊ မည်သူ တစ်ဦးတစ်ယောက်မှ ချိုးဖောက်ဝင်လို့ မရအောင်တော့ အရံအတားတွေ ပြုလုပ်ထားဟန် ရှိတယ် ။

အနောက်ဆောင်တော်တွေဖက်ဆီ ဧကရာဇ်မင်းမြတ်နဲ့ အမိန့်ရသူတွေကလွဲ တခြား ယောက်ျားသား ဝင်ခွင့် မရှိဘူးဆိုပေမယ့် အထိန်းတော်တွေ ၊ မိန်းမစိုး ကုန်းကုန်းတွေ ဝင်ခွင့် ရှိတယ်တဲ့။

ဥာဏ်ကြီးရှင် ရှောင်းရှောင်ကျန့်က အဲ့ဒီတော့ ဧကရာဇ် မရှိခင် အထိန်းတော်ကြီးကို နှစ်ပတ် သုံးပတ်လှည့်လို့ အသစ်ဆောက်ပေးထားတဲ့ ဥယျာဉ်တော်အတွင်းမှာ ထားပစ်ခဲ့တယ် ။ ယုန်တွေ အမြောက်အမြားနဲ့ အလုပ်ရှုပ်ကျန်ရစ်ခဲ့တဲ့ ဝဖိုင့်ဖိုင့် အထိန်းတော်ကြီးရဲ့ မိန်းမစိုး ဝတ်ရုံကိုလည်း ခိုးယူလာခဲ့သေးတယ်။

အခုတော့ဖြင့် ရှောင်းရှောင်ကျန့်က ကုန်းကုန်း တစ်ယောက်လို အပြင်အဆင်နဲ့ ရေခဲနန်းဆောင်လို့ အမည်တပ်ထားတဲ့ အဆောင်အိုရဲ့ ရှေ့မှာ ရောက်နေပြီ။

အရာရာကို သိပ်မစပ်စုတတ်ဘဲ တည်ငြိမ်လွန်းတဲ့ ရှောင်းရှောင်ကျန့်က ဒီအဆောင်လေးကိုတော့ တစ်ခါလောက် ၊ တကယ် တစ်ခါလောက်ပဲ ခိုးဝင်ကြည့်မှာလေ ။ ဘာပစ္စည်းမှ မထိမကိုင်ဘဲ အထဲကို ရောက်ဖူးတယ် ရှိအောင်ပဲလေ ဟုတ်တယ်မလား!

ကိုယ့်ဖာသာကိုယ် တစ်ယောက်တည်း ရေရွတ်သလို တတွတ်တွတ်ပြောရင်း လူရိပ်လူခြည် ကြည့်ရင်း လှစ်ခနဲ့ ရေခဲနန်းဆောင် ခြံဝန်းထဲကို တိုးပြီး ခိုးဝင်လိုက်တယ် ။ ပြီးတော့ အသင့်ဖမ်းလာတဲ့ ယုန်ကို အဲ့ဒီအဆောင်ဝန်းထဲ လွှတ်ပေးလိုက်တယ် ။

"အိုက်ယား! ယုန်လေး မင်းက ဘာလို့ ဒီထဲ ဝင်ပြေးတာလဲ ။ ငါက ဒီအဆောင်ထဲ ဝင်ပြီး မင်းကို လိုက်ဖမ်းရတော့မယ် ! အိုက်ယား ! အိုက်ယား ! ဝင်ချင်လို့ ဝင်တာ မဟုတ်ဖူးနော် ! ဧကရာဇ်ရဲ့ ယုန်ကလေး ဒီအထဲ ဝင်သွားလို့ လိုက်ဖမ်းမလို့ "

ဒီစကားတွေကိုတော့ အော်ကျယ် အော်ကျယ်ပြောရင်း ကုန်းကုန်း အယောင်ဆောင်ထားတဲ့ ရှောင်းရှောင်ကျန့်က ရေခဲနန်းဆောင်ရဲ့ ဝန်းထဲ ခြေချတယ် ။ လေအတိုက်မှာ ခေါင်မိုးစွန်းမှာ ချိတ်ဆွဲထားတဲ့ ခေါင်းလောင်းငယ်ရဲ့  ဒေါင်ဒေါင်ဒင်ဒင်မြည်သံက ခြောက်ခြားစရာ သိပ်ကို ကောင်းတယ်။

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) CompletedWhere stories live. Discover now