(27)

14.3K 2K 44
                                    

Unicode
ကွေ့ဖေး တင်မြှောက်ခြင်း မင်္ဂလာ အခမ်းအနား။

အနီရောင် ဝတ်ရုံလှလှမှာ ရွှေရောင် အပွင့်ကြီးကြီးတွေ ခတ်နှိပ်ထားတဲ့ ဝတ်ရုံနဲ့ ချုံရင်းဟွာက အလှကြီး လှပနေခဲ့တယ်။ အခမ်းအနား အစီအစဉ် တစ်ခုပြီး တစ်ခု အထမြောက်သွားတာနဲ့ သက်ပြင်းကို မသိမသာချရတယ်။

တော်သေးတယ် ! မယ်တော်ကြီးက သူ့ရဲ့ သွေးစွန်းညစ်ပတ်စေမယ့် အကြံအစည်ကို မစတင်သေးဘူးဆိုပြီးတော့ပေါ့။ တကယ်ပဲ ဘယ်သတို့သမီးကရော သွေးစွန်း မင်္ဂလာပွဲကို ဆင်နွှဲချင်ပါ့မလဲလေ။

အဲ့တာကြောင့်လည်း ဝမ်ဧကရာဇ်ကို မယ်တော်ကြီးရဲ့ အပယ်ခံအဆောင်က ကြင်ယာတော်ကို လုပ်ကြံမယ့် အစီအစဉ်ကို ဖွင့်ပြောဖြစ်ခဲ့တယ်။ ဝမ်ဧကရာဇ်က မေးကြောကြီးတွေ ထောင်ထအောင် အံကြိတ်ရင်း မယ်တော်ကြီး ဖြစ်စေချင်သလို ဖြစ်ခွင့်မပေးနိုင်ဘူးဆိုတဲ့ စကားကို မိန့်ဆိုခဲ့တယ်။

ပြောမယ့်သာ ပြောရပေမယ့် ဟန်ကွေ့ရဲ့ ဝမ်ဧကရာဇ်မှာ ယုံကြည်လို့ရမယ့်လူက အင်မတန် ရှားပါးတယ်။ သုံးပြည်ထောင် သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ဧကရာဇ်ဖြစ်ပေမယ့် နန်းတွင်းမှာတော့ အာဏာမဲ့နေတာတော့ အသိသာပဲ ။ အနီးကပ် မိန်းမစိုး မင်ကုန်းကုန်းက စတင်လို့ အကြမ်းရည်အဆောင်တော်က သာမာန် အစေခံအထိ အတော်များများက ဧကရီမယ်မယ်ရဲ့ တပည့်လက်သားတွေချည်းပဲ။

ချုံရင်းဟွာ တွေးတောရင်း  ကျောက်စိမ်းမျက်နှာတော်ကို အမှတ်မထင် ကြည့်မိတယ်။ မျက်ခုံးအစုံက တွန့်ချိုးလို့နေတယ်။ အကြည့်တွေက တစ်နေရာတည်းမှာ ရှိတယ်။ အဲ့နေရာကို လိုက်ကြည့်မိတော့ သေရည်ခွက်ကို ကိုင်လို့ စင်မြင့်ပေါ်တက်လာတာက အပယ်ခံအဆောင်က ကြင်ယာတော်။

ဘေးတစ်ဖက်တစ်ချက်စီမှာက များပြားလှတဲ့ နန်းတွင်းသူတွေ။ ဘယ်တစ်ယောက်က နန်းတွင်းသူ အစစ်ဖြစ်ပြီး ဘယ်တစ်ယောက်က လူသတ်သမား ဖြစ်နေမလဲ ခန့်မှန်းမရနိုင်ဘူး။

ဧကရာဇ်က တစ်လှမ်းချင်းစီ တက်လာနေတဲ့ ကြင်ယာတော်ကို တစ်လှည့်၊ နန်းတွင်းသူတွေကို တစ်လှည့် ကြည့်တယ်။

 ငါ့ယောက်ျားက ငါ့ကို ထားသွားတယ် (ငါ့ယောက်ျားက ငါ့ကို ထားသွားတယ်) CompletedWhere stories live. Discover now