(22)

17.4K 2.5K 145
                                    

Unicode

နာကျည်းချက်တွေ....။

ချစ်ခြင်းတရားက အရာအားလုံးထက် သာလွန်သွားတဲ့အခါ၊ အစွမ်းကုန် သူရူးတစ်ယောက်လို ချစ်ပေးမိတဲ့အခါ ဘာပြန်ရလေ့ ရှိပါသလဲ။

ရှောင်းကျန့်အတွက် ရလိုက်တာက ဆုံးရှုံးခြင်းပဲ။

ဘာဆိုဘာမှ မကျန်ရလေအောင် ဆုံးရှူံးရခြင်းပဲ။
နာကျည်းခြင်းကို လက်ဆုပ်လက်ကိုင် ပြုလို့ ငရဲတွင်းထဲ တစ်ဖန် ပြန်ခုန်ချမယ်။

ဒီတစ်ခေါက်ကတော့ဖြင့် ချစ်ခြင်းတရားမှာ မရှူံးနိမ့်ရအောင် အားထုတ်ရမှာပဲ။

အခုလည်း မျက်စိရှေ့မှာ ပြာယာခတ်အောင် စိတ်ပူပန်ပြနေတဲ့ ဧကရာဇ်အရှင်ရဲ့ ရှေ့တော်မှောက်မှာ ဘာမှမသိနားမလည်တဲ့ ဈေးသည်တောသား တစ်ယောက်လို ပုံစံမျိုးအဖြစ် ဟန်ဆောင် ပြုမူမယ်။

အရှင်က ကျွန်တော်မျိုးရဲ့ စိတ်ရင်းဆန္ဒတွေကို တစ်ကြိမ်ထက်မက လျစ်လျူရှုတော် မူနိုင်ခဲ့သေးသည်ပဲ။ နန်းတွင်းက အများသူငှာလို ဟန်ဆောင်ခြင်းတွေကိုသာ အရှင်က ကြိုက်နှစ်သက်တော်မူဟန် တူရဲ့! အရှင် နှစ်သက်သလိုမျိုး ကြင်ယာတော် ကျွန်တော်မျိူးက ဖြစ်ရစေမယ်!

"ကျန့်ကျန့်က ဘာမှမဖြစ်ပါဘူး၊ ဧကရာဇ်က ကျန့်ကျန့်ကို အချိန်အကြာကြီး ပစ်ထားခဲ့တော့ လွမ်းလို့ "

ရှောင်ပါးရဲ့ နှလုံးသွေးနဲ့ ဒုတိယအကြိမ် အသက်ပြန်ရှင်သန်ရလေတော့ အပိုဆုလာဘ်အနေနဲ့ ချွဲမူပိုခြင်း အတတ်ပညာကို ညန်အလှဂေဟာကနေ တစ်ဆင့် တတ်ကျွမ်းတယ်။

အရှင် သိပ်ကို နှစ်ခြိုက်ရဲ့ မဟုတ်လား!

အရှင့် လည်တိုင်ကို လက်နဲ့ ယှက်သွယ်လို့ ရှောင်းကျန့်က အနမ်းကို ဆင့်လို့ ခြွေချတယ်။ ဒီတစ်ခေါက်ကဖြင့် ပါးပြင်ကို မဟုတ်ဘဲ၊ နှုတ်ခမ်းသားနုနုထက်ဆီကို ။

မမျှော်လင့်ထားတဲ့ အပြုအမူကြောင့် ဧကရာဇ်အရှင်က တအံ့တသြနဲ့ မျက်ဝန်းအိမ်တော်က ဝိုင်းစက်လို့ ပြူးကျယ်တယ်။ ပြီးတော့ နှစ်ခြိုက်စွာ ပြုံးတယ်။

ကျွန်တော်မျိုးရဲ့ ရိပေါ်လိုမျိုးလေး!

သိုမှီးထားတဲ့ မှတ်ဥာဏ်တွေမှာ ချစ်ရတဲ့ ရိပေါ် ပုံရိပ်တွေ ပေါ်လာတော့ မျက်ရည်က ဝဲချင်လာတယ်။ သို့ပေမယ့် ဝမ်ဧကရာဇ်အရှင်က လူငယ်လေး ရိပေါ်မှ မဟုတ်လေတော့တာ။ ရှောင်းကျန့်ရဲ့ ဝမ်ရိပေါ်မှ မဟုတ်ခဲ့လေတာ။

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) CompletedWhere stories live. Discover now